Kantharyar Centre
×

ေဖ့စ္ဘြတ္ေပၚမွာ friend request ပို႔လာသူကို လက္ခံဖုိ႔ဆိုရင္ အဲ့လူကို ဘယ္လိုလူမ်ိဳးလဲဆိုတာ အကဲခတ္ဖို႕ အရင္ဆံုးၾကည့္မိတတ္ၾကတာက Profile Picture ပါ။ ဒါဆုိရင္ ကိုယ့္ Profile Picture က ၾကည့္လို႕ေကာင္းရံုတင္မကဘဲ ဆြဲေဆာင္မႈအျပည့္နဲ႕ Crush ခ်င္စရာ ပံုမ်ိဳးေလးဆိုရင္ေတာ့ တစ္ပန္းသာတာေပါ့။ အဲ့ဒီလိုပံုမ်ိဳးရေအာင္ ဓာတ္ပံုရိုက္ခ်င္တယ္ဆိုရင္ ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေလးေတြနဲ႔ ကိုက္ညီဖို႔ေတာ့ လိုပါတယ္။

၁။ ကိုယ္တစ္ေယာက္တည္း

ျဖစ္ႏိုင္ရင္ ကိုယ္တစ္ေယာက္တည္းပါေအာင္ရိုက္ပါ။ တျခားလူေတြဘယ္သူမွမပါမွ ဒီ Account ပိုင္ရွင္က ဒီလူဆိုတာသိရေအာင္ ရိုက္ဖို႕လိုတာပါ။

 ၂။ ကင္မရာကိုခ်စ္

ဓာတ္ပံုရိုက္တဲ့အခ်ိန္မွာ ကင္မရာကို ကိုယ့္ခ်စ္သူကိုၾကည့္သလို ရႊန္းရႊန္းစားစားၾကည့္တတ္ဖို႕လိုပါတယ္။ လိုတာထက္မပိုဘဲ ညႇိဳ႕ဆြဲငင္အားနဲ႕ ကင္မရာကိုၾကည့္ျပီးရိုက္ႏိုင္ရင္ အေကာင္းဆံုးပါ။ Selfie ျဖစ္ျဖစ္၊ တစ္ျခားတစ္ေယာက္ေယာက္က ရိုက္ေပးတာျဖစ္ျဖစ္ေပါ့။

၃။ အရည္အေသြးေကာင္း

က်န္တဲ့ပံုေတြထက္ Profile Picture က ပိုျပီးအရည္အေသြးေကာင္းေကာင္းနဲ႕ ၾကည္လင္ျပတ္သားဖို႕လိုပါတယ္။ ျပီးမွ Effect ထည့္တာ၊ ျပင္တာဆင္တာတစ္ပိုင္းေပါ့။ ျဖစ္ႏုိင္ရင္ မ်က္ႏွာကိုအဓိကၾကည္လင္ျပတ္သားစြာျမင္တဲ့ေနရာမွာ ရိုက္ဖုိ႕လိုပါတယ္။

၄။ ကိုယ္ထည္

မ်က္ႏွာခ်ည္းပဲကြက္ရိုက္တာမ်ိဳးက်ေတာ့လည္း အဆင္မေျပျပန္ပါဘူး။ လွပတဲ့ရႈေမွ်ာ္ခင္းတစ္ခုခုနဲ႕ျဖစ္ျဖစ္၊ ေနာက္ခံ Background တစ္ခုခုနဲ႕ျဖစ္ျဖစ္ရိုက္ပါ။ ဒါေပမယ့္ ေျပာခဲ့သလိုပဲ ေနာက္ခံေတြဘယ္ေလာက္လွလွ၊ ကိုယ့္ရဲ႕မ်က္ႏွာနဲ႕ကုိယ္ထည္ကေတာ့ ၾကည္ၾကည္လင္လင္ရွင္းရွင္းလင္းလင္းျမင္ေနရဖို႕လိုပါတယ္။

၅။ ျပင္ဆင္မႈ

ဓာတ္ပံုရိုက္ျပီးမွာ App ေတြနဲ႕ ၾကိဳက္သလို အလွဆင္ျပင္ဆင္ႏိုင္သလို၊ မရိုက္ခင္ကိုယ့္ကိုယ္ကိုယ္အလွျပင္ထားျပီးမွ ဓာတ္ပံုတန္းရိုက္လည္းအဆင္ေျပပါတယ္။ ျဖစ္ႏုိင္ရင္ေတာ့ အလွျပင္ထားမွန္း၊ Effect ေတြထည့္၊ App ေတြသံုးထားမွန္း အရမ္းမသိသာဘဲ သဘာ၀ဆန္ဆန္နဲ႕လွလည္းလွေအာင္ရိုက္တတ္ဖို႔ေတာ့ လိုပါတယ္။

၆။ လိုက္ဖက္မႈ

လူဆိုတာ ကိုယ့္မ်က္ႏွာအေနအထား၊ ကိုယ္လံုးကိုယ္ထည္က ဘယ္လိုပံုစံမ်ိဳးနဲ႕လိုက္ဖက္မႈရွိလဲ သိဖို႔လိုပါတယ္။ အတည့္ေနတာ၊ ေဘးတစ္ေစာင္းရိုက္တာ၊ ႏႈတ္ခမ္းဟထားတာ၊ မ်က္စိတစ္ဖက္မွိတ္တာ စသျဖင့္ ကိုယ္နဲ႕လိုက္ဖက္မႈအရွိဆံုးအေနအထားကို အမိအရရိုက္ယူႏုိင္ဖို႕က အေရးၾကီးပါတယ္။ အ၀တ္အစားနဲ႕ အျပင္အဆင္အေရာင္ေရြးခ်ယ္တာလည္း ကိုယ္အႀကိဳက္ဆံုးအေရာင္ထက္ ကိုယ္နဲ႕ၾကည့္အေကာင္းဆံုးျဖစ္မယ့္အေရာင္ျဖစ္ဖို႕လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဖေ့စ်ဘွတ်ပေါ်မှာ friend request ပို့လာသူကို လက်ခံဖို့ဆိုရင် အဲ့လူကို ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ဖို့ အရင်ဆုံးကြည့်မိတတ်ကြတာက Profile Picture ပါ။ ဒါဆိုရင် ကိုယ့် Profile Picture က ကြည့်လို့ကောင်းရုံတင်မကဘဲ ဆွဲဆောင်မှုအပြည့်နဲ့ Crush ချင်စရာ ပုံမျိုးလေးဆိုရင်တော့ တစ်ပန်းသာတာပေါ့။ အဲ့ဒီလိုပုံမျိုးရအောင် ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေနဲ့ ကိုက်ညီဖို့တော့ လိုပါတယ်။

၁။ ကိုယ်တစ်ယောက်တည်း

ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းပါအောင်ရိုက်ပါ။ တခြားလူတွေဘယ်သူမှမပါမှ ဒီ Account ပိုင်ရှင်က ဒီလူဆိုတာသိရအောင် ရိုက်ဖို့လိုတာပါ။

 ၂။ ကင်မရာကိုချစ်

ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကင်မရာကို ကိုယ့်ချစ်သူကိုကြည့်သလို ရွှန်းရွှန်းစားစားကြည့်တတ်ဖို့လိုပါတယ်။ လိုတာထက်မပိုဘဲ ညှို့ဆွဲငင်အားနဲ့ ကင်မရာကိုကြည့်ပြီးရိုက်နိုင်ရင် အကောင်းဆုံးပါ။ Selfie ဖြစ်ဖြစ်၊ တစ်ခြားတစ်ယောက်ယောက်က ရိုက်ပေးတာဖြစ်ဖြစ်ပေါ့။

၃။ အရည်အသွေးကောင်း

ကျန်တဲ့ပုံတွေထက် Profile Picture က ပိုပြီးအရည်အသွေးကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားဖို့လိုပါတယ်။ ပြီးမှ Effect ထည့်တာ၊ ပြင်တာဆင်တာတစ်ပိုင်းပေါ့။ ဖြစ်နိုင်ရင် မျက်နှာကိုအဓိကကြည်လင်ပြတ်သားစွာမြင်တဲ့နေရာမှာ ရိုက်ဖို့လိုပါတယ်။

၄။ ကိုယ်ထည်

မျက်နှာချည်းပဲကွက်ရိုက်တာမျိုးကျတော့လည်း အဆင်မပြေပြန်ပါဘူး။ လှပတဲ့ရှုမျှော်ခင်းတစ်ခုခုနဲ့ဖြစ်ဖြစ်၊ နောက်ခံ Background တစ်ခုခုနဲ့ဖြစ်ဖြစ်ရိုက်ပါ။ ဒါပေမယ့် ပြောခဲ့သလိုပဲ နောက်ခံတွေဘယ်လောက်လှလှ၊ ကိုယ့်ရဲ့မျက်နှာနဲ့ကိုယ်ထည်ကတော့ ကြည်ကြည်လင်လင်ရှင်းရှင်းလင်းလင်းမြင်နေရဖို့လိုပါတယ်။

၅။ ပြင်ဆင်မှု

ဓာတ်ပုံရိုက်ပြီးမှာ App တွေနဲ့ ကြိုက်သလို အလှဆင်ပြင်ဆင်နိုင်သလို၊ မရိုက်ခင်ကိုယ့်ကိုယ်ကိုယ်အလှပြင်ထားပြီးမှ ဓာတ်ပုံတန်းရိုက်လည်းအဆင်ပြေပါတယ်။ ဖြစ်နိုင်ရင်တော့ အလှပြင်ထားမှန်း၊ Effect တွေထည့်၊ App တွေသုံးထားမှန်း အရမ်းမသိသာဘဲ သဘာဝဆန်ဆန်နဲ့လှလည်းလှအောင်ရိုက်တတ်ဖို့တော့ လိုပါတယ်။

၆။ လိုက်ဖက်မှု

လူဆိုတာ ကိုယ့်မျက်နှာအနေအထား၊ ကိုယ်လုံးကိုယ်ထည်က ဘယ်လိုပုံစံမျိုးနဲ့လိုက်ဖက်မှုရှိလဲ သိဖို့လိုပါတယ်။ အတည့်နေတာ၊ ဘေးတစ်စောင်းရိုက်တာ၊ နှုတ်ခမ်းဟထားတာ၊ မျက်စိတစ်ဖက်မှိတ်တာ စသဖြင့် ကိုယ်နဲ့လိုက်ဖက်မှုအရှိဆုံးအနေအထားကို အမိအရရိုက်ယူနိုင်ဖို့က အရေးကြီးပါတယ်။ အဝတ်အစားနဲ့ အပြင်အဆင်အရောင်ရွေးချယ်တာလည်း ကိုယ်အကြိုက်ဆုံးအရောင်ထက် ကိုယ်နဲ့ကြည့်အကောင်းဆုံးဖြစ်မယ့်အရောင်ဖြစ်ဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top