Kantharyar Centre
×

မန္ယူအသင္းရလဒ္ေတြ ဆိုး႐ြားခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ ဝိန္း႐ြန္ေနးကို ပြဲထြက္လူစာရင္းက ခ်န္လွပ္ထားသင့္၊ မသင့္ စစ္တမ္းေကာက္ယူရာမွာ ပရိသတ္ အကုန္လံုးနီးပါးက ခ်န္လွပ္ထားခဲ့သင့္ေၾကာင္း မဲေပးခဲ့တယ္လို႔ သိရပါတယ္။

ၿဗိတိန္လူမႈကြန္ယက္အင္တာနက္အသံုးျပဳသူ အမ်ားဆံုး သံုးစြဲတဲ့ redissue ဆိုတဲ့ ဝက္ဘ္ဆိုက္ေပၚမွာ အဆိုပါစစ္တမ္းကို ေကာက္ယူခဲ့တာပါ။ မန္ယူအသင္းမွာ ႐ြန္ေနးရဲ႕ ျပႆနာကို ဘယ္လိုေျဖရွင္းႏုိင္မယ္လို သင္ထင္ပါသလဲ ဆိုၿပီးေမးျမန္းထားတဲ့ ေမးခြန္းကို ျပန္လည္ေျဖဆိုသူေတြထဲမွာ ၉၉.၀၈ ရာခိုင္ႏႈန္းက အသင္းပြဲထြက္လူစာရင္းကေန ထုတ္ထားသင့္ေၾကာင္း မဲေပးခဲ့ၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ကလည္း ႐ြန္ေနးကို အသင္းလူစာရင္းက ထုတ္ထားမယ္ဆိုရင္လည္း ဘာျပႆနာမွ မရွိေၾကာင္း ေမာ္ရင္ဟိုက မီဒီယာေတြကို ေျပာၾကားထားပါေသးတယ္။ ဝက္ဖုိ႔ဒ္ကို ႐ံႈးနိမ့္ၿပီးေနာက္ အသင္းပရိသတ္အခ်ိဳ႕နဲ႔ ေဝဖန္သူေတြကလည္း ႐ြန္ေနးျပႆနာကို ေမာ္ရင္ဟို တိတိက်က်အေျဖရွာရမယ့္အခ်ိန္ေရာက္ၿပီလို႔ တူညီစြာ မွတ္ခ်က္ေပးထားၾကပါတယ္။ " ကၽြန္ေတာ္သူ႔ကို လူစာရင္းက ခ်န္ခဲ့လို႔ရပါတယ္။ ဘာျပႆနာမွ မရွိပါဘူး" လုိ႔ေမာ္ရင္ဟိုက ေျပာထားဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

မန်ယူအသင်းရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဝိန်းရွန်နေးကို ပွဲထွက်လူစာရင်းက ချန်လှပ်ထားသင့်၊ မသင့် စစ်တမ်းကောက်ယူရာမှာ ပရိသတ် အကုန်လုံးနီးပါးက ချန်လှပ်ထားခဲ့သင့်ကြောင်း မဲပေးခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်လူမှုကွန်ယက်အင်တာနက်အသုံးပြုသူ အများဆုံး သုံးစွဲတဲ့ redissue ဆိုတဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အဆိုပါစစ်တမ်းကို ကောက်ယူခဲ့တာပါ။ မန်ယူအသင်းမှာ ရွန်နေးရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မယ်လို သင်ထင်ပါသလဲ ဆိုပြီးမေးမြန်းထားတဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုသူတွေထဲမှာ ၉၉.၀၈ ရာခိုင်နှုန်းက အသင်းပွဲထွက်လူစာရင်းကနေ ထုတ်ထားသင့်ကြောင်း မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ရွန်နေးကို အသင်းလူစာရင်းက ထုတ်ထားမယ်ဆိုရင်လည်း ဘာပြဿနာမှ မရှိကြောင်း မော်ရင်ဟိုက မီဒီယာတွေကို ပြောကြားထားပါသေးတယ်။ ဝက်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် အသင်းပရိသတ်အချို့နဲ့ ဝေဖန်သူတွေကလည်း ရွန်နေးပြဿနာကို မော်ရင်ဟို တိတိကျကျအဖြေရှာရမယ့်အချိန်ရောက်ပြီလို့ တူညီစွာ မှတ်ချက်ပေးထားကြပါတယ်။ " ကျွန်တော်သူ့ကို လူစာရင်းက ချန်ခဲ့လို့ရပါတယ်။ ဘာပြဿနာမှ မရှိပါဘူး" လို့မော်ရင်ဟိုက ပြောထားဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top