Property Expo
×

ခရီးသြားျခင္းကေန ရတဲ့ အက်ိဳးေက်းဇူးေတြကို မၾကာခဏ ေရးသားၾကေပမယ့္ သူငယ္ခ်င္းေတြနဲ႕ အတူ ဘာ့ေၾကာင့္ ခရီးသြားသင့္သလဲဆိုတာကိုေတာ့ သိပ္ေရးေလ့ မရွိၾကပါဘူး။ သင္ဟာ သူငယ္ခ်င္းေတြနဲ႕အတူ ခရီးမသြားျဖစ္ေသးဘူး၊ ဒါမွမဟုတ္ သြားဖူးေပမယ့္ ေနာက္ထပ္ ခရီးေတြ သူငယ္ခ်င္းေတြနဲ႕အတူ သြားဦးမယ္လို႕ စဥ္းစားထားတယ္ဆုိရင္ေတာ့ ဒီအခ်က္ကေလးေတြ ေသခ်ာဖတ္ၾကည့္လိုက္ပါဦး။

၁။ မသြားခင္ ခရီးအတြက္ စတင္စီစဥ္ကတည္းက ေပ်ာ္စရာေကာင္းေနပါျပီ။
ခရီးသြားေတာ့မယ္ဆုိတာနဲ႕ သူငယ္ခ်င္းေတြစုျပီး ဘယ္သြားမလဲ တုိင္ပင္ျဖစ္ၾကပါျပီ။ အျငင္းအခုန္ဇာတ္လမ္းေတြနဲ႕ ဘယ္သြားၾကမယ္၊ ဘယ္ေတာ့ မသြားၾကဘူး စသျဖင့္ ဆူညံပြက္ေလာက္လည္း ရိုက္ၾကရျပီေလ။ အဲ့ဒီေနာက္ အေျဖတစ္ခု ထြက္လာရင္လည္း ဟိုမွာ ဘာေတြလုပ္မယ္၊ သူကေတာ့ျဖင့္ ဘာလုပ္၊ ကုိယ္ကျဖင့္ ဘယ္လို စတာေတြနဲ႕ အစီအစဥ္ဆြဲၾကရပါေတာ့တယ္။ ဒါ့အျပင္ သူငယ္ခ်င္းေတြနဲ႕ အတူသြားတာမုိ႕ ကိုယ္သြားမယ့္ ခရီးကိုလုိက္ျပီး အ၀တ္အစားပိုင္းကိုလည္း အတူစဥ္းစားျဖစ္ၾကပါတယ္။ ခရီးမသြားခင္ ေန႕ရက္ေလးေတြကို ေရတြက္ရင္း အဲ့ဒီေန႕ေရာက္ဖုိ႕ ရင္ခုန္ရတာ တကယ္ေတာ့ ေပ်ာ္စရာ အမွတ္တရေတြေပါ့။

၂။ ခရီးအတူသြားတဲ့ သူငယ္ခ်င္းဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္ ခင္မင္ရင္းႏွီးျပီးသားမွ အဆင္ေျပတာပါ။
သူငယ္ခ်င္းေတြနဲ႕ ခရီးအတူသြားတဲ့အခါ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိေနျပီးသားလူေတြက အဆင္အေျပဆံုးပါ။ ကိုယ္နဲ႕တစ္ခန္းတည္း အတူေနမယ့္ သူငယ္ခ်င္းဆုိရင္ ပိုလို႕ေတာင္ ဆုိးပါေသးတယ္။ ခရီးစဥ္မွာ ဂဂ်ီဂေဂ်ာင္ေတြ ပါလာရင္ တစ္ဖြဲ႕လည္း စိတ္ပ်က္ၾကရပါလိမ့္မယ္။ ဒီေတာ့ ေပ်ာ္ေပ်ာ္ေနတတ္ျပီး တစ္ေယာက္အက်င့္ တစ္ေယာက္ေကာင္းေကာင္းသိတဲ့ ေျပာမနာ ဆိုမနာေတြက ခရီးသြားဖုိ႕ အေကာင္းဆံုးလူေတြပါပဲ။

၃။ ခရီးစဥ္တစ္ေလ်ွာက္ အမွတ္တရေတြကို မွတ္တမ္းတင္ဖုိ႕ အေဖာ္ေတြပါလာျပီ။
selfie ဓာတ္ပံုေတြက သင့္အလွကိုေရာ ရႈခင္းအလွကိုပါ ျပည့္ျပည့္စံုစံု ေဖာ္ျပေပးမွာ မဟုတ္ပါဘူး။ သူငယ္ခ်င္းေတြကေတာ့ ဒီအမွတ္တရေတြကို မွတ္တမ္းတင္ထားဖုိ႕ ေဘးနားက ေတာက္ေလ်ွာက္ မေမာမပန္း ကူညီေပးပါလိမ့္မယ္။ ဒါ့အျပင္ တစ္ခ်ိန္မွာ အမွတ္တရျဖစ္ေစမယ့္ အရာေတြကိုလည္း သူတုိ႕နဲ႕အတူ ဓာတ္ပံုေတြရိုက္၊ ဗီဒီယိုေတြ ရိုက္ကူးရင္း သိမ္းဆည္းႏိုင္ပါေသးတယ္။ သူငယ္ခ်င္းဆုိတာ တစ္ခ်ိန္မွာ ခြဲခြာၾကရမွာပဲ မဟုတ္လား။ ဒါေတြကေတာ့ သင့္ဘ၀အတြက္ အမွတ္တရတစ္ခုအေနနဲ႕ က်န္ခဲ့မွာပါ။

၄။ ၾကိဳတင္မစဥ္းစားထားမိတာေတြလည္း လုပ္ခ်င္လုပ္ပစ္တတ္ၾကပါတယ္။
ကိုယ္က ဒီေနရာေရာက္ရင္ ဘာလုပ္မယ္လုိ႕ ေတြးထားေပမယ့္ သူငယ္ခ်င္းေတြပါတ့ဲအခါ အားလံုးစုျပီး အေကာင္းဆံုး ဆုိတာေတြ စဥ္းစားျဖစ္လာပါတယ္။ ဒီအခ်ိန္မွာ ကိုယ္ေတြးထားတာထက္ ပိုေကာင္း ပိုသင့္ေတာ္တဲ့ ေနရာမ်ိဳးေတြ လည္ပတ္ျဖစ္သြားတာမ်ိဳး ရွိပါတယ္။ မေမွ်ာ္လင့္ထားတဲ့ အရာေတြကိုလည္း သူတုိ႕နဲ႕အတူ လုပ္ေဆာင္ျဖစ္သြားတာမ်ိဳး ရွိပါတယ္။

၅။ အားလံုး စုျပီး ပိုက္ဆံသံုးစြဲအခါ အကုန္အက်ပိုသက္သာသြားတာမ်ိဳးလည္း ရွိပါတယ္။
ဒါကေတာ့ ကိုယ့္သူငယ္ခ်င္းေတြနဲ႕ကုိယ့္ အေျခအေနေပၚ မူတည္ပါတယ္။ သင္တုိ႕ဟာ ေငြေၾကးကို ေကာင္းမြန္စြာ စီမံခန္႕ခြဲသံုးစြဲတတ္မယ္ဆုိရင္ သူငယ္ခ်င္းေတြ စုျပီး သံုးစြဲတာက သင့္ကို ပိုေငြအကုန္အက်သက္သာေစမွာပါ။

၆။ ခရီးလမ္း ၾကန္႕ၾကာတာမ်ိဳးေတြ ရွိရင္ေတာင္ သူငယ္ခ်င္းေတြပါေတာ့ စိတ္ပ်က္စရာမရွိပါဘူး။
လမ္းခရီးမွာ ကားဘိးေပါက္တာပဲျဖစ္ျဖစ္၊ တစ္ခုခုေၾကာင့္ ခရီးက ၾကန္႕ၾကာသြားတာမ်ိဳးေတြ ျဖစ္သည့္တုိင္ သူငယ္ခ်င္းေတြပါေတာ့ စိတ္ပူရတာမ်ိဳး၊ စိတ္ပ်က္ရတာမ်ိဳး သိပ္မရွိေတာ့ပါဘူး။ သူတုိ႕နဲ႕ စိတ္ညစ္စရာေတြကို ေပ်ာ္စရာေတြအျဖစ္ ေျပာင္းလဲပစ္ႏိုင္ပါတယ္။

၇။ ပစၥည္းတစ္ခုခု အိမ္မွာက်န္ခဲ့သည့္တုိင္ စိတ္ပ်က္စရာ မဟုတ္ပါဘူး။
သြားတုိက္ေဆး အိမ္မွာ က်န္ခဲ့လို႕ စိတ္ညစ္ေနစရာ မလိုပါဘူး။ ေခါင္းေလွ်ာ္ရည္ဗူး မပါလို႕ ေခါင္းစားစရာမလိုပါဘူး။ ကိုယ့္သူငယ္ခ်င္းဆီက ယူသံုးလိုက္ရံုပါပဲ။  တစ္ေယာက္ပစၥည္း တစ္ေယာက္ေ၀မ်ွသံုးစြဲျခင္းကိုက သူငယ္ခ်င္းေတြရဲ႕ သေကၤတ မဟုတ္ပါလား။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ခရီးသွားခြင်းကနေ ရတဲ့ အကျိုးကျေးဇူးတွေကို မကြာခဏ ရေးသားကြပေမယ့် သူငယ်ချင်းတွေနဲ့ အတူ ဘာ့ကြောင့် ခရီးသွားသင့်သလဲဆိုတာကိုတော့ သိပ်ရေးလေ့ မရှိကြပါဘူး။ သင်ဟာ သူငယ်ချင်းတွေနဲ့အတူ ခရီးမသွားဖြစ်သေးဘူး၊ ဒါမှမဟုတ် သွားဖူးပေမယ့် နောက်ထပ် ခရီးတွေ သူငယ်ချင်းတွေနဲ့အတူ သွားဦးမယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီအချက်ကလေးတွေ သေချာဖတ်ကြည့်လိုက်ပါဦး။

၁။ မသွားခင် ခရီးအတွက် စတင်စီစဉ်ကတည်းက ပျော်စရာကောင်းနေပါပြီ။
ခရီးသွားတော့မယ်ဆိုတာနဲ့ သူငယ်ချင်းတွေစုပြီး ဘယ်သွားမလဲ တိုင်ပင်ဖြစ်ကြပါပြီ။ အငြင်းအခုန်ဇာတ်လမ်းတွေနဲ့ ဘယ်သွားကြမယ်၊ ဘယ်တော့ မသွားကြဘူး စသဖြင့် ဆူညံပွက်လောက်လည်း ရိုက်ကြရပြီလေ။ အဲ့ဒီနောက် အဖြေတစ်ခု ထွက်လာရင်လည်း ဟိုမှာ ဘာတွေလုပ်မယ်၊ သူကတော့ဖြင့် ဘာလုပ်၊ ကိုယ်ကဖြင့် ဘယ်လို စတာတွေနဲ့ အစီအစဉ်ဆွဲကြရပါတော့တယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ အတူသွားတာမို့ ကိုယ်သွားမယ့် ခရီးကိုလိုက်ပြီး အဝတ်အစားပိုင်းကိုလည်း အတူစဉ်းစားဖြစ်ကြပါတယ်။ ခရီးမသွားခင် နေ့ရက်လေးတွေကို ရေတွက်ရင်း အဲ့ဒီနေ့ရောက်ဖို့ ရင်ခုန်ရတာ တကယ်တော့ ပျော်စရာ အမှတ်တရတွေပေါ့။

၂။ ခရီးအတူသွားတဲ့ သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးပြီးသားမှ အဆင်ပြေတာပါ။
သူငယ်ချင်းတွေနဲ့ ခရီးအတူသွားတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက်သိနေပြီးသားလူတွေက အဆင်အပြေဆုံးပါ။ ကိုယ်နဲ့တစ်ခန်းတည်း အတူနေမယ့် သူငယ်ချင်းဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ခရီးစဉ်မှာ ဂဂျီဂဂျောင်တွေ ပါလာရင် တစ်ဖွဲ့လည်း စိတ်ပျက်ကြရပါလိမ့်မယ်။ ဒီတော့ ပျော်ပျော်နေတတ်ပြီး တစ်ယောက်အကျင့် တစ်ယောက်ကောင်းကောင်းသိတဲ့ ပြောမနာ ဆိုမနာတွေက ခရီးသွားဖို့ အကောင်းဆုံးလူတွေပါပဲ။

၃။ ခရီးစဉ်တစ်လျှောက် အမှတ်တရတွေကို မှတ်တမ်းတင်ဖို့ အဖော်တွေပါလာပြီ။
selfie ဓာတ်ပုံတွေက သင့်အလှကိုရော ရှုခင်းအလှကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြပေးမှာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေကတော့ ဒီအမှတ်တရတွေကို မှတ်တမ်းတင်ထားဖို့ ဘေးနားက တောက်လျှောက် မမောမပန်း ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် တစ်ချိန်မှာ အမှတ်တရဖြစ်စေမယ့် အရာတွေကိုလည်း သူတို့နဲ့အတူ ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေ ရိုက်ကူးရင်း သိမ်းဆည်းနိုင်ပါသေးတယ်။ သူငယ်ချင်းဆိုတာ တစ်ချိန်မှာ ခွဲခွာကြရမှာပဲ မဟုတ်လား။ ဒါတွေကတော့ သင့်ဘဝအတွက် အမှတ်တရတစ်ခုအနေနဲ့ ကျန်ခဲ့မှာပါ။

၄။ ကြိုတင်မစဉ်းစားထားမိတာတွေလည်း လုပ်ချင်လုပ်ပစ်တတ်ကြပါတယ်။
ကိုယ်က ဒီနေရာရောက်ရင် ဘာလုပ်မယ်လို့ တွေးထားပေမယ့် သူငယ်ချင်းတွေပါတဲ့အခါ အားလုံးစုပြီး အကောင်းဆုံး ဆိုတာတွေ စဉ်းစားဖြစ်လာပါတယ်။ ဒီအချိန်မှာ ကိုယ်တွေးထားတာထက် ပိုကောင်း ပိုသင့်တော်တဲ့ နေရာမျိုးတွေ လည်ပတ်ဖြစ်သွားတာမျိုး ရှိပါတယ်။ မမျှော်လင့်ထားတဲ့ အရာတွေကိုလည်း သူတို့နဲ့အတူ လုပ်ဆောင်ဖြစ်သွားတာမျိုး ရှိပါတယ်။

၅။ အားလုံး စုပြီး ပိုက်ဆံသုံးစွဲအခါ အကုန်အကျပိုသက်သာသွားတာမျိုးလည်း ရှိပါတယ်။
ဒါကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ့် အခြေအနေပေါ် မူတည်ပါတယ်။ သင်တို့ဟာ ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲသုံးစွဲတတ်မယ်ဆိုရင် သူငယ်ချင်းတွေ စုပြီး သုံးစွဲတာက သင့်ကို ပိုငွေအကုန်အကျသက်သာစေမှာပါ။

၆။ ခရီးလမ်း ကြန့်ကြာတာမျိုးတွေ ရှိရင်တောင် သူငယ်ချင်းတွေပါတော့ စိတ်ပျက်စရာမရှိပါဘူး။
လမ်းခရီးမှာ ကားဘိးပေါက်တာပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့် ခရီးက ကြန့်ကြာသွားတာမျိုးတွေ ဖြစ်သည့်တိုင် သူငယ်ချင်းတွေပါတော့ စိတ်ပူရတာမျိုး၊ စိတ်ပျက်ရတာမျိုး သိပ်မရှိတော့ပါဘူး။ သူတို့နဲ့ စိတ်ညစ်စရာတွေကို ပျော်စရာတွေအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။

၇။ ပစ္စည်းတစ်ခုခု အိမ်မှာကျန်ခဲ့သည့်တိုင် စိတ်ပျက်စရာ မဟုတ်ပါဘူး။
သွားတိုက်ဆေး အိမ်မှာ ကျန်ခဲ့လို့ စိတ်ညစ်နေစရာ မလိုပါဘူး။ ခေါင်းလျှော်ရည်ဗူး မပါလို့ ခေါင်းစားစရာမလိုပါဘူး။ ကိုယ့်သူငယ်ချင်းဆီက ယူသုံးလိုက်ရုံပါပဲ။  တစ်ယောက်ပစ္စည်း တစ်ယောက်ဝေမျှသုံးစွဲခြင်းကိုက သူငယ်ချင်းတွေရဲ့ သငေ်္ကတ မဟုတ်ပါလား။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top