Property Expo
×

သုေတသနျပဳေတြဟာ အေမရိကန္မွာ ဆယ္ေက်ာ္သက္ေတြ အီး-စီးကရက္သံုးစြဲမႈ ပိုမိုမ်ားျပားလာေၾကာင္း ေလ့လာေတြ႔ရွိခဲ့ပါတယ္။ ေလ့လာေတြ႔ရွိမႈအသစ္အရ ဆယ္ေက်ာ္သက္ေတြဟာ ေဆးေျခာက္ကိုအေငြ႔အျဖစ္ေျပာင္းလဲဲ ရႈရႈိက္ဖို႔အတြက္ e-cigarette အသံုးျပဳတာျဖစ္ပါသတဲ့။

အီး-စီးကရက္ ေသာက္သံုးသူ ဆယ္ေက်ာ္သက္ ငါးပံုပံုတစ္ပံုဟာ သွ်ီသွ်ားရႈရိႈက္ရာတြင္အသံုးျပဳသည့္ အိုးေတြကိုလည္း အသံုးျပဳေနၾကေၾကာင္း ၀န္ခံထားပါတယ္။

Connecticut ရွိ အထက္တန္းေက်ာင္းငါးေက်ာင္းမွ ေက်ာင္းသားေပါင္း ၃၈၀၀ ကို ေလ့လာေမးျမန္းၿပီး စစ္တမ္းေကာက္ယူခဲ့တာ ျဖစ္ပါတယ္။

သိပၸံံပညာရွင္ေတြဟာ “ ေက်ာင္းသားေတြဟာ အီး-စီးကရက္နဲ႔ အျခားသယ္ေဆာင္လို႔ရတဲ့ ရႈရႈိက္ႏိုင္တဲ့ ကိရိယာေတြကို ဘယ္လိုသံုးစြဲတယ္ဆိုတာကို ပိုမိုသိရွိနားလည္ဖို႔ ကြ်န္ေတာ္တို႔ ေက်ာင္းသားေတြကို ေဆးေျခာက္သံုးစြဲဖို႔ ဘယ္လိုအရာေတြကို သံုးေလ့ရိွလဲဆိုတာကို ေလ့လာေမးျမန္းခဲ့ပါတယ္” လို႔ တနလၤာေန႔က ထုတ္ေ၀တဲ့ Journal Pediatrics ဂ်ာနယ္မွာ ေရးသားေဖာ္ျပခ့ဲပါတယ္။

အီး-စီးကရက္နဲ႔ ေဆးေျခာက္၂မ်ိဳးလံုး သံုးစြဲေလ့ရွိတဲ့ ဆယ္ေက်ာ္သက္ေတြရဲ႕ ၂၉ ရာခိုင္ႏႈန္းက အရြက္ေျခာက္ေတြကို အေငြ႔အျဖစ္ ေျပာင္းလဲရႈရႈိက္ၾကၿပီး ၂၃ရာခိုင္ႏႈန္းကေတာ့ ေဆးေျခာက္အဆီကို အီး-စီးကရက္အတြင္း ထည္႔သြင္းရႈရႈိက္ၾကတာ ျဖစ္ပါသတဲ့။

Oberlin College မွ တြဲဖက္ပါေမာကၡ Meghan Rabbitt Morean က USA Today သတင္းဌာနကို “ အီး-စီးကရက္ကို သံုးစြဲၿပီး ဖံုးကြယ္ရတာ အေတာ္လြယ္ကူပါတယ္။ လူတိုင္းက ေဆးေျခာက္ရဲ႕ အနံ႔ကို သိရွိၿပီး ျဖစ္ေပမယ့္ ဒီအေငြ႔ပံုစံက ကြဲျပားေနတယ္ေလ။ ဒါဟာ ဆယ္ေက်ာ္သက္ေတြအတြက္ ေဆးေျခာက္သံုးစြဲထားတာကို ေထာက္လွမ္းစစ္ဆးမႈေတြကေန လြတ္ေျမာက္ႏိုင္တဲ့ နည္းလမ္းတစ္ခုျဖစ္ေနတာေပါ့ “  လို႔ ရွင္းလင္းေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :သစ္ထူးလြင္(က်န္းမာေရး)


#Unicode Version

သုတေသနပြုတွေဟာ အမေရိကန်မှာ ဆယ်ကျော်သက်တွေ အီး-စီးကရက်သုံးစွဲမှု ပိုမိုများပြားလာကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာတွေ့ရှိမှုအသစ်အရ ဆယ်ကျော်သက်တွေဟာ ဆေးခြောက်ကိုအငွေ့အဖြစ်ပြောင်းလဲ ရှုရှိုက်ဖို့အတွက် e-cigarette အသုံးပြုတာဖြစ်ပါသတဲ့။

အီး-စီးကရက် သောက်သုံးသူ ဆယ်ကျော်သက် ငါးပုံပုံတစ်ပုံဟာ သျှီသျှားရှုရှိုက်ရာတွင်အသုံးပြုသည့် အိုးတွေကိုလည်း အသုံးပြုနေကြကြောင်း ဝန်ခံထားပါတယ်။

Connecticut ရှိ အထက်တန်းကျောင်းငါးကျောင်းမှ ကျောင်းသားပေါင်း ၃၈၀၀ ကို လေ့လာမေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံံပညာရှင်တွေဟာ “ ကျောင်းသားတွေဟာ အီး-စီးကရက်နဲ့ အခြားသယ်ဆောင်လို့ရတဲ့ ရှုရှိုက်နိုင်တဲ့ ကိရိယာတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာကို ပိုမိုသိရှိနားလည်ဖို့ ကျွန်တော်တို့ ကျောင်းသားတွေကို ဆေးခြောက်သုံးစွဲဖို့ ဘယ်လိုအရာတွေကို သုံးလေ့ရှိလဲဆိုတာကို လေ့လာမေးမြန်းခဲ့ပါတယ်” လို့ တနင်္လာနေ့က ထုတ်ဝေတဲ့ Journal Pediatrics ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အီး-စီးကရက်နဲ့ ဆေးခြောက်၂မျိုးလုံး သုံးစွဲလေ့ရှိတဲ့ ဆယ်ကျော်သက်တွေရဲ့ ၂၉ ရာခိုင်နှုန်းက အရွက်ခြောက်တွေကို အငွေ့အဖြစ် ပြောင်းလဲရှုရှိုက်ကြပြီး ၂၃ရာခိုင်နှုန်းကတော့ ဆေးခြောက်အဆီကို အီး-စီးကရက်အတွင်း ထည့်သွင်းရှုရှိုက်ကြတာ ဖြစ်ပါသတဲ့။

Oberlin College မှ တွဲဖက်ပါမောက္ခ Meghan Rabbitt Morean က USA Today သတင်းဌာနကို “ အီး-စီးကရက်ကို သုံးစွဲပြီး ဖုံးကွယ်ရတာ အတော်လွယ်ကူပါတယ်။ လူတိုင်းက ဆေးခြောက်ရဲ့ အနံ့ကို သိရှိပြီး ဖြစ်ပေမယ့် ဒီအငွေ့ပုံစံက ကွဲပြားနေတယ်လေ။ ဒါဟာ ဆယ်ကျော်သက်တွေအတွက် ဆေးခြောက်သုံးစွဲထားတာကို ထောက်လှမ်းစစ်ဆးမှုတွေကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေတာပေါ့ “  လို့ ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit :သစ်ထူးလွင်(ကျန်းမာရေး)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top