Property Expo
×
တကယ်ချစ်တဲ့သူတွေက...
Credit : Duwun
#Unicode Version
ကိုယ်က တကယ်ချစ်မိသွားတဲ့အခါ သူကရော ကိုယ့်ကို တကယ်ချစ်တာဟုတ်ရဲ့လားလို့ တွေးတောမိတတ်တာ သဘာဝပါ။ သင် အခုတွဲနေသူက သင့်ကို တကယ်ချစ်တာဟုတ်မဟုတ် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။
တကယ်ချစ်တဲ့သူတွေက...
၁။ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အလျင်စလိုမရှိဘဲ ရေရှည်ကို မျှော်ကိုးတဲ့အတွက် ဖြည်းဖြည်းချင်းပဲ တိုးတက်အောင် ပြုလုပ်သွားလိမ့်မယ်။
၂။ သင်နဲ့ပတ်သက်ရင် အသေးစိတ်ကအစ အလေးထားတယ်။
၃။ သူ့မိသားစု၊ သူ့သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်ဆက်ပေးလိမ့်မယ်။
၄။ သူဘယ်သွားသွား လိုက်ပေးဖို့ သင့်ကိုခေါ်တယ်။
၅။ သူဖြစ်ချင်တာကို သင့်ကို စိတ်ရှည်ရှည်နဲ့ ပြောတယ်။
၆။ စကားများတဲ့အခါ ရန်ပွဲကို ပိုကြီးအောင် မဖန်တီးဘဲ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားတယ်။
၇။ သူမသွားချင်လည်း သင်သွားချင်တဲ့နေရာတွေကို စိတ်ရှည်လက်ရှည်လိုက်ပို့ပေးတယ်။
၈။ သူ့အနာဂတ်မှာ သင်လည်းပါတယ်။
၉။ သင်နဲ့ သူရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး လူတွေရှေ့မှာ ချပြရဲတယ်။ (သင်နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံတွေ ဖေ့စ်ဘွတ်မှာ တင်တာ၊ သူ့သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ သင့်လက်ကို ကိုင်ထားတာ စတာတွေ ပါဝင်ပါတယ်)
၁၀။ တခြားမိန်းကလေးတွေက သူ့ကို ဇာတ်လမ်းရှာတိုင်း ရှောင်ထွက်တတ်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top