Property Expo
×
Credit: thithtoolwin
#Unicode Version
ဗီဒီယို call ကို အလွယ်ကူဆုံးပြောဆိုနိုင်မယ့် Google Duo အက်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့တာ တစ်လကျော်သာရှိနေပါသေးတယ်။  ဒီအက်ပလီကေးရှင်းကိုတော့ ကမ္ဘာတစ်ဝှမ်းက ဒေါင်းလုဒ်ပြုလုပ်မှုအကြိမ်ရေ ဆယ်သန်းပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့်လည်း သုံးစွဲမှုကတော့ နည်းပါးလျက်ရှိနေသေးတယ်လို့ သိရပါတယ်။
တရားဝင်ထုတ်လုပ်ပြီး တစ်ပတ်အတွင်းမှာတင် ဒေါင်းလုဒ်ပြုလုပ်မှုအကြိမ်ရေ ငါးသန်းအထိရှိခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုက နည်းပါးလျက်ရှိနေတယ်လို့ သိရပါတယ်။ Google Duo ဟာဆိုရင်တော့ app ကို install လုပ်ထားသူနှစ်ယောက်ကြားမှာ အလွယ်ကူဆုံးဆက်သွယ်နိုုင်အောင် ပြုလုပ်ပေးထားပြီး အသုံးပြုသူတွေဟာ အင်တာနက်ဖွင့်ထားဖို့တော့ လိုအပ်မှာပါ။
တာထွက်လှခဲ့ပေမယ့်လည်း Duo ဟာ အခုအချိန်မှာတော့ Google Play Store ရဲ့ လူစိတ်ဝင်စားမှုအဆင့် ၁၂၇ အထိ ကျဆင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။
လွယ်ကူမြန်ဆန်ပြီး ရိုးရှင်းအောင် ပြုလုပ်ထားတဲ့ Google ရဲ့ Duo အက်ပလီကေးရှင်းကိုတော့ Google Play Store မှာ ဒေါင်းလုဒ်ဆွဲနိုင်မှာဖြစ်ပြီး အက်ပလီကေးရှင်းအသုံးပြုပုံကိုတောာ့ အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top