Property Expo
×


အတိတ္က ျပည့္တန္ဆာ တစ္ဦးအျဖစ္ အလုပ္လုပ္ခဲ့ဖူးေၾကာင္း ေရးသားမႈအတြက္ ေဒၚနယ္လ္ထရမ့္၏ ဇနီးက ၿဗိတိန္ထုတ္ Daily Mail သတင္းစာကို တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။

ရီပတ္ဘလစ္ကန္ ကိုယ္စားျပဳ အေမရိကန္ သမၼတေလာင္း ထရမ့္၏ ဇနီးျဖစ္သူက အဆိုပါ တိုက္ခုိက္ေရးသားမႈမ်ိဳးသည္ မိမိ၏ ဂုဏ္သိကၡာကို ညစ္ႏြမ္းေစၿပီး ေဒၚလာ သန္း ၁၅၀ (စတာလင္ေပါင္ ၁၁၃ သန္းမွ်) နစ္နာေၾကး ရရွိလုိေၾကာင္း တရားစြဲဆို ေလွ်ာက္ထားခဲ့သည္။

Daily Mailအျပင္ အေမရိကန္မွ Blogger တစ္ဦးျဖစ္ေသာ ဝက္ဘ္စတာ တာပေလကိုလည္း အလားတူ ကိစၥအတြက္ မယ္လီနာထရမ့္က တရားစြဲထားေသးသည္။ ၿပီးခဲ့သည့္လက ေဖာ္ျပခဲ့ေသာ သတင္းတြင္ မီလာနီယာ အေနျဖင့္ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားက နယူးေယာက္သို႔ စတင္ေရာက္ရွိလာခ်ိန္၌ ေမာ္ဒယ္လ္ ေအဂ်င္စီ တစ္ခုႏွင့္ ခ်ိတ္ဆက္ကာ ခ်မ္းသာႂကြယ္ဝသူမ်ားကို လိင္ေဖ်ာ္ေျဖသည့္ ဝန္ေဆာင္မႈ ေပးခဲ့ေၾကာင္း Daily Mailက ေရးသားထားသည္။

အသက္ ၄၆ ႏွစ္ ရွိၿပီျဖစ္ေသာ မီလာနီယာသည္ ဆလိုေဗးနီးယားတြင္ ေမြးဖြားခဲ့ၿပီး ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားတြင္ ေမာ္ဒယ္လ္ တစ္ဦးအျဖစ္ အေမရိကန္သို႔ အေျခခ် ေရာက္ရွိလာသည္။ ထုိ႔ေနာက္တြင္မူ ဘီလီယံနာ သူေဌးႀကီး ထရမ့္ႏွင့္ ၂၀၀၅ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။

Daily Mailက မိမိတို႔၏ သတင္း၌ မီလာနီယာသည္ ထိုအခ်ိန္က လိင္ေဖ်ာ္ေျဖမႈ ေထာက္ပံ့ေပးသည့္ ျပည့္တန္ဆာ တစ္ဦးအျဖစ္ အသက္ေမြးခဲ့သည္ဟု စြပ္စြဲခ်က္မ်ား ထြက္ေပၚခဲ့သည္ကိုသာ ေဖာ္ျပထားေၾကာင္း၊ ထိုစြပ္စြဲခ်က္ မွန္ကန္သည္ဟု ရည္ရြယ္ခ်က္ျဖင့္ ေရးသားမႈ လံုးဝမရွိေၾကာင္း ေျဖရွင္းထားသည္။

မီလာနီယာ၏ ေ႐ွ႕ေနမ်ားက Daily Mailႏွင့္ တာပေလတို႔၏ ေရးသားေဖာ္ျပမႈမ်ားသည္ မိမိတို႔၏ အမႈသည္အတြက္ အႀကီးအက်ယ္ ထိခုိက္နစ္နာေစသည္ဟု ယူဆသျဖင့္ တရားဥပေဒအရ တံု႔ျပန္သြားမည္ဟု ေၾကညာခဲ့သည္။ အဆိုပါ သတင္းမွ ေဖာ္ျပခ်က္သည္ ရာႏႈန္းျပည့္ မွားယြင္းေၾကာင္း၊ မီလာနီယာ၏ ပုဂၢိဳလ္ေရး ဘဝႏွင့္ ပေရာ္ဖက္ရွင္နယ္ ရပ္တည္မႈကို အလြန္အမင္း သက္ေရာက္မႈ ႀကီးမားေစသည့္အတြက္ နစ္နာေၾကး ေဒၚလာ သန္း ၁၅၀ ရရွိရန္ ေတာင္းဆိုေၾကာင္းလည္း အဆိုပါ ေၾကညာခ်က္တြင္ အတည္ျပဳ ထည့္သြင္း ေဖာ္ျပထားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Independent

#Unicode Version
 အတိတ်က ပြည့်တန်ဆာ တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးကြောင်း ရေးသားမှုအတွက် ဒေါ်နယ်လ်ထရမ့်၏ ဇနီးက ဗြိတိန်ထုတ် Daily Mail သတင်းစာကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ရီပတ်ဘလစ်ကန် ကိုယ်စားပြု အမေရိကန် သမ္မတလောင်း ထရမ့်၏ ဇနီးဖြစ်သူက အဆိုပါ တိုက်ခိုက်ရေးသားမှုမျိုးသည် မိမိ၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစေပြီး ဒေါ်လာ သန်း ၁၅၀ (စတာလင်ပေါင် ၁၁၃ သန်းမျှ) နစ်နာကြေး ရရှိလိုကြောင်း တရားစွဲဆို လျှောက်ထားခဲ့သည်။

Daily Mailအပြင် အမေရိကန်မှ Blogger တစ်ဦးဖြစ်သော ဝက်ဘ်စတာ တာပလေကိုလည်း အလားတူ ကိစ္စအတွက် မယ်လီနာထရမ့်က တရားစွဲထားသေးသည်။ ပြီးခဲ့သည့်လက ဖော်ပြခဲ့သော သတင်းတွင် မီလာနီယာ အနေဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များက နယူးယောက်သို့ စတင်ရောက်ရှိလာချိန်၌ မော်ဒယ်လ် အေဂျင်စီ တစ်ခုနှင့် ချိတ်ဆက်ကာ ချမ်းသာကြွယ်ဝသူများကို လိင်ဖျော်ဖြေသည့် ဝန်ဆောင်မှု ပေးခဲ့ကြောင်း Daily Mailက ရေးသားထားသည်။

အသက် ၄၆ နှစ် ရှိပြီဖြစ်သော မီလာနီယာသည် ဆလိုဗေးနီးယားတွင် မွေးဖွားခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် မော်ဒယ်လ် တစ်ဦးအဖြစ် အမေရိကန်သို့ အခြေချ ရောက်ရှိလာသည်။ ထို့နောက်တွင်မူ ဘီလီယံနာ သူဌေးကြီး ထရမ့်နှင့် ၂၀၀၅ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

Daily Mailက မိမိတို့၏ သတင်း၌ မီလာနီယာသည် ထိုအချိန်က လိင်ဖျော်ဖြေမှု ထောက်ပံ့ပေးသည့် ပြည့်တန်ဆာ တစ်ဦးအဖြစ် အသက်မွေးခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်ကိုသာ ဖော်ပြထားကြောင်း၊ ထိုစွပ်စွဲချက် မှန်ကန်သည်ဟု ရည်ရွယ်ချက်ဖြင့် ရေးသားမှု လုံးဝမရှိကြောင်း ဖြေရှင်းထားသည်။

မီလာနီယာ၏ ရှေ့နေများက Daily Mailနှင့် တာပလေတို့၏ ရေးသားဖော်ပြမှုများသည် မိမိတို့၏ အမှုသည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာစေသည်ဟု ယူဆသဖြင့် တရားဥပဒေအရ တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ သတင်းမှ ဖော်ပြချက်သည် ရာနှုန်းပြည့် မှားယွင်းကြောင်း၊ မီလာနီယာ၏ ပုဂ္ဂိုလ်ရေး ဘဝနှင့် ပရော်ဖက်ရှင်နယ် ရပ်တည်မှုကို အလွန်အမင်း သက်ရောက်မှု ကြီးမားစေသည့်အတွက် နစ်နာကြေး ဒေါ်လာ သန်း ၁၅၀ ရရှိရန် တောင်းဆိုကြောင်းလည်း အဆိုပါ ကြေညာချက်တွင် အတည်ပြု ထည့်သွင်း ဖော်ပြထားသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit: Independent
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top