Property Expo
×





Credit:RFA

#Unicode Version
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးက မိမိတို့ရဲ့ လိုလားချက်ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ်မှာ တပ်မတော် ဗိုလ်ချုပ်ကြီးတွေရဲ့အခန်းကဏ္ဍက လုံးဝမရှိသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၁ရက်နေ့ ညကပြုလုပ်ခဲ့တဲ့ Asia Society အဖွဲ့နဲ့တွေ့ဆုံပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။


Photos : Myanmar State Counsellor Office



တပ်မတော်ကို တန်ဖိုးထားရတဲ့ အကြောင်းရင်းတွေ အများကြီးထဲမှာ မိမိဖခင် ထူထောင်ခဲ့တဲ့ တပ်မတော်ဖြစ်တဲ့အချက် ပါဝင်ပြီး
မိမိဖခင်က တိုင်းပြည်လွတ်လပ်ရေးရဖို့နဲ့ ပြည်သူတွေရဲ့လွတ်လပ်မှုကို ကာကွယ်ဖို့ တပ်မတော်ကိုထူထောင်ခဲ့တာဖြစ်လို့ တပ်မတော်ကို ထူထောင်စဉ်က ရည်ရွယ်ချက်အတိုင်း ကျင့်သုံးဆောင်ရွက်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေလျ ဝန်ကြီးချုပ်ဟောင်းကီဗင်ရုဒ်က မေးခွန်းတွေမေးမြန်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းအကျဉ်းနဲ့ NLD အစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:RFA
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top