Property Expo
×




Credit: Trend Myanmar

#Unicode Version

တစ်လ comment အခု ၆၀၊ တစ်နေ့ comment ၂ ခုက အိမ်ထောင်ပြုသလို သို့မဟုတ် ကလေးရသလိုကို စိတ်ချမ်းသာပျော်ရွှင်ကျေနပ်မှု ခံစားချက်ဖြစ်စေနိုင်တယ်လို့ သုတေသနလေ့လာမှုအသစ်က ဖော်ပြထားပါတယ်။

လူတွေကို တကယ်စိတ်မြေ့မှုရစေတဲ့အရာက သူတို့သိကျွမ်းပြီး ဂရုစိုက်တဲ့သူတွေ ကိုယ်ရေးကိုယ်တာ ပို့စ်တွေနဲ့ ကော်မန့်တွေ ရေးတဲ့အချိန် ဖြစ်ပါတယ်။ ပို့စ်တွေဖတ်တာ သို့မဟုတ် feedback တွေ like ပေးတာက များစွာပြောင်းလဲစေတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ထဲထဲဝင်ဝင် ပိုမိုပြောဆိုလာတဲ့အခါ စိတ်ခံစားချက် ပိုသက်သာသွားတယ်လို့ သုတေသီတစ်ဦးဖြစ်တဲ့ Robert Kraut က ဆိုပါတယ်။ အပြင်မှာလူချင်းတွေ့ဆုံ စကားပြောဆိုတဲ့အခါမှာလည်း အလားတူဖြစ်တယ်လို့ Kraut က မှတ်ချက်ပြုထားပါတယ်။

ယင်းလေ့လာမှုကို နိုင်ငံ ၉၁ နိုင်ငံမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၉၁၀ ကို အခြေခံထားပါတယ်။ သူငယ်ချင်းတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ အပြန်အလှန်တုန့်ပြန်မှုတွေက စိတ်ကျေနပ်မှု၊ ပျော်ရွှင်ခြင်း၊ အဖော်မဲ့ခြင်း၊ စိတ်ဓာတ်ကျခြင်းစတာတွေ ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း လေ့လာမှုက ဖော်ပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw
Credit: Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top