Property Expo
×

 ေရႀကီး ေျမၿပိဳတဲ့ ေနရာမွာ ရွင္းလင္းေနတဲ့ ေျမာက္ကိုရီးယား စစ္သားအခ်ိဳ႕။
ေျမာက္ကိုရီးယား နိုင္ငံမွာ ေရႀကီးမႈေတြ ဆိုးဆိုး႐ြား႐ြား ေပၚေပါက္ ခဲ့ၿပီးေနာက္ ျပန္လည္ တည္ေဆာက္ေရး လုပ္ငန္းေတြမွာ ေတာင္ကိုရီးယားက အကူအညီ ေပးမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားက တကယ္လို႔ ကူညီမယ္ဆိုရင္ အဲဒီ အကူအညီေတြနဲ႕ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ၾကားထဲက နာမည္ေကာင္း ယူမွာကို သိေနတဲ့အတြက္ ကူညီဖို႔ လက္တြန႔္ေနရတာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား အရာရွိေတြက ေျပာပါတယ္။

ေျမာက္ကိုရီးယား အေရွ႕ေျမာက္ပိုင္းမွာ မၾကာခင္က ေပၚေပါက္ခဲ့တဲ့ ေရႀကီးမႈဟာ ၁၀ စုႏွစ္ အနည္းငယ္အတြင္း အဆိုးဆုံး ျဖစ္ၿပီး လူ ၁၃၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ ယူဆ ရပါတယ္။

အခုႏွစ္ထဲမွာ ေျမာက္ကိုရီးယားက န်ဴကလီယာ စမ္းသပ္မႈေတြ၊ ဒုံးက်ည္ ပစ္လႊတ္မႈေတြ ဆက္တိုက္ လုပ္ခဲ့ၿပီးတဲ့ ေနာက္ပိုင္းမွာ ေတာင္ကိုရီးယား အစိုးရက အခုလို တင္းမာတဲ့ ရပ္တည္ခ်က္ကို စြဲကိုင္လာခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
 ရေကြီး မြေပြိုတဲ့ နေရာမှာ ရှင်းလင်းနေတဲ့ မြောက်ကိုရီးယား စစ်သားအချို့။
မြောက်ကိုရီးယား နိုင်ငံမှာ ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ပေါ်ပေါက် ခဲ့ပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ တောင်ကိုရီးယားက အကူအညီ ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယားက တကယ်လို့ ကူညီမယ်ဆိုရင် အဲဒီ အကူအညီတွေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကြားထဲက နာမည်ကောင်း ယူမှာကို သိနေတဲ့အတွက် ကူညီဖို့ လက်တွန့်နေရတာ ဖြစ်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းမှာ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ ရေကြီးမှုဟာ ၁၀ စုနှစ် အနည်းငယ်အတွင်း အဆိုးဆုံး ဖြစ်ပြီး လူ ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ ယူဆ ရပါတယ်။

အခုနှစ်ထဲမှာ မြောက်ကိုရီးယားက နျူကလီယာ စမ်းသပ်မှုတွေ၊ ဒုံးကျည် ပစ်လွှတ်မှုတွေ ဆက်တိုက် လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တောင်ကိုရီးယား အစိုးရက အခုလို တင်းမာတဲ့ ရပ်တည်ချက်ကို စွဲကိုင်လာခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top