Property Expo
×

စက္တင္ဘာလ (၁၅)ရက္ေန ့ညေန ၃ နာရီခြဲဝန္းက်င္က မႏၱေလး 78 x 37 လမ္းေထာင့္ စႏၲာေမ ဖက္ထုပ္ေပါင္းဆိုင္ေရွ ့မွာ ျဖစ္သြားတာပါ။ မီးနီကိုကၽြံလာတဲ႔ ဆိုင္ကယ္ကို လမ္းျပရဲ ( ကိုယ္ပိုင္အမွတ္3723)က အသား အနာခံၿပီး ေရွ႕က ပိတ္တားျပီးဆြဲလိုက္တာ ဝုန္းကနဲ ဆိုင္ကယ္ေကာ လူေကာ ရဲေကာ လမ္းေပၚမွာ အတုန္းအရုန္းလဲသြားပါတယ္။

ဆိုင္ကယ္စီးလာတဲ႔ မိန္းကေလးက ဦးထုပ္ေဆာင္းထားေပလို႔ေပါ့ဗ်ာ။ သူအရွိန္နဲ႔ဆို မေတြးဝံ႔ပါ။ အသက္ ၂၀ ေလာက္ တကၠသိုလ္ေက်ာင္းသူေလးထင္တယ္။ ဒါနဲ႕လမ္းေပၚလဲေနတဲ႔ မိန္းကေလးကို ဆြဲမထူပဲ ဆိုင္ကယ္ကို ေတာ့ မျပီးေဘးတြန္းလာတဲ႔ရဲက ကေလးမေလးကို ငမဲငစ ေငါက္ငန္းေနေသးတယ္။ ေဘးကမေနနိုင္တဲ႔သူကဝင္ေရာက္လာျပီး ရဲနဲ႕စကားအေျခအတင္ စကားမ်ားေတာ့တာပါပဲ။ အျဖစ္အပ်က္ကို ပံုမွာသာၾကည့္ပါေတာ့။

မီးနီျဖတ္တာကိုတားတဲ႔ရဲက ဆိုင္ကယ္ကို ဆြဲလိုက္တာ မွန္သလား။ တားလို႔မရပ္ေပးရင္ နံပါတ္မွတ္ျပီးအမႈတင္ေပါ့။ ခုဟာက အသက္အႏၲရာယ္မ်ားတဲ႔ ဖမ္းနည္း။ ျပည္သူကိုဆက္ဆံပံု ကလဲ ေတာ္ေတာ္အခ်ိဳးမေျပတဲ႔ ဝန္ထမ္း။ ဒါေတြေၾကာင့္ ရဲေတြက ကူညီပါရေစလို႔ေအာ္ေနရင္ေတာင္ ျပည္သူက မယံုရဲ။ ေလ့က်င့္သင္ၾကားေပးပါအံုးဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zau Seng

#Unicode Version

စက်တင်ဘာလ (၁၅)ရက်နေ့ညနေ ၃ နာရီခွဲဝန်းကျင်က မန္တလေး 78 x 37 လမ်းထောင့် စန္တာမေ ဖက်ထုပ်ပေါင်းဆိုင်ရှေ့မှာ ဖြစ်သွားတာပါ။ မီးနီကိုကျွံလာတဲ့ ဆိုင်ကယ်ကို လမ်းပြရဲ ( ကိုယ်ပိုင်အမှတ်3723)က အသား အနာခံပြီး ရှေ့က ပိတ်တားပြီးဆွဲလိုက်တာ ဝုန်းကနဲ ဆိုင်ကယ်ကော လူကော ရဲကော လမ်းပေါ်မှာ အတုန်းအရုန်းလဲသွားပါတယ်။

ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးက ဦးထုပ်ဆောင်းထားပေလို့ပေါ့ဗျာ။ သူအရှိန်နဲ့ဆို မတွေးဝံ့ပါ။ အသက် ၂၀ လောက် တက္ကသိုလ်ကျောင်းသူလေးထင်တယ်။ ဒါနဲ့လမ်းပေါ်လဲနေတဲ့ မိန်းကလေးကို ဆွဲမထူပဲ ဆိုင်ကယ်ကို တော့ မပြီးဘေးတွန်းလာတဲ့ရဲက ကလေးမလေးကို ငမဲငစ ငေါက်ငန်းနေသေးတယ်။ ဘေးကမနေနိုင်တဲ့သူကဝင်ရောက်လာပြီး ရဲနဲ့စကားအခြေအတင် စကားများတော့တာပါပဲ။ အဖြစ်အပျက်ကို ပုံမှာသာကြည့်ပါတော့။

မီးနီဖြတ်တာကိုတားတဲ့ရဲက ဆိုင်ကယ်ကို ဆွဲလိုက်တာ မှန်သလား။ တားလို့မရပ်ပေးရင် နံပါတ်မှတ်ပြီးအမှုတင်ပေါ့။ ခုဟာက အသက်အန္တရာယ်များတဲ့ ဖမ်းနည်း။ ပြည်သူကိုဆက်ဆံပုံ ကလဲ တော်တော်အချိုးမပြေတဲ့ ဝန်ထမ်း။ ဒါတွေကြောင့် ရဲတွေက ကူညီပါရစေလို့အော်နေရင်တောင် ပြည်သူက မယုံရဲ။ လေ့ကျင့်သင်ကြားပေးပါအုံးဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: Zau Seng
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top