Kantharyar Centre
×




Credit: 7 day daily

#Unicode Version

(၁၁)ကြိမ်မြောက်ဆိုးလ် နိုင်ငံတကာ ဒရာမာဇာတ်လမ်းတွဲ ဆုပေးပွဲကို စက်တင်ဘာ ၈ ရက် တွင် KBS ရုပ်သံခန်းမ၌ ကျင်းပခဲ့ ရာ တောင်ကိုရီးယားသရုပ်ဆောင် များနှင့် နိုင်ငံတကာမှ သရုပ် ဆောင်များ တက်ရောက်ခဲ့သည်။

နိုင်ငံတကာရုပ်သံဇာတ် လမ်းတွဲအချို့သည် ဆိုးလ်နိုင်ငံ တကာ ဒရာမာဇာတ်လမ်းတွဲဆု ပေးပွဲမှ ချီးမြှင့်သောဆုများကို ရရှိခဲ့ပြီး ကိုရီးယားဇာတ်လမ်းတွဲ များသည်လည်း ဆုအများအပြား ရရှိခဲ့သည်။ Descendant's of the Sun ဇာတ်လမ်းတွဲက အ ကောင်းဆုံးဒရာမာဇာတ်လမ်းတွဲ ဆုကိုရရှိခဲ့ပြီး ‘Flower In Prison’ ဒရာမာဇာတ်လမ်းတွဲနှင့် ‘Six Flying Dragons’ ဒရာမာဇာတ် လမ်းတွဲတို့ကလည်း ဒရာမာဇာတ် လမ်းတွဲကောင်းဆုကိုရရှိခဲ့သည်။

ဆောင်းဂျွန်ကီက‘Descen- dants of the Sun’ ဒရာမာဇာတ် လမ်းတွဲဖြင့် အကောင်းဆုံးသရုပ် ဆောင်မင်းသားဆုကို ရရှိခဲ့ပြီး ရှင်မင်အာက ‘Oh My Venus’ ဒရာမာဇာတ်လမ်းတွဲဖြင့် အ ကောင်းဆုံး သရုပ်ဆောင်မင်း သားဆုကိုရရှိခဲ့သည်။ ‘Descen- dants of the Sun’ ဒရာမာဇာတ် လမ်းတွဲအတွက် You Are My Everything သီချင်းကို သီဆိုခဲ့ သော အဆိုတော် ဂမ်မီက ယင်း သီချင်းဖြင့် အကောင်းဆုံးဇာတ် ဝင်တေးဆုကိုရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top