Property Expo
×

နာမည္ၾကီး လူသိမ်ားတဲ့ Dutch ကုမၸဏီျဖစ္တဲ့  ZeeKwat Collective နဲ႕ အင္တာေနရွင္နယ္ဘီယာ အမွတ္တံဆိပ္  Heineken တို႕ပူးေပါင္းကာ We Are Connected လို႕ အမည္ရတဲ့ ဂီတအခမ္းအနားတစ္ခုကို  ၂၀၁၆ ႏုိ၀င္ဘာ ၂၃ မွာက်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ က်င္းပမယ့္ ေနရာကေတာ့ The One Entertainment Park မွာပဲ ျဖစ္ပါတယ္။

We Are Connected မွာ ပါ၀င္ေဖ်ာ္ေျဖမယ့္သူေတြကေတာ့ ကမာၻ႕နံပါတ္တစ္ DJ အျဖစ္ ငါးၾကိမ္တုိင္တိုင္ေရြးခ်ယ္ျခင္းခံထားရၿပီး GRAMMY ဆုအတြက္ စကာတင္ စာရင္း၀င္ခဲ့ဖူးတဲ့ နယ္သာလန္ ႏုိင္ငံသား DJ ARMIN VAN BUUREN  အျပင္ အျခားထိပ္တန္း DJ သမားသံုးဦးတို႕ပဲ ျဖစ္ပါတယ္။

DJ ARMIN VAN BUUREN ဟာ Datch လူမ်ိဳးတစ္ဦးျဖစ္ၿပီး DJ ေလာကမွာဆုိရင္ ႏုိင္ငံတကာ အဆင့္ေအာင္ျမင္မႈမ်ားကို ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ရရွိခဲ့သူတစ္ဦးပါ။ ပရိသတ္မ်ားအေပၚမွာ သစၥာရွိမႈ၊ စတူဒီယိုအတြင္းဖန္တီးမႈနဲ႕သူရဲ႕အပတ္စဥ္ radio show ျဖစ္တဲ့ A State of Trance ကို ထိန္းသိမ္းမႈေတြနဲ႕ နာမည္ၾကီးလွတဲ့ သူဟာ DJ မဂၢဇင္းမ်ားမွ ေရြးခ်ယ္တဲ့ top 100 စာရင္းမွာလည္း နံပါတ္တစ္ DJ တစ္ဦးအျဖစ္လဲ ငါးၾကိမ္တုိင္တိုင္ ပါ၀င္ခဲ့ပါေသးတယ္။ ကမာၻ႕နံပါတ္တစ္ DJ တစ္ဦးဆိုတဲ့ ဖိအားၾကီးရွိေနေပမဲ့လဲ DJ ARMIN VAN BUUREN ဟာ ဂီတတစ္ခုတည္းေပၚမွာ အာရံုစူးစိုက္ထားသူ တစ္ဦးျဖစ္တဲ့အတြက္ ယေန႕ထက္တိုင္ေအာင္ျမင္ေနရျခင္း ျဖစ္ပါတယ္။

Heineken ဟာ ဒီ We Are Connected ပြဲအတြက္ Presenting Partner အျဖစ္ေဆာင္ရြက္သြားမွာျဖစ္ၿပီး ဒီပဲြဟာ Heineken နဲ႕နာမည္ၾကီး DJ တို႕ရဲ႕ပထမဆံုးလက္တြဲျခင္းေတာ့ မဟုတ္ပါဘူး။ Heineken နဲ႕ DJ ARMIN တုိ႕ဟာ ၂၀၁၄ ခုႏွစ္ကတစ္ခါ လက္တြဲခဲ့ဖူးၾကျပီး DJ ARMIN ဟာ အရက္ေသစာ ေလွ်ာ့ခ်ေသာက္သံုးေစခ်င္စိတ္ျဖစ္ေအာင္ လွံဳ႕ေဆာ္ဖို႕ရည္ရြယ္ခဲ့တဲ့ Campaign  Dance More, Drink Slow အစီအစဥ္မွာလဲ Armin van buuren ဟာ သံတမန္အျဖစ္ေဆာင္ရြက္ခဲ့ဖူးပါတယ္။

We Are Connected ပြဲအတြက္ ရည္ရြယ္ခ်က္ကေတာ့ အေတြ႕အၾကံဳအသစ္ေတြ ယူေဆာင္ေပးႏုိင္မႈ၊ Live Music ကိုခံစားေစႏုိင္မႈအျပင္ ဘီယာေလွ်ာ့ခ်ေသာက္သံုးမႈအတြက္ အသိပညာေပးႏိုင္ဖုိ႕နဲ႕ျမွင့္တင္ေပးႏိုင္ဖုိ႕တို႕ပဲ ျဖစ္ပါတယ္။

ဒီပြဲအတြက္ လက္မွတ္ေတြကိုေတာ့ ေအာက္တုိဘာလထဲမွာ စတင္ေရာင္းခ်သြားမွာမုိ႕ ကမ႓ာ့နံပါတ္တစ္ DJ အျဖစ္ ငါးၾကိမ္တုိင္တုိင္ ေရြးခ်ယ္ခံခဲ့ရတဲ့ အမိုက္စား DJ ရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈမွာ ပါ၀င္ဆင္ႏႊဲလိုက္ၾကရေအာင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

နာမည်ကြီး လူသိများတဲ့ Dutch ကုမ္ပဏီဖြစ်တဲ့  ZeeKwat Collective နဲ့ အင်တာနေရှင်နယ်ဘီယာ အမှတ်တံဆိပ်  Heineken တို့ပူးပေါင်းကာ We Are Connected လို့ အမည်ရတဲ့ ဂီတအခမ်းအနားတစ်ခုကို  ၂၀၁၆ နိုဝင်ဘာ ၂၃ မှာကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျင်းပမယ့် နေရာကတော့ The One Entertainment Park မှာပဲ ဖြစ်ပါတယ်။

We Are Connected မှာ ပါဝင်ဖျော်ဖြေမယ့်သူတွေကတော့ ကမ္ဘာ့နံပါတ်တစ် DJ အဖြစ် ငါးကြိမ်တိုင်တိုင်ရွေးချယ်ခြင်းခံထားရပြီး GRAMMY ဆုအတွက် စကာတင် စာရင်းဝင်ခဲ့ဖူးတဲ့ နယ်သာလန် နိုင်ငံသား DJ ARMIN VAN BUUREN  အပြင် အခြားထိပ်တန်း DJ သမားသုံးဦးတို့ပဲ ဖြစ်ပါတယ်။

DJ ARMIN VAN BUUREN ဟာ Datch လူမျိုးတစ်ဦးဖြစ်ပြီး DJ လောကမှာဆိုရင် နိုင်ငံတကာ အဆင့်အောင်မြင်မှုများကို နှစ်ပေါင်း နှစ်ဆယ်ကျော်ရရှိခဲ့သူတစ်ဦးပါ။ ပရိသတ်များအပေါ်မှာ သစ္စာရှိမှု၊ စတူဒီယိုအတွင်းဖန်တီးမှုနဲ့သူရဲ့အပတ်စဉ် radio show ဖြစ်တဲ့ A State of Trance ကို ထိန်းသိမ်းမှုတွေနဲ့ နာမည်ကြီးလှတဲ့ သူဟာ DJ မဂ္ဂဇင်းများမှ ရွေးချယ်တဲ့ top 100 စာရင်းမှာလည်း နံပါတ်တစ် DJ တစ်ဦးအဖြစ်လဲ ငါးကြိမ်တိုင်တိုင် ပါဝင်ခဲ့ပါသေးတယ်။ ကမ္ဘာ့နံပါတ်တစ် DJ တစ်ဦးဆိုတဲ့ ဖိအားကြီးရှိနေပေမဲ့လဲ DJ ARMIN VAN BUUREN ဟာ ဂီတတစ်ခုတည်းပေါ်မှာ အာရုံစူးစိုက်ထားသူ တစ်ဦးဖြစ်တဲ့အတွက် ယနေ့ထက်တိုင်အောင်မြင်နေရခြင်း ဖြစ်ပါတယ်။

Heineken ဟာ ဒီ We Are Connected ပွဲအတွက် Presenting Partner အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီပွဲဟာ Heineken နဲ့နာမည်ကြီး DJ တို့ရဲ့ပထမဆုံးလက်တွဲခြင်းတော့ မဟုတ်ပါဘူး။ Heineken နဲ့ DJ ARMIN တို့ဟာ ၂၀၁၄ ခုနှစ်ကတစ်ခါ လက်တွဲခဲ့ဖူးကြပြီး DJ ARMIN ဟာ အရက်သေစာ လျှော့ချသောက်သုံးစေချင်စိတ်ဖြစ်အောင် လှုံ့ဆော်ဖို့ရည်ရွယ်ခဲ့တဲ့ Campaign  Dance More, Drink Slow အစီအစဉ်မှာလဲ Armin van buuren ဟာ သံတမန်အဖြစ်ဆောင်ရွက်ခဲ့ဖူးပါတယ်။

We Are Connected ပွဲအတွက် ရည်ရွယ်ချက်ကတော့ အတွေ့အကြုံအသစ်တွေ ယူဆောင်ပေးနိုင်မှု၊ Live Music ကိုခံစားစေနိုင်မှုအပြင် ဘီယာလျှော့ချသောက်သုံးမှုအတွက် အသိပညာပေးနိုင်ဖို့နဲ့မြှင့်တင်ပေးနိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။

ဒီပွဲအတွက် လက်မှတ်တွေကိုတော့ အောက်တိုဘာလထဲမှာ စတင်ရောင်းချသွားမှာမို့ ကမ္ဘာ့နံပါတ်တစ် DJ အဖြစ် ငါးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရတဲ့ အမိုက်စား DJ ရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ပါဝင်ဆင်နွှဲလိုက်ကြရအောင်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top