Property Expo
×

သိပ္မၾကာေသးမီက တုိင္းမ္မဂၢဇင္းေဆာင္းပါးတစ္ခုမွာ Jessi Hempel ဆုိသူက သူမ အကိုျဖစ္သူ Evan Hempel ရဲ႕ကိုယ္ဝန္ကိစၥ၊ ေဆးကုသမႈအာမခံနဲ႔ သူ႔အတြက္ ႏုိ႔တုိက္ေကြ်းေရးကိစၥကို ေျပာဆိုေဆြးေႏြးခဲ့ပါတယ္။ Evan Hempel ဆုိသူကေတာ့ ပံုထဲမွာ ျမင္ေတြ႕ေနရတဲ့ ကေလးႏို႕တုိက္ေနတဲ့ လိင္ေျပာင္းေဖေဖပါ။ ၂၀၀၃ ခုႏွစ္မွာ Evan Hempel ဟာ အမ်ိဳးသမီးဘ၀ကေန လိင္ေျပာင္း အမ်ဳိးသားတစ္ေယာက္ျဖစ္ဖုိ႔ ေဟာ္မုန္းေတြ စတင္ စားသုံးခဲ့ပါတယ္။ ေဟာ္မုန္းေဆးေတြ စားသံုးေနတဲ့ စပ္ကူးမပ္ကူးကာလျဖစ္သည့္တုိင္ Evan ဟာ ကေလးေမြးခ်င္စိတ္ေတာ့ လုံးဝမေပ်ာက္ခဲ့ပါဘူး။


မိန္းကေလးအေနနဲ႔ ေမြးဖြားၾကီးျပင္းလာခ့ဲတဲ့ Evan ဟာ အရုပ္နဲ႕ကစားတဲ့အရြယ္ ဟိုးငယ္ငယ္ကတည္းက မိဘတစ္ဦးျဖစ္ခ်င္ခဲ့တာလုိ႔ သူ႔အမျဖစ္သူက ဆုိပါတယ္။ လိင္ေျပာင္းအမ်ဳိးသား အမ်ားစုျပဳလုပ္ေနက် ရင္သား ၂ ၾကိမ္ ျဖတ္ထုတ္မႈျဖစ္တဲ့ အျမင့္ဆုံးခြဲစိတ္ကုသမႈ top surgery ကို Hempel ျငင္းပယ္ခဲ့ပါတယ္။ တစ္ေန႔ေန႔ တစ္ၾကိမ္ၾကိမ္ သူကေလးျပဳစုေစာင့္ေရွာက္ႏုိင္ေျခရိွတာ သူနားလည္နားခဲ့ပါတယ္။ ရင္သားျဖတ္ထုတ္မယ့္အစား ႏုိ႔ရည္တိတ္စက္ ႏွစ္ခုကို တပ္ဆင္ထားပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္က Hempel ဟာ သူ႔အမ်ဳိးသားေဟာ္မုန္းထုိးသြင္းမႈေတြ ရပ္တန္႔ျပီး အလွဴရွင္သုတ္ရည္အသုံးျပဳကာ ေမထုန္မဲ့သားစပ္နည္းကို စတင္လုပ္ေဆာင္ဖုိ႔ Hempel နဲ႔ သူ႔လက္တြဲေဖာ္တုိ႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ေမထုန္မဲ့သားစပ္မႈ အၾကိမ္ေရ အနည္းငယ္ျပဳလုပ္ျပီးေနာက္ ၂၀၁၆ ဧျပီလမွာ ၃၅ ႏွစ္အရြယ္ Hempel ဟာ သားေယာက်္ားေလး ေမြးဖြားခဲ့ပါတယ္။ တျခားလူေတြလည္း မ်ားစြာရိွေပမယ့့္ လိင္ေျပာင္းကုိယ္ေဆာင္ဝန္မႈေတြေပၚ သုေတသနျပဳလုပ္မႈအနည္းအက်ဥ္းသာ ရိွခဲ့ပါတယ္။

Hempel ရင္ဆုိင္တဲ့ အၾကီးမားဆုံးစိန္ေခၚမႈက ေဆးကုသမႈအာမခံပဲ ျဖစ္ပါတယ္။ အမ်ဳိးသားအေနနဲ႔ စာရင္းသြင္းထားေတာ့ အာမခံထဲမွာ ကုိယ္ဝန္စမ္းသပ္မႈေတြနဲ႔ တျခားလုပ္ငန္းစဥ္ေတြ ေဘာင္မဝင္ခဲ့ပါဘူး။  Sex က အမ်ဳိးသမီးျဖစ္ျပီး gender က အမ်ဳိးသားပါလုိ႔ Hempel အၾကိမ္ၾကိမ္ ရွင္းျပခဲ့ရပါတယ္။ ႏုိ႔တုိက္ျခင္းကေန Hempel ဟာ သူနဲ႔ သားေလးၾကား သံေယာဇဥ္တြယ္တာမႈ တည္ေဆာက္ပါတယ္။


ႏုိ႔ခ်ဳိတုိက္ေကြ်းျခင္းမွာ ကေလးပိုမိုက်န္းမာသန္စြမ္းေစမႈအျပင္ အက်ဳိးေက်းဇူးမ်ားစြာ ရိွပါတယ္။ ကေလးႏုိ႔တုိက္ျခင္းက ဆီးခ်ဳိေရာဂါ၊ အစာမေၾကေရာဂါနဲ႔ Crohn's disease စတဲ့ နာတာရွည္ေရာဂါျဖစ္ပြားမႈအႏၱရာယ္ ေလွ်ာ့နည္းေစပါတယ္။
လတ္တေလာအခ်ိန္မွာေတာ့ Hempel ဟာ ကေလးကို ႏုိ႔ခ်ဳိတိုက္ေကြ်းလ်က္ရိွေပမယ့္ ကေလးႏုိ႔ျဖတ္ခ်ိန္ေရာက္လာရင္ အမ်ဳိးသားေဟာ္မုန္းဓာတ္ ျပန္ေသာက္သုံးျပီး ရင္သားေတြက်ဳံ႕ေအာင္ ျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

သိပ်မကြာသေးမီက တိုင်းမ်မဂ္ဂဇင်းဆောင်းပါးတစ်ခုမှာ Jessi Hempel ဆိုသူက သူမ အကိုဖြစ်သူ Evan Hempel ရဲ့ကိုယ်ဝန်ကိစ္စ၊ ဆေးကုသမှုအာမခံနဲ့ သူ့အတွက် နို့တိုက်ကျွေးရေးကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။ Evan Hempel ဆိုသူကတော့ ပုံထဲမှာ မြင်တွေ့နေရတဲ့ ကလေးနို့တိုက်နေတဲ့ လိင်ပြောင်းဖေဖေပါ။ ၂၀၀၃ ခုနှစ်မှာ Evan Hempel ဟာ အမျိုးသမီးဘဝကနေ လိင်ပြောင်း အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဟော်မုန်းတွေ စတင် စားသုံးခဲ့ပါတယ်။ ဟော်မုန်းဆေးတွေ စားသုံးနေတဲ့ စပ်ကူးမပ်ကူးကာလဖြစ်သည့်တိုင် Evan ဟာ ကလေးမွေးချင်စိတ်တော့ လုံးဝမပျောက်ခဲ့ပါဘူး။

မိန်းကလေးအနေနဲ့ မွေးဖွားကြီးပြင်းလာခဲ့တဲ့ Evan ဟာ အရုပ်နဲ့ကစားတဲ့အရွယ် ဟိုးငယ်ငယ်ကတည်းက မိဘတစ်ဦးဖြစ်ချင်ခဲ့တာလို့ သူ့အမဖြစ်သူက ဆိုပါတယ်။ လိင်ပြောင်းအမျိုးသား အများစုပြုလုပ်နေကျ ရင်သား ၂ ကြိမ် ဖြတ်ထုတ်မှုဖြစ်တဲ့ အမြင့်ဆုံးခွဲစိတ်ကုသမှု top surgery ကို Hempel ငြင်းပယ်ခဲ့ပါတယ်။ တစ်နေ့နေ့ တစ်ကြိမ်ကြိမ် သူကလေးပြုစုစောင့်ရှောက်နိုင်ခြေရှိတာ သူနားလည်နားခဲ့ပါတယ်။ ရင်သားဖြတ်ထုတ်မယ့်အစား နို့ရည်တိတ်စက် နှစ်ခုကို တပ်ဆင်ထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က Hempel ဟာ သူ့အမျိုးသားဟော်မုန်းထိုးသွင်းမှုတွေ ရပ်တန့်ပြီး အလှူရှင်သုတ်ရည်အသုံးပြုကာ မေထုန်မဲ့သားစပ်နည်းကို စတင်လုပ်ဆောင်ဖို့ Hempel နဲ့ သူ့လက်တွဲဖော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မေထုန်မဲ့သားစပ်မှု အကြိမ်ရေ အနည်းငယ်ပြုလုပ်ပြီးနောက် ၂၀၁၆ ဧပြီလမှာ ၃၅ နှစ်အရွယ် Hempel ဟာ သားယောကျ်ားလေး မွေးဖွားခဲ့ပါတယ်။ တခြားလူတွေလည်း များစွာရှိပေမယ့့် လိင်ပြောင်းကိုယ်ဆောင်ဝန်မှုတွေပေါ် သုတေသနပြုလုပ်မှုအနည်းအကျဉ်းသာ ရှိခဲ့ပါတယ်။

Hempel ရင်ဆိုင်တဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ဆေးကုသမှုအာမခံပဲ ဖြစ်ပါတယ်။ အမျိုးသားအနေနဲ့ စာရင်းသွင်းထားတော့ အာမခံထဲမှာ ကိုယ်ဝန်စမ်းသပ်မှုတွေနဲ့ တခြားလုပ်ငန်းစဉ်တွေ ဘောင်မဝင်ခဲ့ပါဘူး။  Sex က အမျိုးသမီးဖြစ်ပြီး gender က အမျိုးသားပါလို့ Hempel အကြိမ်ကြိမ် ရှင်းပြခဲ့ရပါတယ်။ နို့တိုက်ခြင်းကနေ Hempel ဟာ သူနဲ့ သားလေးကြား သံယောဇဉ်တွယ်တာမှု တည်ဆောက်ပါတယ်။

နို့ချိုတိုက်ကျွေးခြင်းမှာ ကလေးပိုမိုကျန်းမာသန်စွမ်းစေမှုအပြင် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကလေးနို့တိုက်ခြင်းက ဆီးချိုရောဂါ၊ အစာမကြေရောဂါနဲ့ Crohn's disease စတဲ့ နာတာရှည်ရောဂါဖြစ်ပွားမှုအန္တရာယ် လျှော့နည်းစေပါတယ်။
လတ်တလောအချိန်မှာတော့ Hempel ဟာ ကလေးကို နို့ချိုတိုက်ကျွေးလျက်ရှိပေမယ့် ကလေးနို့ဖြတ်ချိန်ရောက်လာရင် အမျိုးသားဟော်မုန်းဓာတ် ပြန်သောက်သုံးပြီး ရင်သားတွေကျုံ့အောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top