Property Expo
×

Drake နဲ႔ Rihanna တို႔ဟာ သူတို႔ရဲ ႔ အခ်စ္ေရးကိုပိုၿပီး တရား၀င္ ျဖစ္ေစခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက VMAs ဆုေပးပြဲမွာ Drake ဟာ Rihanna နဲ႔ ပတ္သက္ၿပီး သူ႔ရဲ ႔ အခ်စ္ေတြကို လူသိရွင္ၾကား ထုတ္ေဖာ္ျပခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ ႔ စိတ္၀င္စားမႈကို ခံေနရစဥ္အတြင္းမွာပဲ Rihanna ကလည္း သူတို႔ရဲ ႔ အခ်စ္ေရးကို အၿမဲတမ္းအတြက္ ျဖစ္ေစမယ့္ အရာေတြကို လုပ္ေဆာင္ခဲ့ျပန္ပါတယ္။

TMZ သတင္းဌာနရဲ ႔ ေဖာ္ျပခ်က္တစ္ခုအရ Rihanna ဟာ သူမရဲ ႔ ေျခက်င္း၀တ္မွာ Drake နဲ႔ ပတ္သက္တဲ့ တက္တူးတစ္ခု ေရးထိုးလိုက္တယ္လို႔ သိရပါတယ္။ အဲဒီ ေကာလာဟလကိုလည္း အတည္ျပဳေပးႏိုင္မယ့္ ဓါတ္ပံုေတြက ရွိေနၿပီးသားပါ။ "Bang Bang" ဆိုတဲ့ အႏုပညာ အမည္ နဲ႔ တက္တူး ပညာရွင္ Keith McCurdy ဆိုသူဟာ Rihanna ရဲ ႔ ေျခက်င္း၀တ္က သူထိုေပးလိုက္တဲ့ ငါးမန္းပံု တက္တူး အသစ္ေတြကို သူ႔ရဲ ႔ Instagram စာမ်က္ႏွာ မွာ ေဖာ္ျပခဲ့ပါတယ္။

ခိုင္လံုတဲ့ သတင္းအရင္းအျမစ္ေတြရဲ ႔ ေျပာၾကားခ်က္အရလည္း အဲဒီ ငါးမန္းပံုံု တက္တူးဟာ Drake က Rihanna ကို ငါးျပတိုက္တစ္ခုမွာ ခ်ိန္းေတြ႕(Date) ခဲ့တဲ့ ဒီလအေစာပိုင္းက ေန႔စြဲတစ္ခုကို ကိုယ္စားျပဳတယ္လုိ႔ သိရပါတယ္။ Drake ဟာ အဲဒီေန႔တုန္းက Rihanna ကို ငါးျပတိုက္က ငါးမန္းပံု ဖက္လံုး တစ္ခုကို လက္ေဆာင္ ၀ယ္ေပးခဲ့ေသးတယ္လို႔ သတင္းေတြက ဆိုပါတယ္။

အဲဒီေန႔တုန္းကလည္း Drake က သူ႔ရဲ ႔ ကိုယ္ပိုင္ Instagram အေကာင့္မွာ Rihanna နဲ႔ ငါးမန္းပံုဖက္လံုး ပါ၀င္တဲ့ ဓါတ္ပံုတစ္ပံုကို တင္ထားခဲ့တာလည္း ရွိပါတယ္။ တစ္ခ်ိဳ႕ေကာလာဟလေတြဆိုရင္ Drake ဟာ Rihanna ကို ေစ့စပ္ခြင့္ေတာင္းဖို႔ ငါးျပတိုက္ တစ္ခုလံုးကို ငွားရမ္းခ့ဲတယ္လို႔လည္း ဆိုေနၾကၿပီး Drake ရဲ ႔  Instagram ဓါတ္ပံုမွာလည္း ငါးပံု Emoji နဲ႔ လက္စြပ္ပံု Emoji ေလးေတြအျဖစ္ Comment ေပးသြားတဲ့ သူေတြကလည္း မနည္းပါဘူး။

ပိုၿပီး စိတ္၀င္စားဖို႔ေကာင္းတဲ့ အပိုင္းကိုေရာက္ပါၿပီ။ တက္တူးပညာရွင္ "Bang Bang" ရဲ ႔ Instagram စာမ်က္ႏွာမွာ Drake ရွိေနတဲ့ မိုင္ယာမီၿမိဳ႕က Summer Sixteen ေဖ်ာ္ေျဖပြဲကိုသြားေရာက္ၿပီး Drake အတြက္ တက္တူးထိုးေပးေနရတဲ့ ဓါတ္ပံုကို တင္ထားခဲ့ၿပီး သူတက္တူးေရးထိုးရတဲ့ ပံုကိုလည္း Rihanna + Drake လို႔ Mention ျပဳလုပ္ထားပါတယ္။ Drake ထိုးလိုက္တဲ့ တက္တူးဓါတ္ပံု ကေတာ့ ဘာလဲဆိုတာ မသိရေသးပါဘူး။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
Drake နဲ့ Rihanna တို့ဟာ သူတို့ရဲ့ အချစ်ရေးကိုပိုပြီး တရားဝင် ဖြစ်စေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက VMAs ဆုပေးပွဲမှာ Drake ဟာ Rihanna နဲ့ ပတ်သက်ပြီး သူ့ရဲ့ အချစ်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရစဉ်အတွင်းမှာပဲ Rihanna ကလည်း သူတို့ရဲ့ အချစ်ရေးကို အမြဲတမ်းအတွက် ဖြစ်စေမယ့် အရာတွေကို လုပ်ဆောင်ခဲ့ပြန်ပါတယ်။

TMZ သတင်းဌာနရဲ့ ဖော်ပြချက်တစ်ခုအရ Rihanna ဟာ သူမရဲ့ ခြေကျင်းဝတ်မှာ Drake နဲ့ ပတ်သက်တဲ့ တက်တူးတစ်ခု ရေးထိုးလိုက်တယ်လို့ သိရပါတယ်။ အဲဒီ ကောလာဟလကိုလည်း အတည်ပြုပေးနိုင်မယ့် ဓါတ်ပုံတွေက ရှိနေပြီးသားပါ။ "Bang Bang" ဆိုတဲ့ အနုပညာ အမည် နဲ့ တက်တူး ပညာရှင် Keith McCurdy ဆိုသူဟာ Rihanna ရဲ့ ခြေကျင်းဝတ်က သူထိုပေးလိုက်တဲ့ ငါးမန်းပုံ တက်တူး အသစ်တွေကို သူ့ရဲ့ Instagram စာမျက်နှာ မှာ ဖော်ပြခဲ့ပါတယ်။

ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရလည်း အဲဒီ ငါးမန်းပုံံ တက်တူးဟာ Drake က Rihanna ကို ငါးပြတိုက်တစ်ခုမှာ ချိန်းတွေ့(Date) ခဲ့တဲ့ ဒီလအစောပိုင်းက နေ့စွဲတစ်ခုကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ Drake ဟာ အဲဒီနေ့တုန်းက Rihanna ကို ငါးပြတိုက်က ငါးမန်းပုံ ဖက်လုံး တစ်ခုကို လက်ဆောင် ဝယ်ပေးခဲ့သေးတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီနေ့တုန်းကလည်း Drake က သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာ Rihanna နဲ့ ငါးမန်းပုံဖက်လုံး ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို တင်ထားခဲ့တာလည်း ရှိပါတယ်။ တစ်ချို့ကောလာဟလတွေဆိုရင် Drake ဟာ Rihanna ကို စေ့စပ်ခွင့်တောင်းဖို့ ငါးပြတိုက် တစ်ခုလုံးကို ငှားရမ်းခဲ့တယ်လို့လည်း ဆိုနေကြပြီး Drake ရဲ့  Instagram ဓါတ်ပုံမှာလည်း ငါးပုံ Emoji နဲ့ လက်စွပ်ပုံ Emoji လေးတွေအဖြစ် Comment ပေးသွားတဲ့ သူတွေကလည်း မနည်းပါဘူး။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်းကိုရောက်ပါပြီ။ တက်တူးပညာရှင် "Bang Bang" ရဲ့ Instagram စာမျက်နှာမှာ Drake ရှိနေတဲ့ မိုင်ယာမီမြို့က Summer Sixteen ဖျော်ဖြေပွဲကိုသွားရောက်ပြီး Drake အတွက် တက်တူးထိုးပေးနေရတဲ့ ဓါတ်ပုံကို တင်ထားခဲ့ပြီး သူတက်တူးရေးထိုးရတဲ့ ပုံကိုလည်း Rihanna + Drake လို့ Mention ပြုလုပ်ထားပါတယ်။ Drake ထိုးလိုက်တဲ့ တက်တူးဓါတ်ပုံ ကတော့ ဘာလဲဆိုတာ မသိရသေးပါဘူး။


 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top