Kantharyar Centre
×

ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိက ဂိုးသမားအျဖစ္ ရပ္တည္ေနတဲ့ Courtois ကေတာ့ သူဟာ လာလီဂါမွာ ျပန္လည္ ကစားဖို႔ ဆႏၵရွိေနၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိသြားမွာမဟုတ္ဘူးလုိ႔ ဝန္ခံလုိက္ပါတယ္။

Courtois ဟာ ၂၀၁၄ ခုႏွစ္တုန္းက အက္သလက္တီကိုအသင္းကေန ခ်ယ္လ္ဆီးကို ျပန္လည္ ေျပာင္းေရႊ႕လာရခ်ိန္မွာ ဝမ္းနည္းလြန္းလို႔ ငိုေၾကြးခဲ့ၿပီး စပိ္န္လူေနမႈပံုစံကို အရမ္းကို သေဘာက်တယ္လုိ႔ ဝန္ခံေျပာၾကားခဲ့တာပါ။

Courtois ဟာ ၂၀၁၁ ခုႏွစ္အတြင္းမွာ ဘယ္လ္ဂ်ီယံကလပ္ ဂ်န္႔အသင္းကေန ခ်ယ္လ္ဆီးအသင္းကို အၿပီးသတ္ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ခ်ယ္လ္ဆီးရဲ႕ ထံုးစံအတိုင္း အက္သလက္တီကိုအသင္းကို သံုးရာသီၾကာ အငွားေစလႊတ္ျခင္းခံခဲ့ရတာပါ။ အက္သလက္တီကိုအသင္းမွာ ကစားစဥ္အတြင္းမွာေတာ့ ေအာင္ျမင္မႈေတြလည္း ရယူႏုိင္ခဲ့ၿပီး ယူရုိပါလိဂ္အပါအဝင္ စပိန္ျပည္တြင္းဖလားေတြကိုပါ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္က စပိန္ေသြးတစ္ဝက္ပါတယ္လုိ႔ေတာင္ ကိုယ့္ဟာကုိယ္ခံစားမိယတ္။ ကၽြန္ေတာ္ စပိန္ႏႈတ္ဆက္ခဲ့ရတုန္းက ကၽြန္ေတာ့္ရဲ႕အခ်ိန္ေတြက ဆိုးရြားခဲ့တယ္။ ကၽြန္ေတာ္ အဂၤလန္ျပန္ဖို႔ကို ေသြးေအးေနခဲ့တယ္။ မလြယ္ပါဘူးဗ်ာ။ ကၽြန္ေတာ္ငိုေတာင္ ငိုခဲ့တာပါ” လို႔ Courtois က ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ့္မိသားစုလို အက္သလက္က ျဖစ္ေနတာ။ အဲ့ဒီက ေမတၱာေတြကို ကၽြန္ေတာ္ခံစားခဲ့ရပါတယ္။ ကၽြန္ေတာ္က စပိန္အစားအစာ ၊ စပိန္လူမ်ိဳး၊ စပိန္လူေနမႈပံုစံေတြကုိ ႏွစ္သက္ပါတယ္။ ကၽြန္ေတာ္က စပိန္လူမ်ိဳးတစ္ဝက္ျဖစ္ေနပါၿပီ” လို႔  Courtois က အပြင့္လင္းဆံုး ဝန္ခံေျပာၾကားခဲ့ပါတယ္။

ေကာ္တိုအာဟာ ေလာေလာဆယ္မွာေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႔ သံုးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ၂၀၁၈ အေရာက္မွာေတာ့ စာခ်ဳပ္သက္တမ္းရဲ႕ ေနာက္ဆံုးႏွစ္ထဲကို ေရာက္သြားေတာ့မွာပါ။ အဲ့ဒီအခ်ိန္က်ရင္ေတာ့ Courtois ဟာ စပိန္ကို ျပန္ေျပာင္းေရႊ႕ဖို႔ အတြက္ စဥ္းစားသြားမယ္လုို႔ ေျပာၾကားခဲ့တာပါ။

 Courtois ကိုေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ဆႏၵရွိေနတယ္လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ချယ်လ်ဆီးအသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ရပ်တည်နေတဲ့ Courtois ကတော့ သူဟာ လာလီဂါမှာ ပြန်လည် ကစားဖို့ ဆန္ဒရှိနေပြီး ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားမှာမဟုတ်ဘူးလို့ ဝန်ခံလိုက်ပါတယ်။

Courtois ဟာ ၂၀၁၄ ခုနှစ်တုန်းက အက်သလက်တီကိုအသင်းကနေ ချယ်လ်ဆီးကို ပြန်လည် ပြောင်းရွှေ့လာရချိန်မှာ ဝမ်းနည်းလွန်းလို့ ငိုကြွေးခဲ့ပြီး စပိန်လူနေမှုပုံစံကို အရမ်းကို သဘောကျတယ်လို့ ဝန်ခံပြောကြားခဲ့တာပါ။

Courtois ဟာ ၂၀၁၁ ခုနှစ်အတွင်းမှာ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းကနေ ချယ်လ်ဆီးအသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးရဲ့ ထုံးစံအတိုင်း အက်သလက်တီကိုအသင်းကို သုံးရာသီကြာ အငှားစေလွှတ်ခြင်းခံခဲ့ရတာပါ။ အက်သလက်တီကိုအသင်းမှာ ကစားစဉ်အတွင်းမှာတော့ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်အပါအဝင် စပိန်ပြည်တွင်းဖလားတွေကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က စပိန်သွေးတစ်ဝက်ပါတယ်လို့တောင် ကိုယ့်ဟာကိုယ်ခံစားမိယတ်။ ကျွန်တော် စပိန်နှုတ်ဆက်ခဲ့ရတုန်းက ကျွန်တော့်ရဲ့အချိန်တွေက ဆိုးရွားခဲ့တယ်။ ကျွန်တော် အင်္ဂလန်ပြန်ဖို့ကို သွေးအေးနေခဲ့တယ်။ မလွယ်ပါဘူးဗျာ။ ကျွန်တော်ငိုတောင် ငိုခဲ့တာပါ” လို့ Courtois က ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မိသားစုလို အက်သလက်က ဖြစ်နေတာ။ အဲ့ဒီက မေတ္တာတွေကို ကျွန်တော်ခံစားခဲ့ရပါတယ်။ ကျွန်တော်က စပိန်အစားအစာ ၊ စပိန်လူမျိုး၊ စပိန်လူနေမှုပုံစံတွေကို နှစ်သက်ပါတယ်။ ကျွန်တော်က စပိန်လူမျိုးတစ်ဝက်ဖြစ်နေပါပြီ” လို့  Courtois က အပွင့်လင်းဆုံး ဝန်ခံပြောကြားခဲ့ပါတယ်။

ကော်တိုအာဟာ လောလောဆယ်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုထားပြီး ၂၀၁၈ အရောက်မှာတော့ စာချုပ်သက်တမ်းရဲ့ နောက်ဆုံးနှစ်ထဲကို ရောက်သွားတော့မှာပါ။ အဲ့ဒီအချိန်ကျရင်တော့ Courtois ဟာ စပိန်ကို ပြန်ပြောင်းရွှေ့ဖို့ အတွက် စဉ်းစားသွားမယ်လို့ ပြောကြားခဲ့တာပါ။

 Courtois ကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top