Kantharyar Centre
×

၂၄ နာရီစလုံး နားခ်ိန္မရွိဘဲ အလုပ္လုပ္ႏုိင္တဲ့ စနစ္တစ္ခုကိုျပပါဆုိရင္ ခႏၶာကုိယ္ စနစ္တစ္ခုပဲ ရွိပါတယ္။ ေနာက္ျပီး ကိုယ္ခႏၶာအတြင္းပိုင္းက အဂၤါတစ္ခုစီဟာလည္း သူ႔တာဝန္နဲ႔ သူတစ္ခုစီထူးျခားစြာ ရွိပါတယ္။ ထူးျခားမႈေတြနဲ႔ျပည့္ေနတဲ့ လူ႔ခႏၶာကုိယ္က အံ့ဖြယ္အခ်က္ေတြကို ဗဟုသုတအျဖစ္ ေဖာ္ျပေပးခ်င္ပါတယ္။

-လူတစ္ေယာက္ရဲ႕ အရပ္က  ေန႔လည္ပိုင္းနဲ႔  ညပိုင္းမွာထက္ မနက္ပိုင္းမွာ ၁.၂ စင္တီမီတာေလာက္ ပိုရွည္ပါတယ္။ အေၾကာင္းကေတာ့ ေက်ာရုိးဆစ္ျပားေတြထဲမွာ အရည္ပိုေတြ စုလာတာေၾကာင့္ျဖစ္ျပီး ေန႔လည္ဘက္နဲ႔ ညဘက္ေတြမွာ အဲ့ဒီအရည္ေတြက အေငြ႔ပ်ံသြားတဲ့အတြက္ အရပ္ပုသြားျခင္းျဖစ္ပါတယ္။

-လူတစ္ေယာက္ရဲ႕ လွ်ာပုံသ႑န္နဲ႔ အေရာင္က လူတစ္ေယာက္မွာ တစ္မ်ဳိးစီျဖစ္ပါတယ္။ လက္ေဗြရာလုိပဲ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့ ကိုယ္ပိုင္ပုံစံတစ္ခုရွိတာေၾကာင့္ လွ်ာကုိလည္း လူတစ္ေယာက္ကို ခြဲျခားသတ္မွတ္ႏုိင္ဖို႔ အသုံးျပဳႏုိင္ပါတယ္တဲ့။

-အစာအိမ္ထဲက အေျမွးပါးေလးတစ္ခုက ၃ ရက္ၾကာတုိင္း တစ္ခါအသစ္လဲပါတယ္။ အဲ့ဒီအေျမွးပါးက အယ္ကာလိုင္းဓာတ္ရွိတာေၾကာင့္ အားေကာင္းတဲ့ အစာအိမ္အက္ဆစ္ေတြကို ဓာတ္ျပယ္ေစျပီး အစာအိမ္နံရံေတြကို ကာကြယ္ေပးတာျဖစ္ပါတယ္။ အကယ္၍ အဲ့ဒီဆဲလ္အေျမွးပါးသာ ပုံမွန္အသစ္ျပန္မလဲဘူးဆုိရင္ အစာအိမ္အက္ဆစ္ေတြရဲ႕ အားကိုအစာအိမ္က ခံႏုိင္မွာမဟုတ္ပါဘူး။

-ႏွလုံးက ဘဝတစ္ေလွ်ာက္လုံးမွာ ၃-၄ၾကိမ္ ဆဲလ္အသစ္ျပန္ေမြးဖြားပါတယ္။ ႏွစ္ႏွစ္ဆယ္ၾကာတုိင္း ႏွလုံးဆဲလ္ေတြက အသစ္ျပန္ျဖစ္တာေၾကာင့္ ႏွလုံးအားျပန္ေကာင္းလာတတ္ပါတယ္။

-အူအတက္ထဲမွာ အက်ဳိးျပဳဘက္တီးရီးယားေတြရွိျပီး အစာေခ်စနစ္ကို ေခ်ာေမြ႔ေစဖို႔ အကူအညီေပးပါတယ္။ ပိုးဝင္တာေၾကာင့္ အူအတက္ကို ဖယ္ရွားလိုက္ရရင္ အိမ္ေျမွာင္အျမီးလိုပဲ ေနာက္တစ္ၾကိမ္ျပန္ေပါက္လာေစဖို႔ ခႏၶာကုိယ္က ကူညီေပးပါတယ္။

-မ်က္ေတာင္ေပၚမွာ မ်က္ႏွာအဆီနဲ႔ ဆဲလ္အေသေတြထဲမွာ ေတြ႔ရေလ့ရွိတဲ့ ပိုးေသးေသးေလး ေတြအမ်ားၾကီးရွိပါတယ္။ ဒါေပမဲ့ က်န္းမာေရးကိုေတာ့ မထိခိုက္ေစဘူးလို႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

၂၄ နာရီစလုံး နားချိန်မရှိဘဲ အလုပ်လုပ်နိုင်တဲ့ စနစ်တစ်ခုကိုပြပါဆိုရင် ခန္ဓာကိုယ် စနစ်တစ်ခုပဲ ရှိပါတယ်။ နောက်ပြီး ကိုယ်ခန္ဓာအတွင်းပိုင်းက အင်္ဂါတစ်ခုစီဟာလည်း သူ့တာဝန်နဲ့ သူတစ်ခုစီထူးခြားစွာ ရှိပါတယ်။ ထူးခြားမှုတွေနဲ့ပြည့်နေတဲ့ လူ့ခန္ဓာကိုယ်က အံ့ဖွယ်အချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးချင်ပါတယ်။

-လူတစ်ယောက်ရဲ့ အရပ်က  နေ့လည်ပိုင်းနဲ့  ညပိုင်းမှာထက် မနက်ပိုင်းမှာ ၁.၂ စင်တီမီတာလောက် ပိုရှည်ပါတယ်။ အကြောင်းကတော့ ကျောရိုးဆစ်ပြားတွေထဲမှာ အရည်ပိုတွေ စုလာတာကြောင့်ဖြစ်ပြီး နေ့လည်ဘက်နဲ့ ညဘက်တွေမှာ အဲ့ဒီအရည်တွေက အငွေ့ပျံသွားတဲ့အတွက် အရပ်ပုသွားခြင်းဖြစ်ပါတယ်။

-လူတစ်ယောက်ရဲ့ လျှာပုံသဏ္ဍန်နဲ့ အရောင်က လူတစ်ယောက်မှာ တစ်မျိုးစီဖြစ်ပါတယ်။ လက်ဗွေရာလိုပဲ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်ပိုင်ပုံစံတစ်ခုရှိတာကြောင့် လျှာကိုလည်း လူတစ်ယောက်ကို ခွဲခြားသတ်မှတ်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်တဲ့။

-အစာအိမ်ထဲက အမြှေးပါးလေးတစ်ခုက ၃ ရက်ကြာတိုင်း တစ်ခါအသစ်လဲပါတယ်။ အဲ့ဒီအမြှေးပါးက အယ်ကာလိုင်းဓာတ်ရှိတာကြောင့် အားကောင်းတဲ့ အစာအိမ်အက်ဆစ်တွေကို ဓာတ်ပြယ်စေပြီး အစာအိမ်နံရံတွေကို ကာကွယ်ပေးတာဖြစ်ပါတယ်။ အကယ်၍ အဲ့ဒီဆဲလ်အမြှေးပါးသာ ပုံမှန်အသစ်ပြန်မလဲဘူးဆိုရင် အစာအိမ်အက်ဆစ်တွေရဲ့ အားကိုအစာအိမ်က ခံနိုင်မှာမဟုတ်ပါဘူး။

-နှလုံးက ဘဝတစ်လျှောက်လုံးမှာ ၃-၄ကြိမ် ဆဲလ်အသစ်ပြန်မွေးဖွားပါတယ်။ နှစ်နှစ်ဆယ်ကြာတိုင်း နှလုံးဆဲလ်တွေက အသစ်ပြန်ဖြစ်တာကြောင့် နှလုံးအားပြန်ကောင်းလာတတ်ပါတယ်။

-အူအတက်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေရှိပြီး အစာချေစနစ်ကို ချောမွေ့စေဖို့ အကူအညီပေးပါတယ်။ ပိုးဝင်တာကြောင့် အူအတက်ကို ဖယ်ရှားလိုက်ရရင် အိမ်မြှောင်အမြီးလိုပဲ နောက်တစ်ကြိမ်ပြန်ပေါက်လာစေဖို့ ခန္ဓာကိုယ်က ကူညီပေးပါတယ်။

-မျက်တောင်ပေါ်မှာ မျက်နှာအဆီနဲ့ ဆဲလ်အသေတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ပိုးသေးသေးလေး တွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကိုတော့ မထိခိုက်စေဘူးလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top