Property Expo
×

ေဒၚလာေစ်းသည္ စက္တင္ဘာ ၂၀ ရက္က တစ္ေဒၚလာလွ်င္ ၁,၂၆၀ က်ပ္ထိ တင္ခဲ့သည္။ (ဓာတ္ပံု − အီးပီေအ)

ဘဏ္ႏွင့္ ေငြေၾကးအဖဲြ႕ အစည္းအခ်ိဳ႕က ျပင္ပေစ်းကြက္ တြင္ ၀င္ေရာက္ ေစ်းကစားမႈ ေၾကာင့္ အေမရိကန္ ေဒၚလာတန္ဖိုး ဆက္တိုက္ျမင့္တက္လာ ေၾကာင္း သတင္းရရွိသည္။

 အေမရိကန္ေဒၚလာေစ်း သည္ စက္တင္ဘာ ၂၀ ရက္ နံနက္က တစ္ေဒၚလာလွ်င္ ၁,၂၆၀ က်ပ္သုိ႔ ျမင့္တက္ၿပီး မြန္းလဲြပိုင္း တြင္ ၁,၂၅၇ က်ပ္သို႔ ျပန္လည္က် ဆင္းလာသည္။

ျပင္ပေစ်းကြက္တြင္ နံနက္ စတင္ေစ်းဖြင့္ခ်ိန္၌ ေစ်းႏႈန္းဆဲြတင္မႈေၾကာင့္ ၿပီးခဲ့သည့္ ရက္ထက္ တစ္ေဒၚလာလွ်င္ ၁၇ က်ပ္ခန္႔ ျမင့္တက္လာသည္။

စက္တင္ဘာ ၂၁ ရက္တြင္ ျပင္ပေစ်းကြက္၌ တစ္ေဒၚလာလွ်င္ ၁,၂၅၁ က်ပ္ခန္႔ ေစ်းရွိၿပီး ဗဟိုဘဏ္၏ ရည္ၫႊန္းေငြလဲႏႈန္းမွာ ၁,၂၃၅ က်ပ္ ျဖစ္သည္။

ျပည္တြင္းစီးပြားေရး  လုပ္ ငန္းရွင္မ်ားသည္ ၂၀၁၅ ေရြး ေကာက္ပဲြ မတိုင္မီက စတင္၍ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္မႈ ကုိ ေလွ်ာ့ခ်ခဲ့ၿပီး လက္ရွိအစိုးရ လက္ထက္တြင္လည္း ေယဘုယ် ဆန္ေသာ စီးပြားေရးမူ၀ါဒေၾကာင့္ လုပ္ငန္းရွင္မ်ားက စီးပြားေရးလုပ္ ငန္းမ်ား လုပ္ကိုင္ျခင္းမရွိေသးဘဲ ဘဏ္မ်ားတြင္ ေငြမ်ားအပ္ႏွံၿပီး အစိုးရ၏ အေျခအေနကို ေစာင့္ ၾကည့္ေနၾကသည္ဟု ဆုိသည္။

ထို႔ေၾကာင့္ ဘဏ္မ်ားတြင္ အပ္ေငြမ်ားလာသျဖင့္ ေငြေၾကး လည္ပတ္မႈ အက်ပ္အတည္းကို ဘဏ္လုပ္ငန္းရွင္မ်ားက စိုးရိမ္ ေနၿပီး ျပင္ပေစ်းကြက္က အေမရိ ကန္ေဒၚလာ အေရာင္းအ၀ယ္ျပဳလုပ္ျခင္းေၾကာင့္ ေစ်းႏႈန္းမ်ား ဆက္တိုက္ျမင့္္တက္လာျခင္းဟု စီးပြားေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။

ယခုအခ်ိန္တြင္ ေဒၚလာေစ်း တက္ျခင္းသည္ ပို႔ကုန္နည္းသည့္ အခ်ိန္ျဖစ္ျခင္းေၾကာင့္ ကုန္ေစ်း ႏႈန္းျမင့္တက္မႈကို လူအမ်ားခံစား ရႏုိင္သည္ဟု စီးပြားေရးပညာရွင္ အခ်ိဳ႕က ေျပာသည္။

မိုးရာသီတြင္ ပုဂၢလိကက႑ မွ ျပည္ပသို႔တင္ပို႔ေနသည့္ ကုန္ ပစၥည္းမ်ား၌ ပဲမ်ိဳးစံု တစ္မ်ိဳးသာ အမ်ားဆံုးျဖစ္ၿပီး ဆန္အပါအ ၀င္ လယ္ယာထြက္ကုန္မ်ား တင္ပို႔မႈမွာ အနည္းငယ္သာရွိသည္။

သြင္းကုန္ က႑တြင္ ပြင့္လင္းရာသီ မၾကာမီေရာက္ရွိမည္ျဖစ္ရာ စက္သံုးဆီ တင္သြင္းမႈ အမ်ားဆံုးအခ်ိန္ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း ပို႔ကုန္သြင္း ကုန္လုပ္ငန္းရွင္ အခ်ိဳ႕က ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ဒေါ်လာဈေးသည် စက်တင်ဘာ ၂၀ ရက်က တစ်ဒေါ်လာလျှင် ၁,၂၆၀ ကျပ်ထိ တင်ခဲ့သည်။ (ဓာတ်ပုံ − အီးပီအေ)

ဘဏ်နှင့် ငွေကြေးအဖွဲ့ အစည်းအချို့က ပြင်ပဈေးကွက် တွင် ဝင်ရောက် ဈေးကစားမှု ကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာ ကြောင်း သတင်းရရှိသည်။

 အမေရိကန်ဒေါ်လာဈေး သည် စက်တင်ဘာ ၂၀ ရက် နံနက်က တစ်ဒေါ်လာလျှင် ၁,၂၆၀ ကျပ်သို့ မြင့်တက်ပြီး မွန်းလွဲပိုင်း တွင် ၁,၂၅၇ ကျပ်သို့ ပြန်လည်ကျ ဆင်းလာသည်။

ပြင်ပဈေးကွက်တွင် နံနက် စတင်ဈေးဖွင့်ချိန်၌ ဈေးနှုန်းဆွဲတင်မှုကြောင့် ပြီးခဲ့သည့် ရက်ထက် တစ်ဒေါ်လာလျှင် ၁၇ ကျပ်ခန့် မြင့်တက်လာသည်။

စက်တင်ဘာ ၂၁ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၂၅၁ ကျပ်ခန့် ဈေးရှိပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၁,၂၃၅ ကျပ် ဖြစ်သည်။

ပြည်တွင်းစီးပွားရေး  လုပ် ငန်းရှင်များသည် ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီက စတင်၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု ကို လျှော့ချခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင်လည်း ယေဘုယျ ဆန်သော စီးပွားရေးမူဝါဒကြောင့် လုပ်ငန်းရှင်များက စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ခြင်းမရှိသေးဘဲ ဘဏ်များတွင် ငွေများအပ်နှံပြီး အစိုးရ၏ အခြေအနေကို စောင့် ကြည့်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် ဘဏ်များတွင် အပ်ငွေများလာသဖြင့် ငွေကြေး လည်ပတ်မှု အကျပ်အတည်းကို ဘဏ်လုပ်ငန်းရှင်များက စိုးရိမ် နေပြီး ပြင်ပဈေးကွက်က အမေရိ ကန်ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ခြင်းကြောင့် ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ယခုအချိန်တွင် ဒေါ်လာဈေး တက်ခြင်းသည် ပို့ကုန်နည်းသည့် အချိန်ဖြစ်ခြင်းကြောင့် ကုန်ဈေး နှုန်းမြင့်တက်မှုကို လူအများခံစား ရနိုင်သည်ဟု စီးပွားရေးပညာရှင် အချို့က ပြောသည်။

မိုးရာသီတွင် ပုဂ္ဂလိကကဏ္ဍ မှ ပြည်ပသို့တင်ပို့နေသည့် ကုန် ပစ္စည်းများ၌ ပဲမျိုးစုံ တစ်မျိုးသာ အများဆုံးဖြစ်ပြီး ဆန်အပါအ ဝင် လယ်ယာထွက်ကုန်များ တင်ပို့မှုမှာ အနည်းငယ်သာရှိသည်။

သွင်းကုန် ကဏ္ဍတွင် ပွင့်လင်းရာသီ မကြာမီရောက်ရှိမည်ဖြစ်ရာ စက်သုံးဆီ တင်သွင်းမှု အများဆုံးအချိန် ရောက်ရှိလာမည်ဖြစ်ကြောင်း ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင် အချို့က ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top