Property Expo
×

ၾကည့္ရတာေတာ့ လတ္တေလာမွာ Chloe Moretz အဆက္အသြယ္ျဖတ္လိုက္တာ Brooklyn Beckham တစ္ေယာက္တည္းကို မဟုတ္ပါဘူး။ သူက ပါဝင္ရိုက္ကူးဖို႔ စီစဉ္ထားတဲ့ ရုပ္ရွင္ဇာတ္ကားအခ်ဳိ႕ကိုလည္း ျဖတ္ခဲ့ပါတယ္။

ဇာတ္ကားေတြကို ဆက္တိုက္ရိုက္ခဲ့တဲ့ အလုပ္ရွုပ္တဲ့ႏွစ္တစ္အၿပီးမွာေတာ့ Chloe က ရုတ္တရက္နားလည္သေဘာေပါက္သြားၿပီး ကိုယ့္ကိုကိုယ္အာရံုစိုက္ဖို႔ ထိထိေရာက္ဆံုးျဖတ္လိုက္တာပါ။

“ကိုယ့္ကိုကိုယ္ ျပန္လည္သံုးသပ္ၿပီး ဇာတ္ေကာင္ေတြထဲကေန ကိုယ့္ကိုကိုယ္ျပန္လည္ရွာေဖြခ်င္လို႔ ရုပ္ရွင္ဇာတ္ကားေတြအားလံုးကေန ႏွုတ္ထြက္လိုက္တာပါ။ ေျဖးေျဖးပဲလုပ္လို႔ရတယ္ဆိုတာ သေဘာေပါက္လာပါၿပီ” လို႔ The Hollywood Reporter ကို ေျပာျပခဲ့ပါတယ္။

တစ္ႏွစ္တည္းမွာ ဇာတ္ကားေတြအမ်ားႀကီးရိုက္တာေၾကာင့္ သူ႔ဇာတ္ကားေတြ ေဈးကြက္မွာအေျခအေန ဘယ္လိုရွိတယ္ဆိုတာကိုပဲ အာရံုေရာက္ေနတဲ့အတြက္ သူ႔ကို အစကတည္းက ဘာေၾကာင့္သရုပ္ေဆာင္လုပ္ခဲ့လဲဆိုတာကို ေမ့သြားေစတယ္လို႔ Chloe ကေျပာခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္ရွိၿပီျဖစ္တဲ့မင္းသမီးက အလုပ္မ်ားတာႏွင့္ပတ္သက္ၿပီး ေနာက္ေနတာေတာ့မဟုတ္ပါဘူး။

 အသက္ ၇ ႏွစ္ကတည္းက သရုပ္ေဆာင္စလုပ္ခဲ့ၿပီး အဲ့ဒီကတည္းက ခုခ်ိန္ထိ TV ဇာတ္လမ္း ဒါမွမဟုတ္ ရုပ္ရွင္ဇာတ္လမ္း မရိုက္တဲ့ႏွစ္ တစ္ႏွစ္မွမရွိခဲ့ပါဘူး။ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့မွတ္တမ္းကေတာ့ သူ႔အသက္ထက္ႏွစ္ဆရွိတဲ့ သရုပ္ေဆာင္ေတြထက္ေတာင္ မ်ားပါတယ္။ (၅၇ ကားပါ)

စိတ္မေကာင္းစြာႏွင့္ ဘယ္ဇာတ္ကားေတြျဖစ္တယ္ဆိုတာေတာ့ အတိအက်မေျပာခဲ့ေၾကာင့္  လာမည့္ The Little Mermaid ဇာတ္ကားမွာ ေခါင္းေဆာင္အျဖစ္ပါဝင္ဖို႔လုပ္ထားကို သက္ေရာက္မွုရွိ မရွိေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

THR ရဲ႔ေျပာျပခ်က္အရ Chloe က TV shows ၂ ခုထုတ္လုပ္ဖို႔ႏွင့္ Hillary Clintion အတြက္စည္းရံုးေရးဆင္းဖို႔ အာရံုစိုက္သြားမယ္လို႔သိရပါတယ္။

ဒါေပမယ့္ စိတ္ပူစရာမရွိပါဘူး။ Chloe ရဲ႕ဇာတ္ကားေတြအမ်ားႀကီးကို ရုပ္ရွင္ရံုမွာၾကည့္ရဦးမွာပါ။
ေနာက္ႏွစ္ထဲမွာ Carrie ဇာတ္ကားထဲက တြဲဖက္သရုပ္ေဆာင္ Ansel Elgort ႏွင့္အတူရိုက္ထားတဲ့ November Criminals သည္းထိတ္ရင္ဖိုဇာတ္ကားႏွင့္ Brain on Fire စိတၱဇဒရာမာ ဇာတ္ကားတို႔ကို ၾကည့္ရွုရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ကြည့်ရတာတော့ လတ်တလောမှာ Chloe Moretz အဆက်အသွယ်ဖြတ်လိုက်တာ Brooklyn Beckham တစ်ယောက်တည်းကို မဟုတ်ပါဘူး။ သူက ပါဝင်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားအချို့ကိုလည်း ဖြတ်ခဲ့ပါတယ်။

ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ခဲ့တဲ့ အလုပ်ရှုပ်တဲ့နှစ်တစ်အပြီးမှာတော့ Chloe က ရုတ်တရက်နားလည်သဘောပေါက်သွားပြီး ကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့ ထိထိရောက်ဆုံးဖြတ်လိုက်တာပါ။

“ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီး ဇာတ်ကောင်တွေထဲကနေ ကိုယ့်ကိုကိုယ်ပြန်လည်ရှာဖွေချင်လို့ ရုပ်ရှင်ဇာတ်ကားတွေအားလုံးကနေ နှုတ်ထွက်လိုက်တာပါ။ ဖြေးဖြေးပဲလုပ်လို့ရတယ်ဆိုတာ သဘောပေါက်လာပါပြီ” လို့ The Hollywood Reporter ကို ပြောပြခဲ့ပါတယ်။

တစ်နှစ်တည်းမှာ ဇာတ်ကားတွေအများကြီးရိုက်တာကြောင့် သူ့ဇာတ်ကားတွေ ဈေးကွက်မှာအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုပဲ အာရုံရောက်နေတဲ့အတွက် သူ့ကို အစကတည်းက ဘာကြောင့်သရုပ်ဆောင်လုပ်ခဲ့လဲဆိုတာကို မေ့သွားစေတယ်လို့ Chloe ကပြောခဲ့ပါတယ်။

အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့မင်းသမီးက အလုပ်များတာနှင့်ပတ်သက်ပြီး နောက်နေတာတော့မဟုတ်ပါဘူး။

 အသက် ၇ နှစ်ကတည်းက သရုပ်ဆောင်စလုပ်ခဲ့ပြီး အဲ့ဒီကတည်းက ခုချိန်ထိ TV ဇာတ်လမ်း ဒါမှမဟုတ် ရုပ်ရှင်ဇာတ်လမ်း မရိုက်တဲ့နှစ် တစ်နှစ်မှမရှိခဲ့ပါဘူး။ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မှတ်တမ်းကတော့ သူ့အသက်ထက်နှစ်ဆရှိတဲ့ သရုပ်ဆောင်တွေထက်တောင် များပါတယ်။ (၅၇ ကားပါ)

စိတ်မကောင်းစွာနှင့် ဘယ်ဇာတ်ကားတွေဖြစ်တယ်ဆိုတာတော့ အတိအကျမပြောခဲ့ကြောင့်  လာမည့် The Little Mermaid ဇာတ်ကားမှာ ခေါင်းဆောင်အဖြစ်ပါဝင်ဖို့လုပ်ထားကို သက်ရောက်မှုရှိ မရှိတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

THR ရဲ့ပြောပြချက်အရ Chloe က TV shows ၂ ခုထုတ်လုပ်ဖို့နှင့် Hillary Clintion အတွက်စည်းရုံးရေးဆင်းဖို့ အာရုံစိုက်သွားမယ်လို့သိရပါတယ်။

ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး။ Chloe ရဲ့ဇာတ်ကားတွေအများကြီးကို ရုပ်ရှင်ရုံမှာကြည့်ရဦးမှာပါ။
နောက်နှစ်ထဲမှာ Carrie ဇာတ်ကားထဲက တွဲဖက်သရုပ်ဆောင် Ansel Elgort နှင့်အတူရိုက်ထားတဲ့ November Criminals သည်းထိတ်ရင်ဖိုဇာတ်ကားနှင့် Brain on Fire စိတ္တဇဒရာမာ ဇာတ်ကားတို့ကို ကြည့်ရှုရမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top