Kantharyar Centre
×

ၿဗိတိသွ်၀န္ႀကီးခ်ဳပ္ေဟာင္း David Cameron က လႊတ္ေတာ္အမတ္ ရာထူးကေန အနားယူေတာ့မယ့္အေၾကာင္း တနလၤာေန႔မာ ေၾကညာလုိက္တဲ့အတြက္ အီးယူ ဥေရာပတုိက္အတြင္း ၿဗိတိန္ႏုိင္ငံ ဆက္လက္ပါ၀င္ေရး ဇြန္လ ၂၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ လူထုဆႏၵခံယူပြဲမွာ ရႈံးနိမ့္ၿပီး သီတင္းပတ္အနဲငယ္အၾကာမွာ အခုလုိ သူ႔ရဲ႕ ႏုိင္ငံေရးလုပ္ငန္းမွာ ပါ၀င္လုပ္ေဆာင္မႈေတြကုိ အဆုံးသတ္လုိက္တာ ျဖစ္ပါတယ္။

အသက္ ၄၉ ႏွစ္အရြယ္ မစၥတာ Cameron က သူ၀န္ႀကီးခ်ဳပ္ရာထူးကေန အနားယူဖုိ႔ ေျပာၾကားတဲ့အခ်ိန္တုန္းက သူ႔အေနနဲ႔ ကြန္ဆာေဗးတစ္ပါတီထဲမွာ ေခါင္းေဆာင္ေနရာမွာ မရွိေတာ့ေပမယ့္လည္း လႊတ္ေတာ္ထဲမွာ ဆက္ေနသြားဖုိ႔ စီစဥ္ထားေၾကာင္း ေျပာၾကားခဲ့တာပါ။

ၿဗိတိန္ႏုိင္ငံအလယ္ပုိင္း Oxfordshire မဲဆႏၵနယ္ကုိ တျခားတေယာက္က ကုိယ္စားျပဳႏုိင္ဖုိ႔အတြက္ သူ႔အေနနဲ႔ အဲဒီ မဲဆႏၵနယ္ကုိ ကုိယ္စားျပဳျခင္းကေန အနားယူေတာ့မယ့္အေၾကာင္း ၀န္ႀကီးခ်ဳပ္ Theresa May ကုိ ေျပာၾကားခဲ့တယ္လုိ႔ မစၥတာ Cameron က ေျပာပါတယ္။

လႊတ္ေတာ္အတြင္းမွာ သူရွိေနျခင္းက အစုိးရအတြက္ အေနာက္အယွက္ျဖစ္လာလိမ့္မယ္လုိ႔ သူ႔အေနနဲ႔ ခံစားရေၾကာင္း ဘီဘီစီ သတင္းဌာနကုိ မစၥတာ Cameron က ေျပာၾကားခဲ့ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗြီအိုေအ (ျမန္မာပုိင္း)

Unicode Version

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း David Cameron က လွှတ်တော်အမတ် ရာထူးကနေ အနားယူတော့မယ့်အကြောင်း တနင်္လာနေ့မာ ကြေညာလိုက်တဲ့အတွက် အီးယူ ဥရောပတိုက်အတွင်း ဗြိတိန်နိုင်ငံ ဆက်လက်ပါဝင်ရေး ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ ရှုံးနိမ့်ပြီး သီတင်းပတ်အနဲငယ်အကြာမှာ အခုလို သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်မှုတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် မစ္စတာ Cameron က သူဝန်ကြီးချုပ်ရာထူးကနေ အနားယူဖို့ ပြောကြားတဲ့အချိန်တုန်းက သူ့အနေနဲ့ ကွန်ဆာဗေးတစ်ပါတီထဲမှာ ခေါင်းဆောင်နေရာမှာ မရှိတော့ပေမယ့်လည်း လွှတ်တော်ထဲမှာ ဆက်နေသွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့တာပါ။

ဗြိတိန်နိုင်ငံအလယ်ပိုင်း Oxfordshire မဲဆန္ဒနယ်ကို တခြားတယောက်က ကိုယ်စားပြုနိုင်ဖို့အတွက် သူ့အနေနဲ့ အဲဒီ မဲဆန္ဒနယ်ကို ကိုယ်စားပြုခြင်းကနေ အနားယူတော့မယ့်အကြောင်း ဝန်ကြီးချုပ် Theresa May ကို ပြောကြားခဲ့တယ်လို့ မစ္စတာ Cameron က ပြောပါတယ်။

လွှတ်တော်အတွင်းမှာ သူရှိနေခြင်းက အစိုးရအတွက် အနောက်အယှက်ဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ ခံစားရကြောင်း ဘီဘီစီ သတင်းဌာနကို မစ္စတာ Cameron က ပြောကြားခဲ့ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top