Property Expo
×

၁ - ပတ္ဝန္းက်င္ကို သတိထားမိလာပါမယ္။ ေဖ့စ္ဘြတ္စ္ကမာၻထက္ လက္ေတြ႕ကမာၻကို ပိုသတိထားမိလာျပီး ပိုလည္း လက္ေတြ႕က်လာပါမယ္။

၂ - အလုပ္ ပိုတြင္လာပါမယ္။ ေဖ့စ္ဘြတ္စ္မွာ အခ်န္တိုေလးေတြကို ေပါင္းလိုက္ရင္ တစ္ေန႔ကို တစ္နာရီ၊ ႏွစ္နာရီေလာက္ရွိပါမယ္။ ေဖ့စ္ဘြတ္သံုးျပီး ေလးလံထိုင္းမိုင္းေနတာမ်ိဳးလည္း ေပ်ာက္သြားမွာ ျဖစ္တာေၾကာင့္ အလုပ္ပိုတြင္လာပါမယ္။

၃ - အျခားအေရးၾကီးတာေတြကို အာရုံစိုက္လာႏုိင္ပါမယ္။ လက္ေတြ႕ဘဝမွာ သင္တကယ္လိုအပ္တာေတြ လုပ္လာႏုိင္ပါမယ္။

၄ - တကယ္အားကိုးရတဲ့ သူငယ္ခ်င္းအစစ္ကို သိလာပါမယ္။ ေဖ့စ္ဘြတ္စ္ေပၚက လိုက္ခ္၊ေကာ္မန္႔ ဆက္ဆံေရးထက္ ပိုခိုင္မာအားကိုးရတဲ့ ဆက္ဆံေရးကို သိလာပါမယ္။

၅ - သင့္ကိုယ္သင္ ပိုေက်နပ္လာပါမယ္။ လူေတြက ေဖ့စ္ဘြတ္မွာ တစ္ဖက္လူေတြ သူတို႔ကို ထင္ေစခ်င္တဲ့ပံုစံမ်ိဳး ပံုေဖာ္ၾကပါတယ္။ ဒါကို အစစ္မွတ္ျပီး ႏိႈင္းယွဥ္စိတ္ဆင္းရဲေနတာမ်ိဳး မရွိေတာ့ပါဘူး။

၆ - ကိုယ္ပိုင္ဆုိင္တာကို ေက်နပ္လာပါမယ္။ ကိုယ္ပိုင္ဆုိင္ထားတဲ့ သူငယ္ခ်င္း၊ ကိုယ္ပိုင္ဆိုင္ထားတဲ့ ခ်စ္သူ၊ ကိုယ္ပိုင္ဆုိင္ထားတဲ့ အေျခအေန စတာေတြကို ပိုေက်နပ္လာပါမယ္။

၇ - ပိုေအာင္ျမင္လာတယ္လို႔ ခံစားရပါမယ္။ အလုပ္ေတြ ပိုတြင္လာတယ္၊ လက္ရွိအေျခအေနေတြ၊ လက္ရွိ အေပါင္းအသင္းေတြကို ပိုေက်နပ္လာတယ္ဆုိရင္ ေအာင္ျမင္တယ္လို႔ သင္ခံစားလာရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

၁ - ပတ်ဝန်းကျင်ကို သတိထားမိလာပါမယ်။ ဖေ့စ်ဘွတ်စ်ကမ္ဘာထက် လက်တွေ့ကမ္ဘာကို ပိုသတိထားမိလာပြီး ပိုလည်း လက်တွေ့ကျလာပါမယ်။

၂ - အလုပ် ပိုတွင်လာပါမယ်။ ဖေ့စ်ဘွတ်စ်မှာ အချန်တိုလေးတွေကို ပေါင်းလိုက်ရင် တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီလောက်ရှိပါမယ်။ ဖေ့စ်ဘွတ်သုံးပြီး လေးလံထိုင်းမိုင်းနေတာမျိုးလည်း ပျောက်သွားမှာ ဖြစ်တာကြောင့် အလုပ်ပိုတွင်လာပါမယ်။

၃ - အခြားအရေးကြီးတာတွေကို အာရုံစိုက်လာနိုင်ပါမယ်။ လက်တွေ့ဘဝမှာ သင်တကယ်လိုအပ်တာတွေ လုပ်လာနိုင်ပါမယ်။

၄ - တကယ်အားကိုးရတဲ့ သူငယ်ချင်းအစစ်ကို သိလာပါမယ်။ ဖေ့စ်ဘွတ်စ်ပေါ်က လိုက်ခ်၊ကော်မန့် ဆက်ဆံရေးထက် ပိုခိုင်မာအားကိုးရတဲ့ ဆက်ဆံရေးကို သိလာပါမယ်။

၅ - သင့်ကိုယ်သင် ပိုကျေနပ်လာပါမယ်။ လူတွေက ဖေ့စ်ဘွတ်မှာ တစ်ဖက်လူတွေ သူတို့ကို ထင်စေချင်တဲ့ပုံစံမျိုး ပုံဖော်ကြပါတယ်။ ဒါကို အစစ်မှတ်ပြီး နှိုင်းယှဉ်စိတ်ဆင်းရဲနေတာမျိုး မရှိတော့ပါဘူး။

၆ - ကိုယ်ပိုင်ဆိုင်တာကို ကျေနပ်လာပါမယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်း၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ ချစ်သူ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ အခြေအနေ စတာတွေကို ပိုကျေနပ်လာပါမယ်။

၇ - ပိုအောင်မြင်လာတယ်လို့ ခံစားရပါမယ်။ အလုပ်တွေ ပိုတွင်လာတယ်၊ လက်ရှိအခြေအနေတွေ၊ လက်ရှိ အပေါင်းအသင်းတွေကို ပိုကျေနပ်လာတယ်ဆိုရင် အောင်မြင်တယ်လို့ သင်ခံစားလာရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top