Property Expo
×

ယာဥ္ေၾကာရွင္းလင္းေပးေနေသာ ဦးေရႊေဌး။ (ဓာတ္ပံု - နစ္ကီ)

ေရာင္ျပန္ပါသည့္ ဦးထုပ္အဝါေရာင္ေဆာင္းထားေသာ အသက္ (၄၀)အရြယ္အမ်ိဳးသားတစ္ဦး ရွပ္လက္တိုအဝါေရာင္ အကြက္က်ဲကို ဝတ္ထားၿပီး ပါးစပ္တြင္ ဝီစီတပ္ကာ တရႊီရႊီမႈတ္ေနသည္။ ယာဥ္ထိန္းရဲဝတ္စံုျဖင့္ မဟုတ္ဘဲ ပုဆိုးကို ဒူးဆစ္ေလာက္ထိ တိုတိုဝတ္ထားေသာသူက ကားလမ္းမအလယ္တည့္တည့္တြင္ ဟိုဘက္ဒီဘက္ လမ္းေလွ်ာက္ရင္း လက္ႏွစ္ဖက္ကို ေဝွ႔ယမ္းကာ ကားလမ္းရွင္းေနျခင္းျဖစ္သည္။

‘‘ယံုၾကည္ခ်က္ေတြ အားနည္းလွခ်ည္လား’’ ‘‘ဆရာႀကီးမေငးပါနဲ႔’’ စသည္ျဖင့္ ကားသမားမ်ားအား ေအာ္ေျပာေနသည္ကိုလည္း ေတြ႕ရသည္။

အခ်ိဳ႕ေသာ ကားမ်ားက သူလက္တားလွ်င္ ရပ္ေပးသည္။ သူတားသည္ကို မရပ္ေပးသည့္ ကားမ်ားလည္းရွိသည္။ တစ္ခါတစ္ရံ ကားအလြန္က်ပ္လာသည့္အခါ သူတားသည္ကို မရပ္ေပးလွ်င္ လွ်ပ္တစ္ျပက္အတြင္း ကားေရွ႕ကို ဝင္ပိတ္ရပ္ပစ္လိုက္သည္မ်ားကိုလည္း ေတြ႕ရသည္။

အဆုိပါအမ်ိဳးသားမွာ ေန႔စဥ္ ညေန ၅ နာရီတြင္ အေသာကလမ္းႏွင့္သမိန္ဗရမ္းလမ္းဆံုတြင္ ယာဥ္ထိန္းရဲအလုပ္ကို ေစတနာျဖင့္ ကူညီလုပ္ကိုင္ေပးေနသူျဖစ္ေၾကာင္း အေသာကမွတ္တိုင္နားရွိ ကြမ္းယာဆိုင္ပိုင္ရွင္က ေျပာသည္။

အေသာက လမ္းထိပ္နားရွိ ဂိတ္အမွတ္ (၂၅)တြင္ ဆိုက္ကားေမာင္းသည့္ ကိုႏုိင္ႏိုင္ထြန္းကလည္း ‘‘ေမာ္ေတာ္ပီကယ္လာရင္ေတာင္ တစ္နာရီေလာက္ပဲ ရွင္းႏုိင္တယ္။ သူက သံုး၊ ေလးနာရီေလာက္ ရွင္းတာ’’ဟု သူလမ္းရွင္းျခင္းကို ေျပာျပသည္။

ထိုေစတနာ့ဝန္ထမ္းကို ယာဥ္ထိန္း႐ံုးကလည္း ဂုဏ္ျပဳထားသည္။ ‘‘အမ်ားအက်ိဳးအတြက္ ဦးစားေပးတတ္တဲ့ လူတစ္ေယာက္ျဖစ္လုိ႔ ကြၽန္ေတာ္တုိ႔တပ္ဖြဲ႕အေနနဲ႔ သူ႔ကိုဂုဏ္ျပဳတဲ့သေဘာပါ။ တာဝန္ေပးအပ္တာေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္တုိ႔ တပ္ဖြဲ႕ ဝင္မႏုိင္တဲ့ေနရာေလးမွာ သူဝင္လုပ္ေနတာေပါ့။ ေျပာရရင္ တစ္ခါတေလ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ဝင္ေတြနဲ႔တြဲၿပီး ကြၽန္ေတာ္နဲ႔ကိုတြဲၿပီး သူကလုပ္ဖူးတယ္’’ဟု တာေမြယာဥ္ထိန္း႐ံုးတပ္ဖြဲ႕စု ဒုရဲမွဴးဝင္းလြင္ကေျပာသည္။

သူ႔အေၾကာင္းသိသူမ်ားက အရပ္သားေမာ္ေတာ္ပီကယ္ ဦးေရႊေဌးဟု ေခၚၾကသည္။ ကိုကရင္ဟုလည္းေခၚသည္။ ဦးေရႊေဌး၏ ပင္မအသက္ေမြးဝမ္းေက်ာင္းမွာ ဆိုက္ကားနင္းျခင္းျဖစ္ၿပီး ကားလမ္းရွင္းေပးသည္ကို အလုပ္ခ်ိန္မွဖဲ့ကာ ေစတနာ့ဝန္ထမ္းလုပ္ေနသူျဖစ္သည္။

ေတာင္ဒဂံုတြင္ေနေသာ ဦးေရႊေဌးသည္ နံနက္တုိင္း ၆ နာရီဆုိလွ်င္ အိပ္ရာထသည္။ ထမင္းဟင္းခ်က္သည္။ သည့္ေနာက္သူ၏ ကေလးႏွစ္ေယာက္ကိုေက်ာင္းလုိက္ပို႔ေပးသည္။  သူ႔ကေလးႏွစ္ေယာက္ကို ေက်ာင္းပို႔ၿပီးလွ်င္ တစ္ေရးတေမာ ျပန္အိပ္သည္။ ၁၀ နာရီခန္႔တြင္ထၿပီး အိမ္ႏွင့္လမ္းအတြင္း အမႈိက္မ်ားကို လုိက္ေကာက္သည္။ ေက်ာင္းနားက အမႈိက္ကန္တြင္ သြားပစ္တတ္သည္။ ၁၂ နာရီခဲြလွ်င္ သူဆုိက္ကားနင္းရာ တာေမြသို႔ (၄၃)ဘတ္စ္ကားကို စီးသြားေလ့ရွိသည္။

တာေမြသို႔ေရာက္၍ ဆုိက္ကားနင္းသည့္အခါတုိင္း ကားက်ပ္ေနသည္ကို ေတြ႕ပါက ေမာ္ေတာ္ပီကယ္လုပ္၍ ကားရွင္းေပးတတ္သည္။ ညေန ၅ နာရီအခ်ိန္တုိင္း အာေသာကႏွင့္ သမိန္ဗရမ္း မ္းဆုံ၌ လမ္းရွင္းေပးေနေသာ ဦးေရႊေဌးကိုေတြ႕ရမည္ျဖစ္သည္။

ဆုိက္ကားနင္း၊ ယာဥ္ေၾကာရွင္း၊ အမႈိက္သိမ္းစသည့္ အလုပ္ၿပီးလွ်င္ ဦးေရႊေဌးက မနားေသးဘဲ ေခြးစာေကာင္းေကာင္းရရွိေရး ႀကိဳးပမ္းျပန္သည္။

‘‘ေရႊရည္၀င္း မုန္႔ဟင္းခါးဆုိင္နဲ႔ ထမင္းဆုိင္ကေန ေခြးစာေတြယူသြားတယ္။ ထမင္းဆုိင္မွာဆို ေခြးစာကို ကိုယ္တုိင္ပဲထည့္တယ္။ ေခြးစာဆိုတာက အဆီအႏွစ္ပါမွ ေခြးအတြက္ ေကာင္းတာ။ ကိုယ္တုိင္ထည့္ရင္ ပန္းကန္မွာ က်န္ေနတဲ့ အဆီအႏွစ္ေတြ မက်န္ေအာင္ ထည့္ရတယ္။ ထမင္းဆုိင္က ေခြးစာနဲ႔ မုန္႔ဟင္းခါးဆုိင္က ၀က္စာက အခ်ိန္ ၁၀ ေလာက္ရွိတယ္။ အိမ္ကိုသယ္တာ’’ဟု ၎ကေျပာသည္။

ဦးေရႊေဌးတို႔ ေနထိုင္သည့္ ေတာင္ဒဂုံေအးရိပ္ၿမိဳင္လမ္းရွိ ေဒၚတိုးက ‘‘ကြၽန္မက ဒီရပ္ကြက္ကို သူတုိ႔ထက္ အရင္ေရာက္တာ။ ဆယ္ႏွစ္ေက်ာ္ေနၿပီ။ သူ႔ကိုေတြ႕ကတည္းက ဒီပုံစံအတုိင္းပဲ။ ျပန္လာတုိင္း တစ္ရပ္ကြက္လုံးက ေခြးေတြကုိေကြၽးတယ္။ ပိုဆုိးတာ အမႈိက္ဆုိရင္ ဟိုအေ၀းႀကီးက အမႈိက္ပုံႀကီးမွာပဲ သြားပစ္တယ္’’ဟု ဦးေရႊေဌးအေၾကာင္း ေျပာေလသည္။

သူ႔အိမ္မွ အမႈိက္ပုံႀကီးမ်ားဆီသို႔ေရာက္ရန္ နာရီ၀က္ခန္႔ၾကာလမ္းေလွ်ာက္ရသည္။


ဦးေရႊေဌး (ဓာတ္ပံု - နစ္ကီ)

ဦးေရႊေဌး တာေမြမွ ေတာင ဒဂုံရွိ သူ႔အိမ္သို႔ ျပန္ေရာက္ခ်ိန္သည္ ည ၁၂ နာရီျဖစ္၏။ ထုိ႔ေနာက္ ေခြးစာေကြၽးသည္။ ထုိ႔ေနာက္ သူကိုယ္တုိင္ ထမင္းစားၿပီးခ်ိန္သည္ နံနက္ ၂ နာရီျဖစ္ကာ စားၿပီးမွ အိပ္ရာ၀င္ေလသည္။

‘‘နည္းနည္း မဟုတ္ဘူး။ အမ်ားႀကီးေကာင္းတာ။ ဒီနားမွာ သူ႔ ဆိုက္ကားပဲ စီးခ်င္ပါတယ္ဆုိတဲ့ သူေတြရွိတယ္’’ ဟု ဓမၼဒိ႒လမ္း တြင္ ေရႊရည္ဝင္းမုန္႔ဟင္းခါး ေရာင္းသည့္ ကိုငယ္ေလးက ဦး ေရႊေဌးအေပၚ မွတ္ခ်က္ေပးသည္။

တာေမြၿမိဳ႕နယ္ ယာဥ္ေၾကာက်ပ္သည့္ေနရာမ်ားတြင္ေစတနာျဖင့္ ကားလမ္းရွင္းေပး႐ံုမွ်မက ညပိုင္းအခ်ိန္တြင္ သူ႔ဆိုက္ကားဂိတ္နားရွိ ေဈးဆုိင္မ်ား၊ လမ္းေပၚရွိ အမိႈက္မ်ားကိုလည္း ရွင္းေပးတတ္ေၾကာင္း မုန္႔ဟင္းခါးသည္ ကိုငယ္ေလးက ဆက္ေျပာသည္။

ထိုသို႔ ေျပာေနစဥ္တြင္ပင္ ဦးေရႊေဌးတစ္ေယာက္ ေရာင္ျပန္ဦးထုပ္၊ အက်ႌမ်ားဝတ္၍ ဆိုက္ကားနင္းထြက္လာသည္ကိုေတြ႕ရသည္။ ထို႔ေနာက္ လွမ္းေျပာသြားသည္က ‘‘တကၠစီသမား သံုးေယာက္ေျပာသြားတယ္။ အေသာကမွာ ပိတ္ေနၿပီတဲ့’’ဟူ၍တည္း။

အခ်ိဳ႕ကားသမားမ်ားက သူ႔ကို ‘‘ေစာက္႐ူး၊ ေစာက္႐ူး၊ ေစာက္ ႐ူး’’ဟု ေခၚသြားတတ္ေၾကာင္း ေရႊရည္ဝင္းဆိုင္တြင္ မုန္႔ဟင္းခါးစားေနသည့္ ကိုစိုးဝင္းက ဆိုက္ကားေမာင္းထြက္သြားသည့္ ဦးေရႊေဌးကို သမင္လည္ျပန္ၾကည့္ရင္းျဖင့္ ေျပာျပေလသည္။

‘‘က်ဳပ္ကေတာ့ သူ႔ကို သိလာတာ ငါးႏွစ္ရွိၿပီ။ စိတ္သေဘာထားေကာင္းတာကေတာ့ မမီဘူး။ ျမန္မာက မေျပာနဲ႔။ ကမၻာကေတာင္ မမီဘူး’’ဟု ပြဲစားတန္းဂိတ္တြင္ ဆိုက္ကားနင္းသည့္ ကိုစိုးဝင္းက ဦးေရႊေဌးသည္ မ႐ူးဘဲ စိတ္ေကာင္းမည္မွ်ရွိေၾကာင္း ထိုစကားကိုပင္ သံုးခါထပ္၍ ေျပာေနသည္။

သူလိုလူမ်ိဳးက ရန္ရွာလာလွ်င္ပင္ သည္းခံ၍ ထြက္ေျပးလွ်င္ ေျပး၊ ၿငိမ္ခံလွ်င္ ခံမည့္သူမ်ိဳးဟု ေရႊရည္ဝင္း မုန္႔ဟင္းခါးဆုိင္တြင္းရွိ ေရာင္းသူ၊ စားသူမ်ားက အာေပါင္အာရင္းသန္သန္ျဖင့္ ေၾကာ္ျငာေပးၾကျပန္သည္။

အေသာကလမ္းတြင္ ညေနတိုင္း တကၠစီျဖင့္ ျဖတ္သြားတတ္သည့္ အငွားကားေမာင္းသူ ကိုေက်ာ္ထြန္းႏုိင္က ဦးေရႊေဌးယာဥ္လမ္းေၾကာင္းထိန္းပံုမွာ စနစ္မက်ေသာ္လည္း လတ္တေလာ ယာဥ္ပိတ္သည့္အခ်ိန္တြင္မူ အဆင္ေျပသည္ဟု ဆုိသည္။ အေသာကလမ္းႏွင့္ သမိန္ဗရမ္းလမ္းသည္ ညေန ၆ နာရီခန္႔တြင္ အေတာ္က်ပ္က်ပ္တည္းတည္းပိတ္ေလ့ရွိသည္ဟု ကိုေက်ာ္ထြန္းႏုိင္က ေျပာျပသည္။

အေသာကလမ္းႏွင့္ သမိန္ဗရမ္းလမ္းဆံုသည္ ယာဥ္ထိန္းမည့္သူမရွိလွ်င္ ေကြ႕ေၾကာထြက္မည့္ကားႏွင့္ ဝင္္မည့္ကားမ်ားက တည့္သြားမည့္ကားမ်ားကို ညႇပ္ထားသကဲ့သုိ႔ ျဖစ္ေနတတ္သည္။

ထို႔အျပင္ ဦးေရႊေဌးအေၾကာင္းကို ‘‘လူတုိင္းက အခ်စ္ခံခ်င္လို႔ ေစတနာ့ဝန္ထမ္းလုပ္ၾကတယ္။ ဒါေပမဲ့ သူ႔ေစတနာ့ဝန္ထမ္းအလုပ္က အမုန္းခံရမယ့္အလုပ္။ ေကြ႕ေၾကာက ကားကလည္းေကြ႕ေၾကာဝင္ခ်င္တယ္။ တည့္သြားတဲ့ကားကလည္း တည့္သြားခ်င္တယ္။ယာဥ္ေမာင္းက နားလည္မႈမရွိရင္ အမုန္းခံရမွာပဲ။ အႏၲရာယ္ရွိတယ္’’ ဟု သံုးသပ္ေျပာသြားသည္။

ဦးေရႊေဌးသည္ ယခင္က ရဲတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္သည္။ ရဲတပ္သားအျဖစ္ ၁၉၉၂ မွ ၁၉၉၇ ထိ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ဒုတပ္ၾကပ္အျဖစ္ ရာထူးတုိးခါနီးတြင္ တရားခံလြတ္ေျမာက္မႈျဖင့္ ဦးေရႊေဌး တာေမြရဲတပ္ဖြဲ႕မွ အလုပ္ႏုတ္ထြက္ရသည္။ သူသည္ ေစတနာ့ဝန္ထမ္း ေမာ္ေတာ္ပီကယ္လုပ္ခဲ့သည္မွာ ကားေတြ စမ်ားလာသည့္ လြန္ခဲ့ေသာ သံုးႏွစ္ေက်ာ္မွ ျဖစ္သည္ဟုေျဖသည္။ အျခားသူမ်ားကလည္း သူဒီလို ေက်ာက္ေျမာင္းတစ္ခြင္ တရႊီရႊီလုပ္ေနသည္မွာ ကားေတြ စမ်ားလာကတည္းကျဖစ္ေၾကာင္း တညီတၫြတ္တည္း ေျပာၾကေလသည္။ ဦးေရႊေဌး ဤကဲ့သို႔ ေစတနာ့ဝန္ထမ္း ေမာ္ေတာ္ပီကယ္လုပ္ေနသည္မွာ ဝါသနာေၾကာင့္ဟု သူ႔ကိုသိသူတိုင္းက ထင္ေၾကးေပးသည္။

ထုိအေၾကာင္းကို ေျပာျပေတာ့ ဦးေရႊေဌးကရယ္သည္။ ေမာ္ေတာ္ပီကယ္အလုပ္ကို ဝါသနာပါ၍ လုပ္တာမဟုတ္ေၾကာင္း ရွင္းျပသည္။ ရန္ကုန္တြင္ ကားေပါလာသည္ႏွင့္အတူ လူေတြမွာဒုကၡတစ္မ်ိဳး တိုးလာသည္ဟုဆုိသည္။ ရန္ကုန္ရွိ လူမ်ားသည္ ကားပိတ္သည့္အတြက္ေၾကာင့္ ေဒါသေတြ၊ ေမာဟေတြ အလြန္မ်ားလာသည္ဟု ဦးေရႊေဌးက ယူဆသည္။ အခ်ိဳ႕က အလုပ္ေနာက္က်မည္ စိုးတာေၾကာင့္၊ အခ်ိဳ႕က ေငြေရးေၾကးေရးေၾကာင့္၊ အခ်ိဳ႕က်န္းမာေရးေၾကာင့္ လမ္းခရီးကို ျမန္ျမန္ဆန္ဆန္ သြားလိုၾကသည္။ ထိုဆႏၵကို ျဖည့္ဆည္းေပးရျခင္းျဖင့္ ပီတိျဖစ္ရသည္ဟု ေျပာသည္။

သူေျပာသည္က ‘‘ကံကံ၏ အက်ိဳးကိုယံုၾကည္တယ္’’ဟူ၍ျဖစ္သည္။ ထိုအေၾကာင္းမ်ားကို ေျပာ ေနခ်ိန္တြင္ ဦးေရႊေဌး၏ မ်က္ႏွာသည္ မၿပံဳးမရယ္ဘဲ အလြန္တည္တံ့ေနသည္။ အတန္းေက်ာင္းကိုးတန္းအထိ တက္ဖူးေသာ သူသည္ ဤစကားလံုးမ်ားကို တည္တည္ ၿငိမ္ၿငိမ္ ေလသံေအးေအးျဖင့္ေျပာသည္။ သူက အျခားေသာပရဟိတမ်ားနည္းတူ ယာဥ္ေၾကာထိန္းသိမ္းေပးသည့္ ပရဟိတသည္လည္း အက်ိဳးရွိသည္ဟု ယံုၾကည္သည္။

ယာဥ္ေၾကာရွင္းေပးသည့္အတြက္ ဦးေရႊေဌး လက္ေတြ႕ေကာင္းက်ဳိးခံစားရသည္လည္း ရွိပါသည္။ တစ္ခါတစ္ရံတြင္ အခ်ဳိ႕ေသာ ကားသမားမ်ားက အက်ႌမ်ား၊ ပုဆိုးမ်ား ေပးသြားတတ္သည္။အခ်ဳိ႕က အေအးေသာက္ရန္ဟုဆုိကာ မုန္႔ဖုိးေပးသြားတတ္သည္။ ေမာ္ေတာ္ပီကယ္အခ်ဳိ႕က အခ်ဳိရည္၊ ေဆးလိပ္ေပးသည္။ ေပးသမွ် ေဆးလိပ္ေတြကို သူက တျခားသူကိုျပန္ေပးသည္။ ‘‘တစ္ခါတေလမွပါ ေတာ္ေတာ္ရွားတယ္။ ေပးရင္ေတာင္ ျငင္းလြန္းတဲ့အတြက္ သိပ္မေပးၾကဘူး’’ဟု ဦးေရႊေဌးက ဆုိသည္။

ယာဥ္ေၾကာမက်ပ္သည့္ ေန႔မ်ားတြင္ ဆိုက္ကားနင္းသည့္ ဦးေရႊေဌး၏ တစ္ေန႔၀င္ေငြသည္ ငါးေထာင္က်ပ္၀န္းက်င္ရွိသည္။ နံနက္ပိုင္း အိမ္စရိတ္ျပန္ေပးရသည့္တိုင္ သူ႔အစာအိမ္အတြက္ကိုမူ စိတ္မပူရေခ်။

သူဆိုက္ကားနင္းရာ ၀န္းက်င္ရွိ ထမင္းဆိုင္၊ မုန္႔ဆိုင္မ်ားက အိမ္အျပန္ ထမင္းဟင္းမ်ား ထည့္ေပးတတ္သည္။ အိမ္အတြက္ ညစာက သူ႔မိသားစုအဖို႔ မပူပင္ရ။ အိမ္နားက ကေလးမ်ားကိုပင္ ေ၀မွ်ေကြၽးႏိုင္ေသးသည္ဟု ဦးေရႊေဌးကေျပာသည္။

ေရႊရည္၀င္းမုန္႔ဟင္းခါးဆိုင္က ကိုငယ္ေလးကလည္း ‘‘ဦးေရႊေဌးအတြက္ဆို မုန္႔ဟင္းခါးဖိုး အလကားပဲ။ ဘယ္ေလာက္စားစား ပိုက္ဆံမယူဘူး’’ဟု ဆိုေသးသည္။

တစ္ေန႔တြင္ ယာဥ္ေၾကာရွင္း ေနစဥ္တြင္ ေရေဘးအတြက္ အလွဴခံေနသည့္ ကားတစ္စီးမွ လူမ်ားက ‘‘ဒီလူ ဘာလုပ္ေနတာလဲ မသိဘူး။ လူေတြကို ဒုကၡေပးေနတာ’’ဟု ေအာ္ေျပာသည္ဟု ဦးေရႊေဌးကေျပာသည္။ ဦးေရႊေဌးက ‘‘မင္းတို႔လည္း ပရဟိတလုပ္ေနတာ။ ငါလည္း ပရဟိတလုပ္ေနတာပဲ။ ငါက ေန႔စဥ္ပရဟိတလုပ္တာ’’ဟုသာ ျပန္ေျပာလုိက္သည္ဟု သူက ထူးထူးျခားျခား အေတြ႕အႀကံဳတစ္ခုကို ဆိုေလသည္။

ဦးေရႊေဌး ယာဥ္စည္းကမ္းထိန္းသိမ္းသည့္ အလုပ္လုပ္ခါစက အမူးသမားမ်ားက အလြန္ရစ္ၾကသည္။ ဦးေရႊေဌး၏ ညီျဖစ္သူ ဦးစိန္ေမႊးကလည္း သူ႔အစ္ကိုႏွင့္အတူ မေနႏုိင္မထိုင္ႏိုင္ ယာဥ္စည္းကမ္းထိန္းေပးဖူးသည္ဟု ဆိုသည္။ သို႔ေသာ္ ကားသမားမ်ား၏ ‘‘မင္းဘာေကာင္လဲ၊ငါဘာေကာင္ကြ၊ ဘာလုပ္တာလဲ၊ ဘာျဖစ္ခ်င္လဲ’’ စသည္ျဖင့္ ႐ိုင္း႐ိုင္းစိုင္းစိုုင္း ေျပာဆိုသည္မ်ားကို မခံႏုိင္၍ မလုပ္ေတာ့ျခင္းျဖစ္ေၾကာင္း ဦး စိန္ေမႊးကေျပာသည္။

‘‘အစ္ကိုကေတာ့ ဘယ္သူ ဘာေျပာေျပာဆက္လုပ္တာပဲ။ တစ္ခါတေလ ပါဆင္ဂ်ာႀကီး (ခရီးသည္)ထားခဲ့ၿပီးလုပ္ေနလို႔ နင္တုိ႔အစ္ကိုက အဲဒီလိုမ်ိဳးထားခဲ့တယ္ဆုိၿပီး လာေျပာတာေတာင္ ရွိတယ္’’ဟု ကိုစိန္ေမႊးက ေျပာေလသည္။

ယခုအခ်ိန္တြင္မူ ဦးေရႊေဌးသည္ ယာဥ္ေမာင္းမ်ားသာမက အနီးဝန္းက်င္၏ အသိအမွတ္ျပဳမႈကိုပါ ရရွိေနေလၿပီ။ ယာဥ္ေမာင္းမ်ား၊ အနီးနားရွိ တုိက္ခန္းမ်ားက ေပးထားသည့္ ေရာင္ျပန္အက်ႌမ်ား၊ ဦးထုပ္မ်ား၊ မီးတုတ္မ်ားကို ထုတ္ျပျခင္းျဖင့္ သူ႔ကိုအသိအမွတ္ျပဳၾကေၾကာင္း ဂုဏ္ယူစြာေျပာေလသည္။

သို႔ေသာ္ ေမာ္ေတာ္ယာဥ္မ်ားကို ထိန္းသိမ္းရသည့္ အလုပ္ျဖစ္တာေၾကာင့္ အသက္အႏၲရာယ္ ထိခိုက္မွာကိုလည္း အမ်ားကသူ႔အတြက္ စိုးရိမ္ၾကသည္။

တာေမြ ယာဥ္ထိန္း႐ံုးတပ္ဖြဲ႕စုမွ ဒုရဲမွဴးဝင္းလြင္က ပေရာ္ဖက္ရွင္နယ္ ယာဥ္ထိန္းရဲမဟုတ္သည့္အတြက္ ႐ိုင္းစိုင္းေသာ ယာဥ္ေမာင္းမ်ားႏွင့္ေတြ႕လွ်င္အႏၲရာယ္ႀကံဳေတြ႕ႏိုင္ေၾကာင္း မွတ္ခ်က္ေပးသည္။ ဥပေဒေၾကာင္းအရဆိုလွ်င္ ဦးေရႊေဌးအေနျဖင့္ ကားမ်ားကို တားပိုင္ခြင့္မရွိေၾကာင္းႏွင့္ ယာဥ္တိုက္မႈျဖစ္ပြားပါက လမ္းအသံုးျပဳသူတစ္ဦးျဖစ္၍ ယာဥ္တိုက္မႈကိစၥျဖင့္သာ ရွင္းရမည္ျဖစ္ေၾကာင္း ေျပာသည္။

အကယ္၍ ယာဥ္တိုက္မႈျဖစ္ပြားမည္ဆုိလွ်င္ ဦးေရႊေဌးသည္ ျပည္သူတစ္ေယာက္၏ အခြင့္အေရးသာရရွိမည္ျဖစ္ပါသည္။

‘‘ေမာ္ေတာ္ယာဥ္ဥပေဒအရေတာ့ လမ္းေပၚမွာရွိတဲ့သူကို ေမာ္ေတာ္ယာဥ္၏ မည္သည့္အစိတ္အပိုင္းနဲ႔မွ မထိခိုက္ရလို႔ ဥပေဒအရ တားထားတာျဖစ္တဲ့အတြက္ သူ႔ကိုေတာ့ သြားထိလို႔ေတာ့ မရဘူးေပါ့။ သူ႔ကို သြားထိတယ္ဆုိရင္ေတာ့ အေရးယူခံရမွာေပါ့’’ဟု ဒုရဲ မွဴးဝင္းလြင္က ေျပာသည္။

သို႔ေသာ္ ဦးေရႊေဌးက ထို႔အတြက္လည္း စိတ္က ျပင္ဆင္ထားသည္ဟုဆုိပါသည္။ ‘‘ေကာင္းတာလုပ္တာ ေသရင္လည္း ေသပေလ့ေစ’’ဟုသာ ဦးေရႊေဌးက ဆုိသည္။

သူ႔အဖို႔ ယာဥ္ေမာင္းမ်ားထံမွ ေတာင္းဆိုလိုသည့္ ဆႏၵတစ္ခုသာရွိေၾကာင္းေျပာသည္။ ‘‘ေစတနာသန္႔သန္႔ထားၿပီး လုပ္ေနတာကို စည္းကမ္းပ်က္ မ၀င္ၾကဖို႔ေျပာခ်င္ပါတယ္’’

ကားတစ္စီးက သူ႔ကိုဝင္တိုက္ေတာ့မလိုလုပ္ၿပီးမွ ခ်ိဳးေကြ႕သြားတတ္ေၾကာင္း ဇနီးသည္ ေဒၚသဇင္ကေျပာျပသည္။

ဦးေရႊေဌး၏ အမ်ိဳးသမီးေဒၚသဇင္က ရပ္ကြက္လူႀကီးမိဘမ်ား နားခ်၍သာယူရျခင္းျဖစ္ေသာ္လည္း ယခုအခ်ိန္တြင္ေတာ့ ဦးေရႊေဌးအေပၚ သံေယာဇဥ္အလြန္ရွိေနၿပီျဖစ္ေၾကာင္း ေျပာသည္။ ဦးေရႊေဌးသည္ မိသားစုအေပၚ တာ၀န္ေက်၍ ေစာင့္ေရွာက္တတ္ သူျဖစ္ေၾကာင္း ေဒၚသဇင္က မ်က္ႏွာငံု၍ ရွက္ရြံ႕စြာဆိုသည္။

‘‘ေငြေရးေၾကးေရးအစ္မႀကီး အမွားလုပ္ခဲ့တာကလြဲလို႔ မိသားစုေတြ ေပ်ာ္ေပ်ာ္ေနလို႔ရတယ္’’ဟု ေဒၚသဇင္က မိသားစုအေရးကို ေျပာသည္။

ဦးေရႊေဌးကေတာ့ သူ႔မိန္းမကို အလြန္သနားတတ္သူဟုထင္သည္။ သူ႔မိန္းမတစ္ပါးသူကို အာမခံေငြေခ်းေပးလြန္း၍ အေႂကြးတင္ေပါင္း၊ သူလိုက္ဆပ္ေပးရေပါင္းလည္းမ်ားၿပီဟု ျပန္ျပာျပသည္။ သို႔ေသာ္ ဇနီးျဖစ္သူအေပၚ ႏွိမ္မည္၊ သိကၡာခ်မည္ကို သူေျပာခဲသည္။

 ေစတနာ့ဝန္ထမ္းအေနျဖင့္ ယာဥ္လမ္းေၾကာင္းရွင္းသူ ဦးေရႊေဌးသည္ ဇနီးသည္ႏွင့္ (၁၀)ႏွစ္အရြယ္ရွိ သမီးႏွင့္သားအတြက္ ရည္ရြယ္ကာ လူပ်ိဳဘဝကတည္းက ေငြစု၍ အိမ္ဝယ္ထားျခင္းျဖစ္သည္ဟု ဆုိသည္။ ထို႔အတြက္ေၾကာင့္ သူယာဥ္မေတာ္တဆျဖစ္၍ အသက္ဆံုးလွ်င္ပင္ ေနာင္တရစရာမရွိဟု ဆုိေလသည္။

တကယ္တမ္းမူ ေန႔စဥ္ အိမ္အလုပ္လုပ္၊ ဆုိက္ကားနင္း၊ ယာဥ္လမ္းေၾကာင္းရွင္း၊ အမႈိက္သိမ္း၊ ေခြးစာေကြၽးအလုပ္မ်ားကို လုပ္ေနတတ္သည့္ ဦးေရႊေဌး၏ မိသားစုအတြက္ ရည္မွန္းခ်က္က ႐ိုးရွင္းလွသည္။ (၁၀)ႏွစ္ျပည့္ေတာ့မည့္ သူ႔သားကေလး ရွင္ျပဳေပးႏုိင္ေရး၊ ယိုင္နဲ႔ေနေသာ အိမ္ကေလး၊ အိမ္သာကို ျပင္ဆင္ႏိုင္ေရးႏွင့္သူ႔ထက္ ဆယ္ႏွစ္မွ်ငယ္ေသာ သူ႔ဇနီးျဖစ္သူ လိမၼာလာေရးသာလွ်င္ အေရးႀကီးဆံုးဟု ဆုိေလသည္။

ဦးေရႊေဌး အႏွစ္သက္ဆံုးေဆာင္ပုဒ္က ‘‘ဒုကၡေရာက္တဲ့သူကို ကူညီမယ္’’ ျဖစ္သည္။ ထုိေဆာင္ပုဒ္ကပင္ သူ၏ ဘဝေနထုိင္ရွင္သန္မႈကုိ ရွင္းျပေနေလသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ယာဉ်ကြောရှင်းလင်းပေးနေသော ဦးရွှေဌေး။ (ဓာတ်ပုံ - နစ်ကီ)

ရောင်ပြန်ပါသည့် ဦးထုပ်အဝါရောင်ဆောင်းထားသော အသက် (၄၀)အရွယ်အမျိုးသားတစ်ဦး ရှပ်လက်တိုအဝါရောင် အကွက်ကျဲကို ဝတ်ထားပြီး ပါးစပ်တွင် ဝီစီတပ်ကာ တရွှီရွှီမှုတ်နေသည်။ ယာဉ်ထိန်းရဲဝတ်စုံဖြင့် မဟုတ်ဘဲ ပုဆိုးကို ဒူးဆစ်လောက်ထိ တိုတိုဝတ်ထားသောသူက ကားလမ်းမအလယ်တည့်တည့်တွင် ဟိုဘက်ဒီဘက် လမ်းလျှောက်ရင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ကားလမ်းရှင်းနေခြင်းဖြစ်သည်။

‘‘ယုံကြည်ချက်တွေ အားနည်းလှချည်လား’’ ‘‘ဆရာကြီးမငေးပါနဲ့’’ စသည်ဖြင့် ကားသမားများအား အော်ပြောနေသည်ကိုလည်း တွေ့ရသည်။

အချို့သော ကားများက သူလက်တားလျှင် ရပ်ပေးသည်။ သူတားသည်ကို မရပ်ပေးသည့် ကားများလည်းရှိသည်။ တစ်ခါတစ်ရံ ကားအလွန်ကျပ်လာသည့်အခါ သူတားသည်ကို မရပ်ပေးလျှင် လျှပ်တစ်ပြက်အတွင်း ကားရှေ့ကို ဝင်ပိတ်ရပ်ပစ်လိုက်သည်များကိုလည်း တွေ့ရသည်။

အဆိုပါအမျိုးသားမှာ နေ့စဉ် ညနေ ၅ နာရီတွင် အသောကလမ်းနှင့်သမိန်ဗရမ်းလမ်းဆုံတွင် ယာဉ်ထိန်းရဲအလုပ်ကို စေတနာဖြင့် ကူညီလုပ်ကိုင်ပေးနေသူဖြစ်ကြောင်း အသောကမှတ်တိုင်နားရှိ ကွမ်းယာဆိုင်ပိုင်ရှင်က ပြောသည်။

အသောက လမ်းထိပ်နားရှိ ဂိတ်အမှတ် (၂၅)တွင် ဆိုက်ကားမောင်းသည့် ကိုနိုင်နိုင်ထွန်းကလည်း ‘‘မော်တော်ပီကယ်လာရင်တောင် တစ်နာရီလောက်ပဲ ရှင်းနိုင်တယ်။ သူက သုံး၊ လေးနာရီလောက် ရှင်းတာ’’ဟု သူလမ်းရှင်းခြင်းကို ပြောပြသည်။

ထိုစေတနာ့ဝန်ထမ်းကို ယာဉ်ထိန်းရုံးကလည်း ဂုဏ်ပြုထားသည်။ ‘‘အများအကျိုးအတွက် ဦးစားပေးတတ်တဲ့ လူတစ်ယောက်ဖြစ်လို့ ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ သူ့ကိုဂုဏ်ပြုတဲ့သဘောပါ။ တာဝန်ပေးအပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့ ဝင်မနိုင်တဲ့နေရာလေးမှာ သူဝင်လုပ်နေတာပေါ့။ ပြောရရင် တစ်ခါတလေ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေနဲ့တွဲပြီး ကျွန်တော်နဲ့ကိုတွဲပြီး သူကလုပ်ဖူးတယ်’’ဟု တာမွေယာဉ်ထိန်းရုံးတပ်ဖွဲ့စု ဒုရဲမှူးဝင်းလွင်ကပြောသည်။

သူ့အကြောင်းသိသူများက အရပ်သားမော်တော်ပီကယ် ဦးရွှေဌေးဟု ခေါ်ကြသည်။ ကိုကရင်ဟုလည်းခေါ်သည်။ ဦးရွှေဌေး၏ ပင်မအသက်မွေးဝမ်းကျောင်းမှာ ဆိုက်ကားနင်းခြင်းဖြစ်ပြီး ကားလမ်းရှင်းပေးသည်ကို အလုပ်ချိန်မှဖဲ့ကာ စေတနာ့ဝန်ထမ်းလုပ်နေသူဖြစ်သည်။

တောင်ဒဂုံတွင်နေသော ဦးရွှေဌေးသည် နံနက်တိုင်း ၆ နာရီဆိုလျှင် အိပ်ရာထသည်။ ထမင်းဟင်းချက်သည်။ သည့်နောက်သူ၏ ကလေးနှစ်ယောက်ကိုကျောင်းလိုက်ပို့ပေးသည်။  သူ့ကလေးနှစ်ယောက်ကို ကျောင်းပို့ပြီးလျှင် တစ်ရေးတမော ပြန်အိပ်သည်။ ၁၀ နာရီခန့်တွင်ထပြီး အိမ်နှင့်လမ်းအတွင်း အမှိုက်များကို လိုက်ကောက်သည်။ ကျောင်းနားက အမှိုက်ကန်တွင် သွားပစ်တတ်သည်။ ၁၂ နာရီခွဲလျှင် သူဆိုက်ကားနင်းရာ တာမွေသို့ (၄၃)ဘတ်စ်ကားကို စီးသွားလေ့ရှိသည်။

တာမွေသို့ရောက်၍ ဆိုက်ကားနင်းသည့်အခါတိုင်း ကားကျပ်နေသည်ကို တွေ့ပါက မော်တော်ပီကယ်လုပ်၍ ကားရှင်းပေးတတ်သည်။ ညနေ ၅ နာရီအချိန်တိုင်း အာသောကနှင့် သမိန်ဗရမ်း မ်းဆုံ၌ လမ်းရှင်းပေးနေသော ဦးရွှေဌေးကိုတွေ့ရမည်ဖြစ်သည်။

ဆိုက်ကားနင်း၊ ယာဉ်ကြောရှင်း၊ အမှိုက်သိမ်းစသည့် အလုပ်ပြီးလျှင် ဦးရွှေဌေးက မနားသေးဘဲ ခွေးစာကောင်းကောင်းရရှိရေး ကြိုးပမ်းပြန်သည်။

‘‘ရွှေရည်ဝင်း မုန့်ဟင်းခါးဆိုင်နဲ့ ထမင်းဆိုင်ကနေ ခွေးစာတွေယူသွားတယ်။ ထမင်းဆိုင်မှာဆို ခွေးစာကို ကိုယ်တိုင်ပဲထည့်တယ်။ ခွေးစာဆိုတာက အဆီအနှစ်ပါမှ ခွေးအတွက် ကောင်းတာ။ ကိုယ်တိုင်ထည့်ရင် ပန်းကန်မှာ ကျန်နေတဲ့ အဆီအနှစ်တွေ မကျန်အောင် ထည့်ရတယ်။ ထမင်းဆိုင်က ခွေးစာနဲ့ မုန့်ဟင်းခါးဆိုင်က ဝက်စာက အချိန် ၁၀ လောက်ရှိတယ်။ အိမ်ကိုသယ်တာ’’ဟု ၎င်းကပြောသည်။

ဦးရွှေဌေးတို့ နေထိုင်သည့် တောင်ဒဂုံအေးရိပ်မြိုင်လမ်းရှိ ဒေါ်တိုးက ‘‘ကျွန်မက ဒီရပ်ကွက်ကို သူတို့ထက် အရင်ရောက်တာ။ ဆယ်နှစ်ကျော်နေပြီ။ သူ့ကိုတွေ့ကတည်းက ဒီပုံစံအတိုင်းပဲ။ ပြန်လာတိုင်း တစ်ရပ်ကွက်လုံးက ခွေးတွေကိုကျွေးတယ်။ ပိုဆိုးတာ အမှိုက်ဆိုရင် ဟိုအဝေးကြီးက အမှိုက်ပုံကြီးမှာပဲ သွားပစ်တယ်’’ဟု ဦးရွှေဌေးအကြောင်း ပြောလေသည်။

သူ့အိမ်မှ အမှိုက်ပုံကြီးများဆီသို့ရောက်ရန် နာရီဝက်ခန့်ကြာလမ်းလျှောက်ရသည်။


ဦးရွှေဌေး (ဓာတ်ပုံ - နစ်ကီ)

ဦးရွှေဌေး တာမွေမှ တောင ဒဂုံရှိ သူ့အိမ်သို့ ပြန်ရောက်ချိန်သည် ည ၁၂ နာရီဖြစ်၏။ ထို့နောက် ခွေးစာကျွေးသည်။ ထို့နောက် သူကိုယ်တိုင် ထမင်းစားပြီးချိန်သည် နံနက် ၂ နာရီဖြစ်ကာ စားပြီးမှ အိပ်ရာဝင်လေသည်။

‘‘နည်းနည်း မဟုတ်ဘူး။ အများကြီးကောင်းတာ။ ဒီနားမှာ သူ့ ဆိုက်ကားပဲ စီးချင်ပါတယ်ဆိုတဲ့ သူတွေရှိတယ်’’ ဟု ဓမ္မဒိဋ္ဌလမ်း တွင် ရွှေရည်ဝင်းမုန့်ဟင်းခါး ရောင်းသည့် ကိုငယ်လေးက ဦး ရွှေဌေးအပေါ် မှတ်ချက်ပေးသည်။

တာမွေမြို့နယ် ယာဉ်ကြောကျပ်သည့်နေရာများတွင်စေတနာဖြင့် ကားလမ်းရှင်းပေးရုံမျှမက ညပိုင်းအချိန်တွင် သူ့ဆိုက်ကားဂိတ်နားရှိ ဈေးဆိုင်များ၊ လမ်းပေါ်ရှိ အမှိုက်များကိုလည်း ရှင်းပေးတတ်ကြောင်း မုန့်ဟင်းခါးသည် ကိုငယ်လေးက ဆက်ပြောသည်။

ထိုသို့ ပြောနေစဉ်တွင်ပင် ဦးရွှေဌေးတစ်ယောက် ရောင်ပြန်ဦးထုပ်၊ အကျႌများဝတ်၍ ဆိုက်ကားနင်းထွက်လာသည်ကိုတွေ့ရသည်။ ထို့နောက် လှမ်းပြောသွားသည်က ‘‘တက္ကစီသမား သုံးယောက်ပြောသွားတယ်။ အသောကမှာ ပိတ်နေပြီတဲ့’’ဟူ၍တည်း။

အချို့ကားသမားများက သူ့ကို ‘‘စောက်ရူး၊ စောက်ရူး၊ စောက် ရူး’’ဟု ခေါ်သွားတတ်ကြောင်း ရွှေရည်ဝင်းဆိုင်တွင် မုန့်ဟင်းခါးစားနေသည့် ကိုစိုးဝင်းက ဆိုက်ကားမောင်းထွက်သွားသည့် ဦးရွှေဌေးကို သမင်လည်ပြန်ကြည့်ရင်းဖြင့် ပြောပြလေသည်။

‘‘ကျုပ်ကတော့ သူ့ကို သိလာတာ ငါးနှစ်ရှိပြီ။ စိတ်သဘောထားကောင်းတာကတော့ မမီဘူး။ မြန်မာက မပြောနဲ့။ ကမ္ဘာကတောင် မမီဘူး’’ဟု ပွဲစားတန်းဂိတ်တွင် ဆိုက်ကားနင်းသည့် ကိုစိုးဝင်းက ဦးရွှေဌေးသည် မရူးဘဲ စိတ်ကောင်းမည်မျှရှိကြောင်း ထိုစကားကိုပင် သုံးခါထပ်၍ ပြောနေသည်။

သူလိုလူမျိုးက ရန်ရှာလာလျှင်ပင် သည်းခံ၍ ထွက်ပြေးလျှင် ပြေး၊ ငြိမ်ခံလျှင် ခံမည့်သူမျိုးဟု ရွှေရည်ဝင်း မုန့်ဟင်းခါးဆိုင်တွင်းရှိ ရောင်းသူ၊ စားသူများက အာပေါင်အာရင်းသန်သန်ဖြင့် ကြော်ငြာပေးကြပြန်သည်။

အသောကလမ်းတွင် ညနေတိုင်း တက္ကစီဖြင့် ဖြတ်သွားတတ်သည့် အငှားကားမောင်းသူ ကိုကျော်ထွန်းနိုင်က ဦးရွှေဌေးယာဉ်လမ်းကြောင်းထိန်းပုံမှာ စနစ်မကျသော်လည်း လတ်တလော ယာဉ်ပိတ်သည့်အချိန်တွင်မူ အဆင်ပြေသည်ဟု ဆိုသည်။ အသောကလမ်းနှင့် သမိန်ဗရမ်းလမ်းသည် ညနေ ၆ နာရီခန့်တွင် အတော်ကျပ်ကျပ်တည်းတည်းပိတ်လေ့ရှိသည်ဟု ကိုကျော်ထွန်းနိုင်က ပြောပြသည်။

အသောကလမ်းနှင့် သမိန်ဗရမ်းလမ်းဆုံသည် ယာဉ်ထိန်းမည့်သူမရှိလျှင် ကွေ့ကြောထွက်မည့်ကားနှင့် ဝင်မည့်ကားများက တည့်သွားမည့်ကားများကို ညှပ်ထားသကဲ့သို့ ဖြစ်နေတတ်သည်။

ထို့အပြင် ဦးရွှေဌေးအကြောင်းကို ‘‘လူတိုင်းက အချစ်ခံချင်လို့ စေတနာ့ဝန်ထမ်းလုပ်ကြတယ်။ ဒါပေမဲ့ သူ့စေတနာ့ဝန်ထမ်းအလုပ်က အမုန်းခံရမယ့်အလုပ်။ ကွေ့ကြောက ကားကလည်းကွေ့ကြောဝင်ချင်တယ်။ တည့်သွားတဲ့ကားကလည်း တည့်သွားချင်တယ်။ယာဉ်မောင်းက နားလည်မှုမရှိရင် အမုန်းခံရမှာပဲ။ အန္တရာယ်ရှိတယ်’’ ဟု သုံးသပ်ပြောသွားသည်။

ဦးရွှေဌေးသည် ယခင်က ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ရဲတပ်သားအဖြစ် ၁၉၉၂ မှ ၁၉၉၇ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတပ်ကြပ်အဖြစ် ရာထူးတိုးခါနီးတွင် တရားခံလွတ်မြောက်မှုဖြင့် ဦးရွှေဌေး တာမွေရဲတပ်ဖွဲ့မှ အလုပ်နုတ်ထွက်ရသည်။ သူသည် စေတနာ့ဝန်ထမ်း မော်တော်ပီကယ်လုပ်ခဲ့သည်မှာ ကားတွေ စများလာသည့် လွန်ခဲ့သော သုံးနှစ်ကျော်မှ ဖြစ်သည်ဟုဖြေသည်။ အခြားသူများကလည်း သူဒီလို ကျောက်မြောင်းတစ်ခွင် တရွှီရွှီလုပ်နေသည်မှာ ကားတွေ စများလာကတည်းကဖြစ်ကြောင်း တညီတညွတ်တည်း ပြောကြလေသည်။ ဦးရွှေဌေး ဤကဲ့သို့ စေတနာ့ဝန်ထမ်း မော်တော်ပီကယ်လုပ်နေသည်မှာ ဝါသနာကြောင့်ဟု သူ့ကိုသိသူတိုင်းက ထင်ကြေးပေးသည်။

ထိုအကြောင်းကို ပြောပြတော့ ဦးရွှေဌေးကရယ်သည်။ မော်တော်ပီကယ်အလုပ်ကို ဝါသနာပါ၍ လုပ်တာမဟုတ်ကြောင်း ရှင်းပြသည်။ ရန်ကုန်တွင် ကားပေါလာသည်နှင့်အတူ လူတွေမှာဒုက္ခတစ်မျိုး တိုးလာသည်ဟုဆိုသည်။ ရန်ကုန်ရှိ လူများသည် ကားပိတ်သည့်အတွက်ကြောင့် ဒေါသတွေ၊ မောဟတွေ အလွန်များလာသည်ဟု ဦးရွှေဌေးက ယူဆသည်။ အချို့က အလုပ်နောက်ကျမည် စိုးတာကြောင့်၊ အချို့က ငွေရေးကြေးရေးကြောင့်၊ အချို့ကျန်းမာရေးကြောင့် လမ်းခရီးကို မြန်မြန်ဆန်ဆန် သွားလိုကြသည်။ ထိုဆန္ဒကို ဖြည့်ဆည်းပေးရခြင်းဖြင့် ပီတိဖြစ်ရသည်ဟု ပြောသည်။

သူပြောသည်က ‘‘ကံကံ၏ အကျိုးကိုယုံကြည်တယ်’’ဟူ၍ဖြစ်သည်။ ထိုအကြောင်းများကို ပြော နေချိန်တွင် ဦးရွှေဌေး၏ မျက်နှာသည် မပြုံးမရယ်ဘဲ အလွန်တည်တံ့နေသည်။ အတန်းကျောင်းကိုးတန်းအထိ တက်ဖူးသော သူသည် ဤစကားလုံးများကို တည်တည် ငြိမ်ငြိမ် လေသံအေးအေးဖြင့်ပြောသည်။ သူက အခြားသောပရဟိတများနည်းတူ ယာဉ်ကြောထိန်းသိမ်းပေးသည့် ပရဟိတသည်လည်း အကျိုးရှိသည်ဟု ယုံကြည်သည်။

ယာဉ်ကြောရှင်းပေးသည့်အတွက် ဦးရွှေဌေး လက်တွေ့ကောင်းကျိုးခံစားရသည်လည်း ရှိပါသည်။ တစ်ခါတစ်ရံတွင် အချို့သော ကားသမားများက အကျႌများ၊ ပုဆိုးများ ပေးသွားတတ်သည်။အချို့က အအေးသောက်ရန်ဟုဆိုကာ မုန့်ဖိုးပေးသွားတတ်သည်။ မော်တော်ပီကယ်အချို့က အချိုရည်၊ ဆေးလိပ်ပေးသည်။ ပေးသမျှ ဆေးလိပ်တွေကို သူက တခြားသူကိုပြန်ပေးသည်။ ‘‘တစ်ခါတလေမှပါ တော်တော်ရှားတယ်။ ပေးရင်တောင် ငြင်းလွန်းတဲ့အတွက် သိပ်မပေးကြဘူး’’ဟု ဦးရွှေဌေးက ဆိုသည်။

ယာဉ်ကြောမကျပ်သည့် နေ့များတွင် ဆိုက်ကားနင်းသည့် ဦးရွှေဌေး၏ တစ်နေ့ဝင်ငွေသည် ငါးထောင်ကျပ်ဝန်းကျင်ရှိသည်။ နံနက်ပိုင်း အိမ်စရိတ်ပြန်ပေးရသည့်တိုင် သူ့အစာအိမ်အတွက်ကိုမူ စိတ်မပူရချေ။

သူဆိုက်ကားနင်းရာ ဝန်းကျင်ရှိ ထမင်းဆိုင်၊ မုန့်ဆိုင်များက အိမ်အပြန် ထမင်းဟင်းများ ထည့်ပေးတတ်သည်။ အိမ်အတွက် ညစာက သူ့မိသားစုအဖို့ မပူပင်ရ။ အိမ်နားက ကလေးများကိုပင် ဝေမျှကျွေးနိုင်သေးသည်ဟု ဦးရွှေဌေးကပြောသည်။

ရွှေရည်ဝင်းမုန့်ဟင်းခါးဆိုင်က ကိုငယ်လေးကလည်း ‘‘ဦးရွှေဌေးအတွက်ဆို မုန့်ဟင်းခါးဖိုး အလကားပဲ။ ဘယ်လောက်စားစား ပိုက်ဆံမယူဘူး’’ဟု ဆိုသေးသည်။

တစ်နေ့တွင် ယာဉ်ကြောရှင်း နေစဉ်တွင် ရေဘေးအတွက် အလှူခံနေသည့် ကားတစ်စီးမှ လူများက ‘‘ဒီလူ ဘာလုပ်နေတာလဲ မသိဘူး။ လူတွေကို ဒုက္ခပေးနေတာ’’ဟု အော်ပြောသည်ဟု ဦးရွှေဌေးကပြောသည်။ ဦးရွှေဌေးက ‘‘မင်းတို့လည်း ပရဟိတလုပ်နေတာ။ ငါလည်း ပရဟိတလုပ်နေတာပဲ။ ငါက နေ့စဉ်ပရဟိတလုပ်တာ’’ဟုသာ ပြန်ပြောလိုက်သည်ဟု သူက ထူးထူးခြားခြား အတွေ့အကြုံတစ်ခုကို ဆိုလေသည်။

ဦးရွှေဌေး ယာဉ်စည်းကမ်းထိန်းသိမ်းသည့် အလုပ်လုပ်ခါစက အမူးသမားများက အလွန်ရစ်ကြသည်။ ဦးရွှေဌေး၏ ညီဖြစ်သူ ဦးစိန်မွှေးကလည်း သူ့အစ်ကိုနှင့်အတူ မနေနိုင်မထိုင်နိုင် ယာဉ်စည်းကမ်းထိန်းပေးဖူးသည်ဟု ဆိုသည်။ သို့သော် ကားသမားများ၏ ‘‘မင်းဘာကောင်လဲ၊ငါဘာကောင်ကွ၊ ဘာလုပ်တာလဲ၊ ဘာဖြစ်ချင်လဲ’’ စသည်ဖြင့် ရိုင်းရိုင်းစိုင်းစိုုင်း ပြောဆိုသည်များကို မခံနိုင်၍ မလုပ်တော့ခြင်းဖြစ်ကြောင်း ဦး စိန်မွှေးကပြောသည်။

‘‘အစ်ကိုကတော့ ဘယ်သူ ဘာပြောပြောဆက်လုပ်တာပဲ။ တစ်ခါတလေ ပါဆင်ဂျာကြီး (ခရီးသည်)ထားခဲ့ပြီးလုပ်နေလို့ နင်တို့အစ်ကိုက အဲဒီလိုမျိုးထားခဲ့တယ်ဆိုပြီး လာပြောတာတောင် ရှိတယ်’’ဟု ကိုစိန်မွှေးက ပြောလေသည်။

ယခုအချိန်တွင်မူ ဦးရွှေဌေးသည် ယာဉ်မောင်းများသာမက အနီးဝန်းကျင်၏ အသိအမှတ်ပြုမှုကိုပါ ရရှိနေလေပြီ။ ယာဉ်မောင်းများ၊ အနီးနားရှိ တိုက်ခန်းများက ပေးထားသည့် ရောင်ပြန်အကျႌများ၊ ဦးထုပ်များ၊ မီးတုတ်များကို ထုတ်ပြခြင်းဖြင့် သူ့ကိုအသိအမှတ်ပြုကြကြောင်း ဂုဏ်ယူစွာပြောလေသည်။

သို့သော် မော်တော်ယာဉ်များကို ထိန်းသိမ်းရသည့် အလုပ်ဖြစ်တာကြောင့် အသက်အန္တရာယ် ထိခိုက်မှာကိုလည်း အများကသူ့အတွက် စိုးရိမ်ကြသည်။

တာမွေ ယာဉ်ထိန်းရုံးတပ်ဖွဲ့စုမှ ဒုရဲမှူးဝင်းလွင်က ပရော်ဖက်ရှင်နယ် ယာဉ်ထိန်းရဲမဟုတ်သည့်အတွက် ရိုင်းစိုင်းသော ယာဉ်မောင်းများနှင့်တွေ့လျှင်အန္တရာယ်ကြုံတွေ့နိုင်ကြောင်း မှတ်ချက်ပေးသည်။ ဥပဒေကြောင်းအရဆိုလျှင် ဦးရွှေဌေးအနေဖြင့် ကားများကို တားပိုင်ခွင့်မရှိကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်ပွားပါက လမ်းအသုံးပြုသူတစ်ဦးဖြစ်၍ ယာဉ်တိုက်မှုကိစ္စဖြင့်သာ ရှင်းရမည်ဖြစ်ကြောင်း ပြောသည်။

အကယ်၍ ယာဉ်တိုက်မှုဖြစ်ပွားမည်ဆိုလျှင် ဦးရွှေဌေးသည် ပြည်သူတစ်ယောက်၏ အခွင့်အရေးသာရရှိမည်ဖြစ်ပါသည်။

‘‘မော်တော်ယာဉ်ဥပဒေအရတော့ လမ်းပေါ်မှာရှိတဲ့သူကို မော်တော်ယာဉ်၏ မည်သည့်အစိတ်အပိုင်းနဲ့မှ မထိခိုက်ရလို့ ဥပဒေအရ တားထားတာဖြစ်တဲ့အတွက် သူ့ကိုတော့ သွားထိလို့တော့ မရဘူးပေါ့။ သူ့ကို သွားထိတယ်ဆိုရင်တော့ အရေးယူခံရမှာပေါ့’’ဟု ဒုရဲ မှူးဝင်းလွင်က ပြောသည်။

သို့သော် ဦးရွှေဌေးက ထို့အတွက်လည်း စိတ်က ပြင်ဆင်ထားသည်ဟုဆိုပါသည်။ ‘‘ကောင်းတာလုပ်တာ သေရင်လည်း သေပလေ့စေ’’ဟုသာ ဦးရွှေဌေးက ဆိုသည်။

သူ့အဖို့ ယာဉ်မောင်းများထံမှ တောင်းဆိုလိုသည့် ဆန္ဒတစ်ခုသာရှိကြောင်းပြောသည်။ ‘‘စေတနာသန့်သန့်ထားပြီး လုပ်နေတာကို စည်းကမ်းပျက် မဝင်ကြဖို့ပြောချင်ပါတယ်’’

ကားတစ်စီးက သူ့ကိုဝင်တိုက်တော့မလိုလုပ်ပြီးမှ ချိုးကွေ့သွားတတ်ကြောင်း ဇနီးသည် ဒေါ်သဇင်ကပြောပြသည်။

ဦးရွှေဌေး၏ အမျိုးသမီးဒေါ်သဇင်က ရပ်ကွက်လူကြီးမိဘများ နားချ၍သာယူရခြင်းဖြစ်သော်လည်း ယခုအချိန်တွင်တော့ ဦးရွှေဌေးအပေါ် သံယောဇဉ်အလွန်ရှိနေပြီဖြစ်ကြောင်း ပြောသည်။ ဦးရွှေဌေးသည် မိသားစုအပေါ် တာဝန်ကျေ၍ စောင့်ရှောက်တတ် သူဖြစ်ကြောင်း ဒေါ်သဇင်က မျက်နှာငုံ၍ ရှက်ရွံ့စွာဆိုသည်။

‘‘ငွေရေးကြေးရေးအစ်မကြီး အမှားလုပ်ခဲ့တာကလွဲလို့ မိသားစုတွေ ပျော်ပျော်နေလို့ရတယ်’’ဟု ဒေါ်သဇင်က မိသားစုအရေးကို ပြောသည်။

ဦးရွှေဌေးကတော့ သူ့မိန်းမကို အလွန်သနားတတ်သူဟုထင်သည်။ သူ့မိန်းမတစ်ပါးသူကို အာမခံငွေချေးပေးလွန်း၍ အကြွေးတင်ပေါင်း၊ သူလိုက်ဆပ်ပေးရပေါင်းလည်းများပြီဟု ပြန်ပြာပြသည်။ သို့သော် ဇနီးဖြစ်သူအပေါ် နှိမ်မည်၊ သိက္ခာချမည်ကို သူပြောခဲသည်။

 စေတနာ့ဝန်ထမ်းအနေဖြင့် ယာဉ်လမ်းကြောင်းရှင်းသူ ဦးရွှေဌေးသည် ဇနီးသည်နှင့် (၁၀)နှစ်အရွယ်ရှိ သမီးနှင့်သားအတွက် ရည်ရွယ်ကာ လူပျိုဘဝကတည်းက ငွေစု၍ အိမ်ဝယ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် သူယာဉ်မတော်တဆဖြစ်၍ အသက်ဆုံးလျှင်ပင် နောင်တရစရာမရှိဟု ဆိုလေသည်။

တကယ်တမ်းမူ နေ့စဉ် အိမ်အလုပ်လုပ်၊ ဆိုက်ကားနင်း၊ ယာဉ်လမ်းကြောင်းရှင်း၊ အမှိုက်သိမ်း၊ ခွေးစာကျွေးအလုပ်များကို လုပ်နေတတ်သည့် ဦးရွှေဌေး၏ မိသားစုအတွက် ရည်မှန်းချက်က ရိုးရှင်းလှသည်။ (၁၀)နှစ်ပြည့်တော့မည့် သူ့သားကလေး ရှင်ပြုပေးနိုင်ရေး၊ ယိုင်နဲ့နေသော အိမ်ကလေး၊ အိမ်သာကို ပြင်ဆင်နိုင်ရေးနှင့်သူ့ထက် ဆယ်နှစ်မျှငယ်သော သူ့ဇနီးဖြစ်သူ လိမ္မာလာရေးသာလျှင် အရေးကြီးဆုံးဟု ဆိုလေသည်။

ဦးရွှေဌေး အနှစ်သက်ဆုံးဆောင်ပုဒ်က ‘‘ဒုက္ခရောက်တဲ့သူကို ကူညီမယ်’’ ဖြစ်သည်။ ထိုဆောင်ပုဒ်ကပင် သူ၏ ဘဝနေထိုင်ရှင်သန်မှုကို ရှင်းပြနေလေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top