Property Expo
×

 စူပါတိုင္ဖြန္း မုန္တိုင္းႀကီး မီရန္တီသည္ ထုိင္ဝမ္ကို ျဖတ္သန္းၿပီးေနာက္ တ႐ုတ္သို႔ ကုန္းတြင္းဝင္ေရာက္ တိုက္ခတ္ခဲ့ေၾကာင္း သိရသည္။

အဆုိပါ တိုင္ဖြန္းသည္ ယခုႏွစ္ ပစိဖိတ္ တိုင္ဖြန္းရာသီတြင္ ျဖစ္ေပၚသမွ် အားအေကာင္းဆံုး တိုင္ဖြန္းအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ၂၁ ႏွစ္အတြင္း ေလတိုက္ႏႈန္း အျပင္းထန္ဆံုး တုိင္ဖြန္းဟုလည္း ယူဆႏုိင္ေၾကာင္း မိုးေလဝသ ပညာရွင္မ်ားက ေျပာၾကားခဲ့သည္။

ထုိင္ဝမ္ကို ျဖတ္သန္းခ်ိန္တြင္ မီရန္တီ၏ ေလတိုက္ႏႈန္းသည္ တစ္နာရီ ၁၄၁ မိုင္ႏႈန္းထိ ရွိခဲ့ၿပီး အနည္းဆံုး လူတစ္ဦး ေသဆံုးခဲ့သည္။ မုန္တိုင္းဒဏ္ေၾကာင့္ ထိုင္ဝမ္တြင္ ဓာတ္အားလိုင္းမ်ား ျပတ္ေတာက္ကာ အိမ္ေျခ ငါးသိန္းေက်ာ္မွ် လွ်ပ္စစ္မီး မရဘဲ ရွိေနခဲ့သည္။

စက္တင္ဘာ ၁၅ ရက္ နံနက္အေစာပိုင္းတြင္မူ မီရန္တီသည္ တ႐ုတ္ အေ႐ွ႕ေတာင္ပိုင္းရွိ ဇီယာမန္းၿမိဳ႕အနီးတြင္ ကုန္းတြင္းဝင္ေရာက္ခဲ့သည္။ တ႐ုတ္ေတာင္ပိုင္းတြင္ ရာသီဥတု ဆိုးရြားမႈေၾကာင့္ ရထားႏွင့္ ေလယာဉ္ခရီးစဉ္ အမ်ားအျပားကို ဖ်က္သိမ္းခဲ့ရၿပီး လူေပါင္းေထာင္ႏွင့္ခ်ီ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရသည္။

“ထိုင္ဝမ္ကို ျဖတ္သန္းခ်ိန္မွာ ဒီတိုင္ဖြန္းဟာ ၂၁ ႏွစ္တာ သမိုင္းမွာ အားအေကာင္းဆံုး ျဖစ္ခဲ့တယ္။ အထူးသျဖင့္ မုန္တိုင္းဗဟိုခ်က္ ေနရာမွာ ေလတိုက္ႏႈန္း အရမ္းျပင္းထန္ပါတယ္”ဟု မိုးေလဝသ ပညာရွင္ ရွီပိုင္ယန္းက AFPသို႔ ေျပာၾကားခဲ့သည္။

တ႐ုတ္တြင္ ေဆာင္းဦးအလယ္ ပြဲေတာ္ကာလ သံုးရက္႐ံုးပိတ္ခ်ိန္တြင္ မုန္တုိင္းဝင္ေရာက္ တိုက္ခတ္ခဲ့ျခင္း ျဖစ္သည္။ အာဏာပိုင္မ်ားက ေဒသခံမ်ားကို အတတ္ႏုိင္ဆံုး အိမ္ထဲတြင္သာ ေနၾကရန္ သတိေပးထားၿပီး သေဘၤာမ်ားကိုလည္း ဆိပ္ကမ္းသို႔ ျပန္လာရန္ ညႊန္ၾကားခဲ့သည္။ ပင္တြန္တြင္မူ မုန္တိုင္းတည့္တည့္ ျဖတ္သန္းဖြယ္ ရွိေသာေၾကာင့္ လူအမ်ားကို ေနရပ္မွ ယာယီစြန္႔ခြာရန္ လုိက္လံေဆာ္ဩေနသည္။

ထိုင္ဝမ္တြင္ မုန္တိုင္းေၾကာင့္ လူတစ္ဦးေသၿပီး ၃၈ ဦးထက္မနည္း ဒဏ္ရာမ်ား ရခဲ့ေၾကာင္း အစိုးရက ေၾကညာခဲ့သည္။ အခ်ိဳ႕ေသာ ေတာင္ေပၚေဒသမ်ားတြင္ မိုးေရခ်ိန္ ၈၀၀ မီလီမီတာထိ မ်ားျပားေသာေၾကာင့္ ေျမၿပိဳမႈမ်ား ျဖစ္ေပၚႏုိင္ေျခ သတိေပးခ်က္မ်ားပါ ထုတ္ျပန္ထားေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 စူပါတိုင်ဖွန်း မုန်တိုင်းကြီး မီရန်တီသည် ထိုင်ဝမ်ကို ဖြတ်သန်းပြီးနောက် တရုတ်သို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်ဖွန်းသည် ယခုနှစ် ပစိဖိတ် တိုင်ဖွန်းရာသီတွင် ဖြစ်ပေါ်သမျှ အားအကောင်းဆုံး တိုင်ဖွန်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ၂၁ နှစ်အတွင်း လေတိုက်နှုန်း အပြင်းထန်ဆုံး တိုင်ဖွန်းဟုလည်း ယူဆနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ဖြတ်သန်းချိန်တွင် မီရန်တီ၏ လေတိုက်နှုန်းသည် တစ်နာရီ ၁၄၁ မိုင်နှုန်းထိ ရှိခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် ထိုင်ဝမ်တွင် ဓာတ်အားလိုင်းများ ပြတ်တောက်ကာ အိမ်ခြေ ငါးသိန်းကျော်မျှ လျှပ်စစ်မီး မရဘဲ ရှိနေခဲ့သည်။

စက်တင်ဘာ ၁၅ ရက် နံနက်အစောပိုင်းတွင်မူ မီရန်တီသည် တရုတ် အရှေ့တောင်ပိုင်းရှိ ဇီယာမန်းမြို့အနီးတွင် ကုန်းတွင်းဝင်ရောက်ခဲ့သည်။ တရုတ်တောင်ပိုင်းတွင် ရာသီဥတု ဆိုးရွားမှုကြောင့် ရထားနှင့် လေယာဉ်ခရီးစဉ် အများအပြားကို ဖျက်သိမ်းခဲ့ရပြီး လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။

“ထိုင်ဝမ်ကို ဖြတ်သန်းချိန်မှာ ဒီတိုင်ဖွန်းဟာ ၂၁ နှစ်တာ သမိုင်းမှာ အားအကောင်းဆုံး ဖြစ်ခဲ့တယ်။ အထူးသဖြင့် မုန်တိုင်းဗဟိုချက် နေရာမှာ လေတိုက်နှုန်း အရမ်းပြင်းထန်ပါတယ်”ဟု မိုးလေဝသ ပညာရှင် ရှီပိုင်ယန်းက AFPသို့ ပြောကြားခဲ့သည်။

တရုတ်တွင် ဆောင်းဦးအလယ် ပွဲတော်ကာလ သုံးရက်ရုံးပိတ်ချိန်တွင် မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ အာဏာပိုင်များက ဒေသခံများကို အတတ်နိုင်ဆုံး အိမ်ထဲတွင်သာ နေကြရန် သတိပေးထားပြီး သငေ်္ဘာများကိုလည်း ဆိပ်ကမ်းသို့ ပြန်လာရန် ညွှန်ကြားခဲ့သည်။ ပင်တွန်တွင်မူ မုန်တိုင်းတည့်တည့် ဖြတ်သန်းဖွယ် ရှိသောကြောင့် လူအများကို နေရပ်မှ ယာယီစွန့်ခွာရန် လိုက်လံဆော်ဩနေသည်။

ထိုင်ဝမ်တွင် မုန်တိုင်းကြောင့် လူတစ်ဦးသေပြီး ၃၈ ဦးထက်မနည်း ဒဏ်ရာများ ရခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။ အချို့သော တောင်ပေါ်ဒေသများတွင် မိုးရေချိန် ၈၀၀ မီလီမီတာထိ များပြားသောကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ခြေ သတိပေးချက်များပါ ထုတ်ပြန်ထားကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top