Property Expo
×

Shailene Woodley ကေတာ့ စာအုပ္ကေန ရုပ္ရွင္ - ရွပ္ရွင္ကေန TV ဇာတ္လမ္းတြဲအျဖစ္ေျပာင္းသြားတဲ့ ‘Divergent’ မွာ ဆက္လက္ပါဝင္ဖို႔ အစီအစဉ္မရွိပါဘူး။

Divergent ဇာတ္လမ္းတြဲရဲ႕ ေနာက္ဆံုးဇာတ္ကား Ascendant ကို အရင္က ေၾကညာထားတဲ့အတိုင္း ၂၀၁၇ ခုႏွစ္ ဇြန္လ ၉ ရက္မွာ ရံုတင္ျပသျခင္းမျပဳေတာ့ဘဲ TV ဇာတ္လမ္းအျဖစ္ျပသၿပီး ေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲအျဖစ္ျပသမည္ျဖစ္ေၾကာင္း ဇူလိုင္လက သတင္းပို႔ခဲ့ပါတယ္။

ဒါေပမယ့္ ဇာတ္လမ္းတြဲရဲ႕ ပထမ ၃ ကားထဲမွာ Tri အျဖစ္သရုပ္ေဆာင္ခဲ့တဲ့ Woodley က ဆက္လက္ပါဝင္ဖို႔ မေသခ်ာတဲ့အေၾကာင္းကို “ကၽြန္မက TV ဇာတ္လမ္းတြဲမွာ ပါဝင္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတာမဟုတ္ပါဘူး။ TV ဇာတ္လမ္းတြဲမွာ ပါဝင္ျဖစ္ပါ့မလားဆိုတာ မေသခ်ာေသးပါဘူး” လို႔ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့မင္းသမီးက Divergent ဇာတ္လမ္းတြဲရဲ႕ ေရွ့ေရးနဲ႔ပတ္သက္ၿပီး Lionsgate က အၿပီးသတ္ၿပီးၿပီလားဆိုတာေတာင္ မေသခ်ာေၾကာင္းေျပာခဲ့ပါတယ္။ “ေျပာင္းလဲသြားတဲ့ ကိစၥေတြရွိႏိုင္ပါတယ္။ ကၽြန္မ မသိတဲ့ ေျပာင္းလဲသြားတာမ်ဳိးေတြေပါ့” လို႔ေျပာခဲ့ပါတယ္။

Divergent ဇာတ္လမ္းတြဲရဲ႕ တတိယေျမာက္ဇာတ္ကား Allegiant ဟာ အေမရိကန္ေဒၚလာ ၆၆ သန္းသာဝင္ခဲ့တာေၾကာင့္ Lionsgate က ၄ကားေျမာက္ႏွင့္ ေနာက္ဆံုးဇာတ္ကားကို နည္းလမ္းသစ္သံုးၿပီး ခ်ည္းကပ္ခဲ့တာပါ။

Variety ရဲ႕ေျပာျပခ်က္အရ TV ဇာတ္လမ္းတြဲကလည္း ကမာၻပ်က္ၿပီးေနာက္ပိုင္း ေလာကႀကီးမွာပဲျဖစ္ေပမယ့္ အရင္ ၃ ကားထဲ Woodley ရဲ႕ တြဲဖက္သရုပ္ေဆာင္ေတြျဖစ္တဲ့ Theo James၊ Ansel Elgort၊ Miles Teller ႏွင့္ Zoe kravitiz  တို႔ကလည္း TV ဇာတ္လမ္းတြဲမွာပါမလားဆိုတာ မသိရေသးပါဘူး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Shailene Woodley ကတော့ စာအုပ်ကနေ ရုပ်ရှင် - ရှပ်ရှင်ကနေ TV ဇာတ်လမ်းတွဲအဖြစ်ပြောင်းသွားတဲ့ ‘Divergent’ မှာ ဆက်လက်ပါဝင်ဖို့ အစီအစဉ်မရှိပါဘူး။

Divergent ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်ကား Ascendant ကို အရင်က ကြေညာထားတဲ့အတိုင်း ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်မှာ ရုံတင်ပြသခြင်းမပြုတော့ဘဲ TV ဇာတ်လမ်းအဖြစ်ပြသပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတွဲအဖြစ်ပြသမည်ဖြစ်ကြောင်း ဇူလိုင်လက သတင်းပို့ခဲ့ပါတယ်။

ဒါပေမယ့် ဇာတ်လမ်းတွဲရဲ့ ပထမ ၃ ကားထဲမှာ Tri အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Woodley က ဆက်လက်ပါဝင်ဖို့ မသေချာတဲ့အကြောင်းကို “ကျွန်မက TV ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ စာချုပ်ချုပ်ဆိုထားတာမဟုတ်ပါဘူး။ TV ဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ပါ့မလားဆိုတာ မသေချာသေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့မင်းသမီးက Divergent ဇာတ်လမ်းတွဲရဲ့ ရှေ့ရေးနဲ့ပတ်သက်ပြီး Lionsgate က အပြီးသတ်ပြီးပြီလားဆိုတာတောင် မသေချာကြောင်းပြောခဲ့ပါတယ်။ “ပြောင်းလဲသွားတဲ့ ကိစ္စတွေရှိနိုင်ပါတယ်။ ကျွန်မ မသိတဲ့ ပြောင်းလဲသွားတာမျိုးတွေပေါ့” လို့ပြောခဲ့ပါတယ်။

Divergent ဇာတ်လမ်းတွဲရဲ့ တတိယမြောက်ဇာတ်ကား Allegiant ဟာ အမေရိကန်ဒေါ်လာ ၆၆ သန်းသာဝင်ခဲ့တာကြောင့် Lionsgate က ၄ကားမြောက်နှင့် နောက်ဆုံးဇာတ်ကားကို နည်းလမ်းသစ်သုံးပြီး ချည်းကပ်ခဲ့တာပါ။

Variety ရဲ့ပြောပြချက်အရ TV ဇာတ်လမ်းတွဲကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း လောကကြီးမှာပဲဖြစ်ပေမယ့် အရင် ၃ ကားထဲ Woodley ရဲ့ တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ Theo James၊ Ansel Elgort၊ Miles Teller နှင့် Zoe kravitiz  တို့ကလည်း TV ဇာတ်လမ်းတွဲမှာပါမလားဆိုတာ မသိရသေးပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top