Property Expo
×

အေမရိကန္ေဒၚလာတန္ ဖိုးျမင့္တက္ေသာ္လည္း ကမၻာ့ေရႊ ေစ်းက်ဆင္းေနသျဖင့္ ျပည္တြင္း ေရႊေစ်းတည္ၿငိမ္ေနေၾကာင္း ျမန္ မာႏုိင္ငံေရႊလုပ္ငန္းမ်ားအသင္း အတြင္းေရးမွဴး ဦးေက်ာ္၀င္းက ေျပာသည္။

အေမရိကန္ဗဟုိဘဏ္က အ တုိးႏႈန္းျမႇင့္မည္ဟု သတင္းထုတ္ ျပန္ထားသျဖင့္ ႏုိင္ငံတကာတြင္ အေမရိကန္ေဒၚလာ တန္ဖုိးျမင့္ တက္ၿပီး ကမၻာ့ေရႊေစ်းမွာ စက္ တင္ဘာလဆန္းကစတင္၍ တည္ ၿငိမ္ေနေၾကာင္း အထက္ပါပုဂၢိဳလ္ က ေျပာသည္။

‘‘ျပည္တြင္းေရႊေစ်းကြက္က ေစ်းႏႈန္းအေျပာင္းအလဲကနည္း ပါတယ္။ ေငြလဲႏႈန္းေၾကာင့္ နည္း နည္းတက္ၿပီး ၿငိမ္ေနတယ္’’ဟု ဦးေက်ာ္၀င္းက ေျပာသည္။

ကမၻာ့ေရႊ ေစ်းကြက္သည္ စက္တင္ဘာလဆန္းမွ ယေန႔အ ထိ တစ္ေအာင္စလွ်င္ အေမရိ ကန္ေဒၚလာ ၁,၃၁၃ ခန္႔ရိွၿပီး ျပည္တြင္းေရႊေစ်းမွာ စက္တင္ဘာ ၂ ရက္တြင္ ၈၄၉,၀၀၀ က်ပ္မွ စက္  တင္ဘာ ၁၈ ရက္တြင္ ၈၆၇,၀၀၀ က်ပ္ခန္႔သာ ေစ်းျမင့္လာသည္။ ထုိကဲ့သုိ႔ေစ်းႏႈန္းအနည္းငယ္ျမင့္တက္လာျခင္းသည္ ျပည္တြင္းေငြလဲႏႈန္းျမင့္တက္လာျခင္းေၾကာင့္ ဟု ျပည္တြင္းစီးပြားေရးလုပ္ငန္း ရွင္အခ်ိဳ႕က ေျပာသည္။

ေငြလဲႏႈန္းသည္ စက္တင္ ဘာလဆန္းမွ လလယ္ပုိင္းအထိ အေမရိကန္တစ္ေဒၚလာလွ်င္ ၃၃ က်ပ္ေစ်း ျမင့္တက္လာသည္။ စက္တင္ဘာ ၂ ရက္တြင္ တစ္ ေဒၚလာလွ်င္ ၁,၂၁၃ က်ပ္ရိွေသာ အေမရိကန္ေဒၚလာတန္ဖိုးသည္ စက္တင္ဘာ ၁၈ ရက္၌ တစ္ေဒၚလာလွ်င္ ၁,၂၄၆ က်ပ္သုိ႔ေရာက္ ရိွလာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အမေရိကန်ဒေါ်လာတန် ဖိုးမြင့်တက်သော်လည်း ကမ္ဘာ့ရွှေ ဈေးကျဆင်းနေသဖြင့် ပြည်တွင်း ရွှေဈေးတည်ငြိမ်နေကြောင်း မြန် မာနိုင်ငံရွှေလုပ်ငန်းများအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။

အမေရိကန်ဗဟိုဘဏ်က အ တိုးနှုန်းမြှင့်မည်ဟု သတင်းထုတ် ပြန်ထားသဖြင့် နိုင်ငံတကာတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့် တက်ပြီး ကမ္ဘာ့ရွှေဈေးမှာ စက် တင်ဘာလဆန်းကစတင်၍ တည် ငြိမ်နေကြောင်း အထက်ပါပုဂ္ဂိုလ် က ပြောသည်။

‘‘ပြည်တွင်းရွှေဈေးကွက်က ဈေးနှုန်းအပြောင်းအလဲကနည်း ပါတယ်။ ငွေလဲနှုန်းကြောင့် နည်း နည်းတက်ပြီး ငြိမ်နေတယ်’’ဟု ဦးကျော်ဝင်းက ပြောသည်။

ကမ္ဘာ့ရွှေ ဈေးကွက်သည် စက်တင်ဘာလဆန်းမှ ယနေ့အ ထိ တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ ၁,၃၁၃ ခန့်ရှိပြီး ပြည်တွင်းရွှေဈေးမှာ စက်တင်ဘာ ၂ ရက်တွင် ၈၄၉,၀၀၀ ကျပ်မှ စက်  တင်ဘာ ၁၈ ရက်တွင် ၈၆၇,၀၀၀ ကျပ်ခန့်သာ ဈေးမြင့်လာသည်။ ထိုကဲ့သို့ဈေးနှုန်းအနည်းငယ်မြင့်တက်လာခြင်းသည် ပြည်တွင်းငွေလဲနှုန်းမြင့်တက်လာခြင်းကြောင့် ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။

ငွေလဲနှုန်းသည် စက်တင် ဘာလဆန်းမှ လလယ်ပိုင်းအထိ အမေရိကန်တစ်ဒေါ်လာလျှင် ၃၃ ကျပ်ဈေး မြင့်တက်လာသည်။ စက်တင်ဘာ ၂ ရက်တွင် တစ် ဒေါ်လာလျှင် ၁,၂၁၃ ကျပ်ရှိသော အမေရိကန်ဒေါ်လာတန်ဖိုးသည် စက်တင်ဘာ ၁၈ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၄၆ ကျပ်သို့ရောက် ရှိလာသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top