Property Expo
×

နာမည္ေက်ာ္ ဆယ္ေက်ာ္သက္ စံုတြဲျဖစ္တဲ့ Brooklyn Beckham နဲ႔ အေမရိကန္သရုပ္ေဆာင္ Chloe Grace Moretz တုိ႔ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက လမ္းခြဲခဲ့ၾကၿပီ ျဖစ္တယ္လုိ႔ သိရပါတယ္။

အသက္ ၁၉ႏွစ္အရြယ္ ေဟာလီးဝုဒ္သရုပ္ေဆာင္မေလးနဲ႔ အသက္၁၇ႏွစ္အရြယ္ David Beckham နဲ႔ Victoria တုိ႔ရဲ႕ သားႀကီးျဖစ္သူတုိ႔ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ခုႏွစ္တုန္းကရင္စတင္ ခ်စ္ႀကိဳးျငိတြယ္ခဲ့ၾကတာျဖစ္ေပမယ့္ ဒီႏွစ္အေစာပုိင္းမွာ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာတဲ့ေနာက္ ၿပီးခဲ့တဲ့ ေမလတုန္းက သူတုိ႔ရဲ႕ အခ်စ္ေရးကုိ အတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။


ဘရြတ္ကလင္းနဲ႔ သူ႔မိသားစုဟာ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက လန္ဒန္ကုိ ျပန္လာခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ႏွစ္လေလာက္တုန္းကေတာ့ ေလာ့စ္အိန္ဂ်လိစ္မွာ ရွိေနခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ဘရြတ္ကလင္းနဲ႔ ခလုိးတုိ႔ဟာ ပြဲေတြအတူတူတက္တာေတြ၊ အတူရိုက္ထားတဲ့ ဓာတ္ပုံေတြကုိ လူမႈကြန္ယက္ေတြေပၚတင္တာေတြေၾကာင့္ လူသိမ်ားလာခဲ့ၾကပါတယ္။

ဒါေပမယ့္ယခုလုိ ေကာက္ကာငင္ကာ ျပတ္စဲခန္းျဖစ္သြားတဲ့ အေၾကာင္းအရင္းခုိင္ခုိင္လံုလံုကိုေတာ့ ေျပာဖုိ႔ခက္ေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီသတင္းဟာ ဘရြတ္ကလင္းရဲ႕ အသဲစြဲႏႈတ္ခမ္းနီမေလးေတြနဲ႔ ခလုိးရဲ႕ပုရိသပရိတ္သတ္ေတြအတြက္ေတာ့ အတုိင္းအတာတစ္ခုထိ ေက်နပ္သြားၾကမွာ အမွန္ပါပဲ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
နာမည်ကျော် ဆယ်ကျော်သက် စုံတွဲဖြစ်တဲ့ Brooklyn Beckham နဲ့ အမေရိကန်သရုပ်ဆောင် Chloe Grace Moretz တို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လမ်းခွဲခဲ့ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၉နှစ်အရွယ် ဟောလီးဝုဒ်သရုပ်ဆောင်မလေးနဲ့ အသက်၁၇နှစ်အရွယ် David Beckham နဲ့ Victoria တို့ရဲ့ သားကြီးဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကရင်စတင် ချစ်ကြိုးငြိတွယ်ခဲ့ကြတာဖြစ်ပေမယ့် ဒီနှစ်အစောပိုင်းမှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့နောက် ပြီးခဲ့တဲ့ မေလတုန်းက သူတို့ရဲ့ အချစ်ရေးကို အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။


ဘရွတ်ကလင်းနဲ့ သူ့မိသားစုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက လန်ဒန်ကို ပြန်လာခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်လလောက်တုန်းကတော့ လော့စ်အိန်ဂျလိစ်မှာ ရှိနေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘရွတ်ကလင်းနဲ့ ခလိုးတို့ဟာ ပွဲတွေအတူတူတက်တာတွေ၊ အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်တွေပေါ်တင်တာတွေကြောင့် လူသိများလာခဲ့ကြပါတယ်။

ဒါပေမယ့်ယခုလို ကောက်ကာငင်ကာ ပြတ်စဲခန်းဖြစ်သွားတဲ့ အကြောင်းအရင်းခိုင်ခိုင်လုံလုံကိုတော့ ပြောဖို့ခက်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ ဘရွတ်ကလင်းရဲ့ အသဲစွဲနှုတ်ခမ်းနီမလေးတွေနဲ့ ခလိုးရဲ့ပုရိသပရိတ်သတ်တွေအတွက်တော့ အတိုင်းအတာတစ်ခုထိ ကျေနပ်သွားကြမှာ အမှန်ပါပဲ။


 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top