Kantharyar Centre
×

ဘရာဇီးလ္ သိပၸံပညာရွင္ေတြက Culex လုိ႔လဲ လူသိမ်ားတဲ့ သာမန္ျခင္က ဇီကာဗိုင္းရပ္စ္ မကူးစက္ေစႏုိင္ပဲ Aedes aegypti ျခင္အမ်ိဳးအစားကသာ အဓိကေရာဂါပိုးသယ္တဲ့ ပိုးမႊားလုိ႔ ဆိုပါတယ္။

ဘရာဇီးလ္ႏုိင္ငံ Rio de Janeiro ျမိဳ႕က သတင္းစာရွင္းလင္းပြဲတစ္ခုမွာ Oswaldo Cruz Institute က သိပၸံပညာရွင္ေတြက ပဲရစ္စ္မွ Pasteur Institute နဲ႔ ေလ့လာမႈ ပူေပါင္းျပဳလုပ္ခဲ့တယ္လုိ႔ ဆင္ဟြာသတင္းက ဆုိပါတယ္။

ယင္းအဖြဲ႕က ဘရာဇီးလ္ႏုိင္ငံတစ္ဝွမ္း ေဒသ ၅ ခုကေန ျခင္အေကာင္ ၁,၆၀၀ စိစစ္ေလ့လာခဲ့ပါတယ္။ တစ္ဝက္မွာ Culex ျဖစ္ျပီး က်န္တစ္ဝက္က Aedes aegypti အမ်ဳိးအစား ျဖစ္ပါတယ္။ ဇီကာဗုိင္းရပ္စ္သယ္အေကာင္အျဖစ္ သင့္ေတာ္ကိုက္ညီမႈ ရွိသလားဆိုတာကို စစ္ေဆးစမ္းသပ္ခဲ့ၾကပါတယ္။

Aedes aegypti ၈၀% နဲ႔ ၁၀၀% ၾကားက တံေတြးနဲ႔ ဗုိင္းရပ္စ္သယ္ေဆာင္တာ ေတြ႔ရပါတယ္။ ဒါေပမယ့္ Culex ျခင္ေတြမွာ အလားတူရလဒ္မ်ဳိးမေတြ႔ရပါဘူး။ သာမန္ ျခင္သြားရည္မွာ ဗုိင္းရပ္စ္ေတြ႔မေတြ႔ ကြ်ႏု္ပ္တုိ႔ စစ္ေဆးခဲ့ပါတယ္။ သုိ႔ေပမယ့္ မေတြ႔ခဲ့ပါဘူးလုိ႔ ယင္းပေရာဂ်က္ဦးေဆာင္သူ Oswaldo Cruz Institute မွ တိရိစာၦန္ေဆးကုဆရာဝန္ Ricardo Lourenco က ဆုိပါတယ္။

ဘရာဇီးလ္ႏုိင္ငံဟာ ဇီကာဗုိင္းရပ္အဆုိးဆုံး ခံရတဲ့ႏုိင္ငံတစ္ခုထဲမွာ ပါဝင္ပါတယ္။ ဒါေပမယ့္ ပိုးမႊားေသေစဖို႕ အၾကီးအက်ယ္ႏိွမ္နင္းတုိက္ခုိက္မႈျပဳလုပ္ျပီးေနာက္ မၾကာေသးမီလမ်ားအတြင္း သိသိသာသာ ေလွ်ာ့က်ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ဘရာဇီးလ် သိပ္ပံပညာရှင်တွေက Culex လို့လဲ လူသိများတဲ့ သာမန်ခြင်က ဇီကာဗိုင်းရပ်စ် မကူးစက်စေနိုင်ပဲ Aedes aegypti ခြင်အမျိုးအစားကသာ အဓိကရောဂါပိုးသယ်တဲ့ ပိုးမွှားလို့ ဆိုပါတယ်။

ဘရာဇီးလ်နိုင်ငံ Rio de Janeiro မြို့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Oswaldo Cruz Institute က သိပ္ပံပညာရှင်တွေက ပဲရစ်စ်မှ Pasteur Institute နဲ့ လေ့လာမှု ပူပေါင်းပြုလုပ်ခဲ့တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

ယင်းအဖွဲ့က ဘရာဇီးလ်နိုင်ငံတစ်ဝှမ်း ဒေသ ၅ ခုကနေ ခြင်အကောင် ၁,၆၀၀ စိစစ်လေ့လာခဲ့ပါတယ်။ တစ်ဝက်မှာ Culex ဖြစ်ပြီး ကျန်တစ်ဝက်က Aedes aegypti အမျိုးအစား ဖြစ်ပါတယ်။ ဇီကာဗိုင်းရပ်စ်သယ်အကောင်အဖြစ် သင့်တော်ကိုက်ညီမှု ရှိသလားဆိုတာကို စစ်ဆေးစမ်းသပ်ခဲ့ကြပါတယ်။

Aedes aegypti ၈၀% နဲ့ ၁၀၀% ကြားက တံတွေးနဲ့ ဗိုင်းရပ်စ်သယ်ဆောင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Culex ခြင်တွေမှာ အလားတူရလဒ်မျိုးမတွေ့ရပါဘူး။ သာမန် ခြင်သွားရည်မှာ ဗိုင်းရပ်စ်တွေ့မတွေ့ ကျွနု်ပ်တို့ စစ်ဆေးခဲ့ပါတယ်။ သို့ပေမယ့် မတွေ့ခဲ့ပါဘူးလို့ ယင်းပရောဂျက်ဦးဆောင်သူ Oswaldo Cruz Institute မှ တိရိစ္ဆာန်ဆေးကုဆရာဝန် Ricardo Lourenco က ဆိုပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ဇီကာဗိုင်းရပ်အဆိုးဆုံး ခံရတဲ့နိုင်ငံတစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ပိုးမွှားသေစေဖို့ အကြီးအကျယ်နှိမ်နင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် မကြာသေးမီလများအတွင်း သိသိသာသာ လျှော့ကျခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top