Property Expo
×

အခ်စ္ေရးတစ္ခု အဆံုးသတ္ေတာ့မယ္ဆုိရင္ ကာယကံရွင္ႏွစ္ေယာက္ဟာ အလိုလို ဒါကို သိေနတတ္ၾကပါတယ္။ ကိုယ္ခ်စ္တဲ့သူက အရင္လို ကိုယ့္အေပၚ စိတ္၀င္တစား ေျပာဆုိဆက္ဆံတာမ်ိဳး မရွိေတာ့ပဲ ျပီးျပီးေရာ ျဖစ္လာမယ္၊ ဒါမွမဟုတ္ ကိုယ့္ကိုဘာစကားမွ ေကာင္းေကာင္း သိပ္မေျပာေတာ့ဘူးဆုိရင္ ဒီအခ်စ္ေရးဟာ မၾကာခင္မွာ အဆံုးသတ္ေတာ့မွာပါ။ ဒါကိုအတိအက် ထပ္ေျပာျပရရင္ -

၁။ ကိုယ္နဲ႕ျငင္းခံုတာမ်ိဳးေတြ မလုပ္ေတာ့ဘူး။
စံုတြဲေတြၾကား ျငင္းခံုရန္ျဖစ္ေနၾကတာဟာ စိတ္ပ်က္စရာေကာင္းတာမွန္ပါတယ္။  ဒါေပမယ့္ ဒီလိုျငင္းခုံၾကတာဟာ အပ်က္သေဘာဘက္ ဦးတည္ျပီး ရန္ျဖစ္တာမ်ိဳးေတြ မဟုတ္ပဲ တစ္ေယာက္ေကာင္းက်ိဳးအတြက္ တစ္ေယာက္က ျငင္းခံုေျပာဆုိေပးတာမ်ိဳး ဆိုရင္ေတာ့ ခုလို မၾကာခဏ ျငင္းခံုေပးဖုိ႕ လုိအပ္တယ္လုိ႕ ဆုိရပါလိမ့္မယ္။ အဲ့ဒီလို မဟုတ္ပါပဲ တစ္ဦးနဲ႕တစ္ဦး ေျပာခ်င္ဆုိခ်င္စိတ္ လံုး၀မရွိေတာ့လို႕  ျငင္းခုံတာမ်ိဳးေတြပါ မလုပ္ေတာ့တာ ဆုိရင္ ေတာ့ ဒီအခ်စ္ေရးက အဆံုးသတ္ခါနီးျပီလို႕ ဆုိရပါလိမ့္မယ္။

ဥပမာ - စံုတြဲတစ္တြဲက ဒီည ဘယ္ေနရာမွာ ဒင္နာသြားစားၾကမလဲဆုိတာကို ျငင္းခံုတာမ်ိဳးကေတာ့ တစ္ေယာက္ ခံစားခ်က္ကို တစ္ေယာက္နာက်င္တဲ့အထိ မျဖစ္ေစဘူးေလ။ ဒါဟာ သူ႕ဘက္ကိုယ့္ဘက္ ဘယ္လိုအျမင္ေတြ ရွိတယ္ဆုိတာကိုေတာင္ သိသြားေစပါေသးတယ္။  ဒါကို သူက သူ႕ဘက္က အေျခအေနက ဘယ္လုိရွိတယ္ ဆုိတာမ်ိဳး ကိုယ့္ကို ဘာမွမဖြင့္ဟေတာ့ဘူးဆုိရင္ ဒါ ျပသနာအၾကီးစားပါပဲ။

၂။ ဘာမွမေျပာေတာ့ပဲ တိတ္ဆိတ္ေနျခင္းဟာ ဒီအခ်စ္ေရးဘယ္လို ဆက္သြားရမယ္ ဆုိတာ ေနာက္ဆံုး သံုးသပ္ေနျခင္းပါပဲ။

တစ္ဖက္လူက သင့္ကို ဘာဆုိဘာမွမေျပာေတာ့ပဲ တစ္ခ်ိန္လံုးျငိမ္သက္ေနျခင္းဟာ သင့္ကို လက္ေလ်ွာ့လိုက္ျပီဆိုတဲ့ သေဘာပါ။ ဘာလုိ႕လဲဆုိေတာ့ သူေျပာတာေတြကို သင္က နားမေထာင္တဲ့အတြက္ သူ ဘာမွဆက္မေျပာေတာ့ဘူးဆုိတဲ့သေဘာပါ။ ဘာလို႕လဲဆုိေတာ့ ဒီအခ်စ္ေရးဟာ အလုပ္မျဖစ္ေတာ့တဲ့အတြက္ သူ႕အေနနဲ႕ ဘာမွ ေျပာဆုိေနဖုိ႕ မလိုေတာ့ဘူးဆုိတဲ့ သေဘာပါ။ ဘာလို႕လဲဆုိေတာ့ သူ သင္နဲ႕လမ္းခြဲဖုိ႕အတြက္ အဆင္သင့္ျဖစ္ေနလို႕ပါ။

အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြဟာ ခုလိုပိုလုပ္ေဆာင္တတ္ၾကပါတယ္။ ဒီအခ်စ္ေရးဟာ သူတုိ႕ဆက္ျပီး ရန္ျဖစ္ေျပာဆုိေနဖုိ႕ တန္ေသးတယ္လုိ႕ထင္ရင္ သင္နဲ႕ဆက္ျပီး ျငင္းခုံေနဦးမွာပါ။ မဟုတ္ရင္ေတာ့ သင့္ကို လမ္းခြဲဖုိ႕ ၀န္မေလးၾကပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar 



#Unicode Version

အချစ်ရေးတစ်ခု အဆုံးသတ်တော့မယ်ဆိုရင် ကာယကံရှင်နှစ်ယောက်ဟာ အလိုလို ဒါကို သိနေတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူက အရင်လို ကိုယ့်အပေါ် စိတ်ဝင်တစား ပြောဆိုဆက်ဆံတာမျိုး မရှိတော့ပဲ ပြီးပြီးရော ဖြစ်လာမယ်၊ ဒါမှမဟုတ် ကိုယ့်ကိုဘာစကားမှ ကောင်းကောင်း သိပ်မပြောတော့ဘူးဆိုရင် ဒီအချစ်ရေးဟာ မကြာခင်မှာ အဆုံးသတ်တော့မှာပါ။ ဒါကိုအတိအကျ ထပ်ပြောပြရရင် -

၁။ ကိုယ်နဲ့ငြင်းခုံတာမျိုးတွေ မလုပ်တော့ဘူး။
စုံတွဲတွေကြား ငြင်းခုံရန်ဖြစ်နေကြတာဟာ စိတ်ပျက်စရာကောင်းတာမှန်ပါတယ်။  ဒါပေမယ့် ဒီလိုငြင်းခုံကြတာဟာ အပျက်သဘောဘက် ဦးတည်ပြီး ရန်ဖြစ်တာမျိုးတွေ မဟုတ်ပဲ တစ်ယောက်ကောင်းကျိုးအတွက် တစ်ယောက်က ငြင်းခုံပြောဆိုပေးတာမျိုး ဆိုရင်တော့ ခုလို မကြာခဏ ငြင်းခုံပေးဖို့ လိုအပ်တယ်လို့ ဆိုရပါလိမ့်မယ်။ အဲ့ဒီလို မဟုတ်ပါပဲ တစ်ဦးနဲ့တစ်ဦး ပြောချင်ဆိုချင်စိတ် လုံးဝမရှိတော့လို့  ငြင်းခုံတာမျိုးတွေပါ မလုပ်တော့တာ ဆိုရင် တော့ ဒီအချစ်ရေးက အဆုံးသတ်ခါနီးပြီလို့ ဆိုရပါလိမ့်မယ်။

ဥပမာ - စုံတွဲတစ်တွဲက ဒီည ဘယ်နေရာမှာ ဒင်နာသွားစားကြမလဲဆိုတာကို ငြင်းခုံတာမျိုးကတော့ တစ်ယောက် ခံစားချက်ကို တစ်ယောက်နာကျင်တဲ့အထိ မဖြစ်စေဘူးလေ။ ဒါဟာ သူ့ဘက်ကိုယ့်ဘက် ဘယ်လိုအမြင်တွေ ရှိတယ်ဆိုတာကိုတောင် သိသွားစေပါသေးတယ်။  ဒါကို သူက သူ့ဘက်က အခြေအနေက ဘယ်လိုရှိတယ် ဆိုတာမျိုး ကိုယ့်ကို ဘာမှမဖွင့်ဟတော့ဘူးဆိုရင် ဒါ ပြသနာအကြီးစားပါပဲ။

၂။ ဘာမှမပြောတော့ပဲ တိတ်ဆိတ်နေခြင်းဟာ ဒီအချစ်ရေးဘယ်လို ဆက်သွားရမယ် ဆိုတာ နောက်ဆုံး သုံးသပ်နေခြင်းပါပဲ။

တစ်ဖက်လူက သင့်ကို ဘာဆိုဘာမှမပြောတော့ပဲ တစ်ချိန်လုံးငြိမ်သက်နေခြင်းဟာ သင့်ကို လက်လျှော့လိုက်ပြီဆိုတဲ့ သဘောပါ။ ဘာလို့လဲဆိုတော့ သူပြောတာတွေကို သင်က နားမထောင်တဲ့အတွက် သူ ဘာမှဆက်မပြောတော့ဘူးဆိုတဲ့သဘောပါ။ ဘာလို့လဲဆိုတော့ ဒီအချစ်ရေးဟာ အလုပ်မဖြစ်တော့တဲ့အတွက် သူ့အနေနဲ့ ဘာမှ ပြောဆိုနေဖို့ မလိုတော့ဘူးဆိုတဲ့ သဘောပါ။ ဘာလို့လဲဆိုတော့ သူ သင်နဲ့လမ်းခွဲဖို့အတွက် အဆင်သင့်ဖြစ်နေလို့ပါ။

အမျိုးသမီးတွေထက် အမျိုးသားတွေဟာ ခုလိုပိုလုပ်ဆောင်တတ်ကြပါတယ်။ ဒီအချစ်ရေးဟာ သူတို့ဆက်ပြီး ရန်ဖြစ်ပြောဆိုနေဖို့ တန်သေးတယ်လို့ထင်ရင် သင်နဲ့ဆက်ပြီး ငြင်းခုံနေဦးမှာပါ။ မဟုတ်ရင်တော့ သင့်ကို လမ်းခွဲဖို့ ဝန်မလေးကြပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top