Property Expo
×








Credit:Thit Htoo Lwin

#Unicode Version
ဘယ်သူကမှတော့ ညစ်ပတ်တဲ့ရေကို သောက်ချင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အင်္ဂလန်က ဘီယာချက်လုပ်သူတစ်ချို့က Boston’s Charles မြစ်ထဲက ရေကို အရသာအရှိဆုံးအရာအဖြစ် ပြောင်းလဲမှုကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြီးမြောက်အောင်လုပ်ဆောင်ကြမှာပါ။

“Brew the Charles” ဆိုတဲ့ စိန်ခေါ်မှုကို ပထမဆုံးအနေနဲ့ နယ်ပယ်၆ခုက ဘီယာချက်လုပ်သူတွေက  အနုပညာ၊ သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှု ပွဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။

မန်ချူးဆက်ရေသန့်စင်ရေး ကုမ္ပဏီ တစ်ခုက ဒီပြိုင်ပွဲပြုလုပ်ဖို့ ကမကထ ပြုလုပ်ထားတာဖြစ်ပြီး ပြိုင်ပွဲကနေတဆင့် ရေအဆင့်ဆင့်ပြောင်းလဲမှုနဲ့ ထိန်သိမ်းတဲ့ နည်းပညာတွေကို သိမြင်လာဖို့ ရည်ရွယ်ထားပါတယ်။

Boston မြစ်ဟာ မန်ချူးဆက်ပြည်နယ် ၂၃ ခုကို ဖြတ်ပြီး စီးဆင်းနေတာပြီး Boston ဆိပ်ကမ်းမှာ အဆုံးသတ်ပါတယ်။ ဖြတ်သန်းစီးဆင်းတဲ့ လမ်းကြောင်း ရှည်လျားတဲ့ အလျောက် ရေတွေကလည်း ညစ်ပတ်တယ်ဆိုတဲ့ သတင်းနဲ့လည်း ကျော်စောပါတယ်။

မြစ်ထဲက ရေ ဂါလံ ၄ ထောင်ကို သယ်ယူပြီး စိမ့်ဝင်ပျံနှံစေတဲ့နည်းပညာတွေနဲ့ ပြောင်းလဲတီထွင်မှာပါ။

‘သောက်သုံးဖို့ စိတ်ချရရဲ့လား၊ စိတ်ပျော်ရွှင် ကျေနပ်မှုပေးနိုင်မှာလားလို့ မေးနေကြတဲ့ လူတွေအများကြီးပါ။ တစ်ခုသောက်ရုံနဲ့တော့ စိတ်ကျေနပ်မှာမဟုတ်ပါဘူး။ ဒီဘီယာကို စိတ်ချလက်ချ သောက်သုံးနိုင်ရုံတင်မက ဒါကို ခင်များတို့ နောက်ထပ် နောက်ထပ် လိုချင်နေမယ်ဆိုတာ ကျွန်တော့်ပြောရဲတယ်’ လို့ ဘီယာချက်လုပ်သူတစ်ဦးဖြစ်တဲ့ Romanow က ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top