Property Expo
×

‘ကင္ဆာေရာဂါသည္ေတြ၊ စစ္ေဘးနဲ႔ သဘာ၀ေဘးအႏၲရာယ္သင့္ ျပည္သူေတြ၊
ဆင္းရဲသားေတြကို ကူညီကယ္ဆယ္ၿပီး ေဆးကုသေပးခ်င္တာပါ’

■ ေခတ္မီတိုးတက္လာသည္နဲ႔အညီ ျမန္မာႏိုင္ငံရဲ႕ပညာေရး အခန္းက႑ေတြက တိုးတက္ေျပာင္းလဲတာကို ေတြ႕ျမင္ရမွာပါ။ ဒါ့အျပင္ ေက်ာင္းသားလူငယ္ေတြအေနနဲ႔ မိမိရဲ႕ ဘ၀တက္လမ္းအတြက္ ပညာသင္ၾကားရာမွာ ျပည္တြင္း ပညာေရးထက္ ႏိုင္ငံတကာပညာေရးကိုပါ ဦးစားေပးေရြးခ်ယ္မႈေတြ အမ်ားႀကီး ေတြ႕လာရပါတယ္။ ဒါ့အျပင္ ကမၻာ့ထိပ္တန္းေကာလိပ္၊ တကၠသိုလ္ကေနၿပီးေတာ့ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပညာသင္ဆုေတြ ခ်ီးျမႇင့္လာၾကပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ရွိ နာမည္ႀကီး ေကာလိပ္ျဖစ္တဲ့ CTC ေကာလိပ္မွႏွစ္ႏွစ္စာအတြက္ ရာႏႈန္းျပည့္ ပညာသင္ဆုရရွိခဲ့တဲ့ ျမန္မာေက်ာင္းသူ ေနာ္စင္တီဆြိႏွင့္ ေတြ႕ဆံု ေမးျမန္းျဖစ္ခဲ့သည္မ်ားကို ျပန္လည္ ေဖာ္ျပေပးလိုက္ရပါတယ္။

■ ေမး- အရင္ဆံုး ညီမအေၾကာင္းကို ေျပာျပေပးပါ။
ေျဖ- သမီးနာမည္က ေနာ္စင္တီဆြိပါ။ အသက္ကေတာ့ ၁၇ ႏွစ္ပါ။ ကရင္လူမ်ဳိးျဖစ္ပါတယ္။

■ ေမး- ေနာ္စင္တီဆြိကို ဘယ္ႏိုင္ငံရဲ႕ေကာလိပ္က ပညာသင္ဆုေပးအပ္ၿပီး ဘယ္လိုပညာသင္ဆုမ်ဳိးကို ရရွိခဲ့တာပါလဲ။ သြားေရာက္သင္ၾကားမယ့္ ဘာသာရပ္ေတြကို ေျပာျပပါ။
ေျဖ- သမီးကို ပညာသင္ဆု ေပးအပ္တဲ့ ေကာလိပ္က လန္ဒန္က CTC ေကာလိပ္ျဖစ္ပါတယ္။ ေပးအပ္တဲ့ ပညာသင္ဆုက ေက်ာင္းတက္ရမယ့္ ႏွစ္ႏွစ္လံုးအတြက္ ရာႏႈန္းျပည့္ Full စေကာလားအျပင္ ေနစရိတ္၊ စားစရိတ္ၿငိမ္း ေပးအပ္တဲ့ ပညာသင္ဆုျဖစ္ပါတယ္။ ႐ူပေဗဒ၊ ဓာတုေဗဒ၊ သခ်ၤာနဲ႔ ဇီ၀ေဗဒ ဘာသာရပ္ေတြကို သြားေရာက္သင္ၾကားမွာပါ။

■ ေမး- ေနာ္စင္တီဆြိအေနနဲ႔ အခုလို ပညာသင္ဆုရရွိေအာင္ ဘယ္လိုမ်ဳိးႀကိဳးပမ္းခဲ့ရလဲ။
ေမး- သမီးက International School တက္တာပါ။ သမီးအခုလို ပညာသင္ဆုရရွိခဲ့တာကေတာ့ သမီးတက္တဲ့ေက်ာင္းက လစဥ္လတိုင္း Activity ေတြ၊ Fun fair ေတြ၊ Competition ေတြ အမ်ားႀကီးလုပ္တယ္။ အဲဒီလို လုပ္တိုင္းမွာလည္း သမီးပါ၀င္ခဲ့တယ္။ ဆုေတြလည္းရတယ္။ အဲဒီေတာ့ Certificate ေတြလည္းရခဲ့တယ္။ ဒါေတြကလည္း အခုလို ပညာသင္ဆုရရွိဖို႔အတြက္ အေထာက္အကူျဖစ္တယ္။ ေနာက္ၿပီးေတာ့ iGCSE ကိုလည္း ေျဖခဲ့တယ္။ အမွတ္လည္း ေကာင္းေကာင္းရတယ္။ ေနာက္ၿပီးေတာ့ Regent Consultancy က လုပ္တဲ့ Seminar မွာလည္း စေကာလားရွစ္ေျဖေတာ့ အမွတ္ေကာင္းေကာင္း ရခဲ့တယ္။ အဲဒါေၾကာင့္ ဒီပညာသင္ဆုကို ရခဲ့တာပါ။

■ ေမး- ဒီပညာသင္ဆုကို ရယူႏိုင္ေအာင္လုပ္ေဆာင္ခဲ့တဲ့ ရည္ရြယ္ခ်က္ေလးကို ေျပာျပပါ။
ေျဖ- ပညာသင္ဆုကေတာ့ ေက်ာင္းသားတိုင္း လိုခ်င္ၾကတာပါပဲ။ သမီးရည္ရြယ္ခ်က္ကေတာ့ ႏိုင္ငံျခားမွာပညာသင္ၿပီး အဂၤလိပ္စာစေကးကို တိုးတက္ခ်င္တယ္။ ပညာသြား သင္ခ်င္တယ္။ အဲဒါေၾကာင့္ စေကာလားရွစ္ရေအာင္ ေျဖခဲ့တာပါ။ ေနာက္ၿပီး သမီးရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ခြဲစိတ္ဆရာ၀န္ႀကီး ျဖစ္ခ်င္တာပါ။ ဒါေၾကာင့္မို႔လို႕ လန္ဒန္မွာ ေက်ာင္းသြားတက္ႏိုင္ေအာင္ အခုလိုရည္ရြယ္ခ်က္နဲ႔ ပညာသင္ဆုရေအာင္ လုပ္ေဆာင္ခဲ့တာပါ။

■ ေမး- လန္ဒန္မွာ ဘယ္ဘာသာရပ္ကို ဆည္းပူးမွာပါလဲ။
ေျဖ- သမီး သင္ၾကားရမယ့္ ဘာသာရပ္က ဘာနဲ႔သက္ဆိုင္လဲဆိုေတာ့ ေဆးပညာရပ္နဲ႔ဆိုင္တဲ့ပညာရပ္ကို သင္ၾကားရမွာျဖစ္ပါတယ္။ အဓိက,ကေတာ့ ခြဲစိတ္ဆရာ၀န္ျဖစ္ခ်င္တယ္။ ခြဲစိတ္ဆရာ၀န္ မျဖစ္ဘူးဆိုရင္ ေဆးပညာရပ္နဲ႔ပတ္သက္တဲ့ ပညာရပ္ေတြကို ေလ့လာမယ္။သမီးအေနနဲ႔ ကင္ဆာေရာဂါသည္ေတြ၊ စစ္ေဘးနဲ႔ သဘာ၀ေဘးအႏၲရာယ္သင့္ျပည္သူေတြ၊ ဆင္းရဲသားေတြကို ကူညီကယ္ဆယ္ၿပီး ေဆးကုသေပးခ်င္တာပါ။ အဲဒါေၾကာင့္ ေကာလိပ္ေအာင္ျမင္တာနဲ႔ ေဆးပညာရပ္ကို ေလ့လာဆည္းပူးမွာပါ။

■ ေမး – ေနာ္စင္တီဆြိအေနနဲ႔ ေက်ာင္းၿပီးလို႔ ဘြဲ႕ရၿပီးရင္ ျမန္မာႏုိင္ငံအတြက္ ဘယ္လုိအက်ဳိးရွိတဲ့လုပ္ငန္းေတြ လုပ္ေဆာင္သြားမွာပါလဲ။
ေျဖ- သမီးရဲ႕ေမြးရပ္ေျမက ျမန္မာႏိုင္ငံျဖစ္တဲ့အတြက္ ကိုယ့္ႏိုင္ငံကိုျပန္လာၿပီး ဆင္းရဲတဲ့သူေတြကို ျပန္ၿပီးေဆးကုေပးမွာပါ။ ကိုယ့္ႏိုင္ငံကိုအက်ဳိးျပဳၿပီး ကိုယ့္ေၾကာင့္ ႏိုင္ငံတိုးတက္တာကို ျမင္ခ်င္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းၿပီးလို႔ လုပ္ငန္းခြင္၀င္ရမယ္ဆိုရင္ ကိုယ့္ႏိုင္ငံကိုပဲျပန္လာၿပီး အက်ဳိးျပဳသြားမွာပါ။

■ ေမး-ပညာသင္ဆုေပးအပ္တဲ့ ေကာလိပ္ရဲ႕ History ကို ေျပာျပေပးပါ။
ေျဖ- ဒီ CTC ေကာလိပ္က လန္ဒန္မွာ လူသိမ်ားၿပီး နာမည္ႀကီးတဲ့ေကာလိပ္ျဖစ္တယ္။ ဒီေကာလိပ္မွာတက္ၿပီး A Level ကိုေျဖလို႔ အမွတ္ေကာင္းရင္ အမွတ္ေပၚမူတည္ၿပီး နာမည္ႀကီး တကၠသိုလ္ေတြမွာ တက္ေရာက္ခြင့္ရမွာပါ။

■ ေမး-ေကာလိပ္ၿပီးရင္ေရာ လန္ဒန္ရဲ႕ဘယ္တကၠသိုလ္မွာ တက္ဖို႔စဥ္းစားထားပါလဲ။
ေျဖ- CTC ေကာလိပ္မွာ ႏွစ္ႏွစ္ေက်ာင္းတက္ၿပီးရင္ Cambridge နဲ႔ Oxford University ေတြမွာ ေဆးပညာရပ္ကို သင္ၾကားဖို႔ စဥ္းစားထားပါတယ္။

■ ေမး – CTC ေကာလိပ္ကေနၿပီးေတာ့ ေနာ္စင္တီဆိြကို ေပးအပ္တဲ့ပညာသင္ဆုက ေက်ာင္းသား ဘယ္ႏွေယာက္ ေပးခဲ့ဖူးလဲ။
ေျဖ – ႏိုင္ငံတကာေက်ာင္းသားေတြထဲမွာ ညီမအပါအ၀င္ ေက်ာင္းသား၊ ေက်ာင္းသူ သံုးေယာက္ပဲ ဒီပညာသင္ဆုကို ရရွိခဲ့ဖူးပါတယ္။ ျမန္မာႏုိင္ငံမွာဆိုရင္ သမီးက ပထမဆံုးပါ။

■ ေမး – ေနာ္စင္တီဆြိလို ကမၻာ့အဆင္မီေက်ာင္းေတြမွာ တက္ေရာက္ၿပီး ပညာသင္ဆုရယူလိုတဲ့ ျမန္မာေက်ာင္းသားေတြကို ဘယ္လိုမ်ဳိး စကားလက္ေဆာင္ ပါးခ်င္ပါလဲ။
ေျဖ-ကိုယ္ျဖစ္ခ်င္တာကို ဘာမွမေတြးဘဲနဲ႔ Focus တစ္ခုထားျပီးေတာ့ ကိုယ္ျဖစ္ခ်င္တာကို ႀကိဳးစားၿပီး ရေအာင္လုပ္ပါလို႔ ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
‘ကင်ဆာရောဂါသည်တွေ၊ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေ၊
ဆင်းရဲသားတွေကို ကူညီကယ်ဆယ်ပြီး ဆေးကုသပေးချင်တာပါ’

■ ခေတ်မီတိုးတက်လာသည်နဲ့အညီ မြန်မာနိုင်ငံရဲ့ပညာရေး အခန်းကဏ္ဍတွေက တိုးတက်ပြောင်းလဲတာကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် ကျောင်းသားလူငယ်တွေအနေနဲ့ မိမိရဲ့ ဘဝတက်လမ်းအတွက် ပညာသင်ကြားရာမှာ ပြည်တွင်း ပညာရေးထက် နိုင်ငံတကာပညာရေးကိုပါ ဦးစားပေးရွေးချယ်မှုတွေ အများကြီး တွေ့လာရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ထိပ်တန်းကောလိပ်၊ တက္ကသိုလ်ကနေပြီးတော့ မြန်မာကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုတွေ ချီးမြှင့်လာကြပါတယ်။ အခုဖော်ပြပေးမှာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ နာမည်ကြီး ကောလိပ်ဖြစ်တဲ့ CTC ကောလိပ်မှနှစ်နှစ်စာအတွက် ရာနှုန်းပြည့် ပညာသင်ဆုရရှိခဲ့တဲ့ မြန်မာကျောင်းသူ နော်စင်တီဆွိနှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်များကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

■ မေး- အရင်ဆုံး ညီမအကြောင်းကို ပြောပြပေးပါ။
ဖြေ- သမီးနာမည်က နော်စင်တီဆွိပါ။ အသက်ကတော့ ၁၇ နှစ်ပါ။ ကရင်လူမျိုးဖြစ်ပါတယ်။

■ မေး- နော်စင်တီဆွိကို ဘယ်နိုင်ငံရဲ့ကောလိပ်က ပညာသင်ဆုပေးအပ်ပြီး ဘယ်လိုပညာသင်ဆုမျိုးကို ရရှိခဲ့တာပါလဲ။ သွားရောက်သင်ကြားမယ့် ဘာသာရပ်တွေကို ပြောပြပါ။
ဖြေ- သမီးကို ပညာသင်ဆု ပေးအပ်တဲ့ ကောလိပ်က လန်ဒန်က CTC ကောလိပ်ဖြစ်ပါတယ်။ ပေးအပ်တဲ့ ပညာသင်ဆုက ကျောင်းတက်ရမယ့် နှစ်နှစ်လုံးအတွက် ရာနှုန်းပြည့် Full စကောလားအပြင် နေစရိတ်၊ စားစရိတ်ငြိမ်း ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ရူပဗေဒ၊ ဓာတုဗေဒ၊ သချၤာနဲ့ ဇီဝဗေဒ ဘာသာရပ်တွေကို သွားရောက်သင်ကြားမှာပါ။

■ မေး- နော်စင်တီဆွိအနေနဲ့ အခုလို ပညာသင်ဆုရရှိအောင် ဘယ်လိုမျိုးကြိုးပမ်းခဲ့ရလဲ။
မေး- သမီးက International School တက်တာပါ။ သမီးအခုလို ပညာသင်ဆုရရှိခဲ့တာကတော့ သမီးတက်တဲ့ကျောင်းက လစဉ်လတိုင်း Activity တွေ၊ Fun fair တွေ၊ Competition တွေ အများကြီးလုပ်တယ်။ အဲဒီလို လုပ်တိုင်းမှာလည်း သမီးပါဝင်ခဲ့တယ်။ ဆုတွေလည်းရတယ်။ အဲဒီတော့ Certificate တွေလည်းရခဲ့တယ်။ ဒါတွေကလည်း အခုလို ပညာသင်ဆုရရှိဖို့အတွက် အထောက်အကူဖြစ်တယ်။ နောက်ပြီးတော့ iGCSE ကိုလည်း ဖြေခဲ့တယ်။ အမှတ်လည်း ကောင်းကောင်းရတယ်။ နောက်ပြီးတော့ Regent Consultancy က လုပ်တဲ့ Seminar မှာလည်း စကောလားရှစ်ဖြေတော့ အမှတ်ကောင်းကောင်း ရခဲ့တယ်။ အဲဒါကြောင့် ဒီပညာသင်ဆုကို ရခဲ့တာပါ။

■ မေး- ဒီပညာသင်ဆုကို ရယူနိုင်အောင်လုပ်ဆောင်ခဲ့တဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါ။
ဖြေ- ပညာသင်ဆုကတော့ ကျောင်းသားတိုင်း လိုချင်ကြတာပါပဲ။ သမီးရည်ရွယ်ချက်ကတော့ နိုင်ငံခြားမှာပညာသင်ပြီး အင်္ဂလိပ်စာစကေးကို တိုးတက်ချင်တယ်။ ပညာသွား သင်ချင်တယ်။ အဲဒါကြောင့် စကောလားရှစ်ရအောင် ဖြေခဲ့တာပါ။ နောက်ပြီး သမီးရဲ့ ရည်ရွယ်ချက်ကတော့ ခွဲစိတ်ဆရာဝန်ကြီး ဖြစ်ချင်တာပါ။ ဒါကြောင့်မို့လို့ လန်ဒန်မှာ ကျောင်းသွားတက်နိုင်အောင် အခုလိုရည်ရွယ်ချက်နဲ့ ပညာသင်ဆုရအောင် လုပ်ဆောင်ခဲ့တာပါ။

■ မေး- လန်ဒန်မှာ ဘယ်ဘာသာရပ်ကို ဆည်းပူးမှာပါလဲ။
ဖြေ- သမီး သင်ကြားရမယ့် ဘာသာရပ်က ဘာနဲ့သက်ဆိုင်လဲဆိုတော့ ဆေးပညာရပ်နဲ့ဆိုင်တဲ့ပညာရပ်ကို သင်ကြားရမှာဖြစ်ပါတယ်။ အဓိက,ကတော့ ခွဲစိတ်ဆရာဝန်ဖြစ်ချင်တယ်။ ခွဲစိတ်ဆရာဝန် မဖြစ်ဘူးဆိုရင် ဆေးပညာရပ်နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို လေ့လာမယ်။သမီးအနေနဲ့ ကင်ဆာရောဂါသည်တွေ၊ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်သင့်ပြည်သူတွေ၊ ဆင်းရဲသားတွေကို ကူညီကယ်ဆယ်ပြီး ဆေးကုသပေးချင်တာပါ။ အဲဒါကြောင့် ကောလိပ်အောင်မြင်တာနဲ့ ဆေးပညာရပ်ကို လေ့လာဆည်းပူးမှာပါ။

■ မေး – နော်စင်တီဆွိအနေနဲ့ ကျောင်းပြီးလို့ ဘွဲ့ရပြီးရင် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးရှိတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါလဲ။
ဖြေ- သမီးရဲ့မွေးရပ်မြေက မြန်မာနိုင်ငံဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကိုပြန်လာပြီး ဆင်းရဲတဲ့သူတွေကို ပြန်ပြီးဆေးကုပေးမှာပါ။ ကိုယ့်နိုင်ငံကိုအကျိုးပြုပြီး ကိုယ့်ကြောင့် နိုင်ငံတိုးတက်တာကို မြင်ချင်ပါတယ်။ ဒါကြောင့် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ရမယ်ဆိုရင် ကိုယ့်နိုင်ငံကိုပဲပြန်လာပြီး အကျိုးပြုသွားမှာပါ။

■ မေး-ပညာသင်ဆုပေးအပ်တဲ့ ကောလိပ်ရဲ့ History ကို ပြောပြပေးပါ။
ဖြေ- ဒီ CTC ကောလိပ်က လန်ဒန်မှာ လူသိများပြီး နာမည်ကြီးတဲ့ကောလိပ်ဖြစ်တယ်။ ဒီကောလိပ်မှာတက်ပြီး A Level ကိုဖြေလို့ အမှတ်ကောင်းရင် အမှတ်ပေါ်မူတည်ပြီး နာမည်ကြီး တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရမှာပါ။

■ မေး-ကောလိပ်ပြီးရင်ရော လန်ဒန်ရဲ့ဘယ်တက္ကသိုလ်မှာ တက်ဖို့စဉ်းစားထားပါလဲ။
ဖြေ- CTC ကောလိပ်မှာ နှစ်နှစ်ကျောင်းတက်ပြီးရင် Cambridge နဲ့ Oxford University တွေမှာ ဆေးပညာရပ်ကို သင်ကြားဖို့ စဉ်းစားထားပါတယ်။

■ မေး – CTC ကောလိပ်ကနေပြီးတော့ နော်စင်တီဆွိကို ပေးအပ်တဲ့ပညာသင်ဆုက ကျောင်းသား ဘယ်နှယောက် ပေးခဲ့ဖူးလဲ။
ဖြေ – နိုင်ငံတကာကျောင်းသားတွေထဲမှာ ညီမအပါအဝင် ကျောင်းသား၊ ကျောင်းသူ သုံးယောက်ပဲ ဒီပညာသင်ဆုကို ရရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် သမီးက ပထမဆုံးပါ။

■ မေး – နော်စင်တီဆွိလို ကမ္ဘာ့အဆင်မီကျောင်းတွေမှာ တက်ရောက်ပြီး ပညာသင်ဆုရယူလိုတဲ့ မြန်မာကျောင်းသားတွေကို ဘယ်လိုမျိုး စကားလက်ဆောင် ပါးချင်ပါလဲ။
ဖြေ-ကိုယ်ဖြစ်ချင်တာကို ဘာမှမတွေးဘဲနဲ့ Focus တစ်ခုထားပြီးတော့ ကိုယ်ဖြစ်ချင်တာကို ကြိုးစားပြီး ရအောင်လုပ်ပါလို့ ပြောချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top