Kantharyar Centre
×

မင္းလွၿမိဳ႕နယ္ မက်ီးကိုင္းေက်းရြာ၌ တရားမဝင္ ဝင္ေရာက္လာေသာ လူ ငါးဦးႏွင့္ ၄င္းတို႔အား အခေၾကးေငြယူ၍ ပို႔ေဆာင္သူ သံုးဦးတို႔အား စက္တင္ဘာ ၄ ရက္ ညပိုင္း က ဖမ္းဆီးရမိခဲ့ေၾကာင္း နယ္ေျမခံရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၄ ရက္ ညေန ၆ နာရီခြဲခန္႔က ေရနံမ နယ္ေျမရဲစခန္းမွ ဒုရဲအုပ္စိုးေအးႏွင့္အဖြဲ႕ နယ္ေျမအတြင္း ကင္းလွည့္ေဆာင္ရြက္ေနစဥ္ မင္းလွၿမိဳ႕နယ္ ေသြ႕ေက်ာက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦး႐ုန္းႏွင့္အဖြဲ႕က မက်ီးကိုင္းေက်းရြာ၌ မသကၤာ ဖြယ္လူတစ္စုအား ဖမ္းဆီးရမိထားေၾကာင္းသတင္းပို႔သျဖင့္ သက္ေသမ်ားႏွင့္အတူ သြားေရာက္ေခၚယူစစ္ေဆးခဲ့ရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

 ဖမ္းဆီးရမိသူမ်ားမွာ ေျမာက္ဦးၿမိဳ႕နယ္ ေပပင္ရင္းေက်းရြာေနသူမ်ားျဖစ္ေသာ အန္မာစတစ္(ခ)အန္မေစာသိန္း (၂၂ ႏွစ္)၊ ေရႊေမာင္သိန္း(ခ)ေရႊေမာင္သီး (ခ)မဟာပါတု (၁၆ ႏွစ္)၊ မူဟင္းတိ(ခ)ေမႊးသီး (၁၆ ႏွစ္)၊ ခင္ေမာင္လွ(ခ)မာရဟိ(၂ဝ ႏွစ္)ႏွင့္ ေမာင္လွေရႊ(ခ)ႏူးဟာ(၂ဝ ႏွစ္) ငါးဦးတို႔ျဖစ္သည္။

၄င္းတို႔အား အမ္းၿမိဳ႕နယ္ လုံးေက်းရြာေန သိန္းတင္ (၄၈ ႏွစ္)ပါ သံုးဦးတို႔က အခေၾကးေငြယူၿပီး ရခိုင္႐ိုးမေတာင္တန္းရွိ ေတာလမ္းမွတစ္ဆင့္ ေျမာက္ဦးၿမိဳ႕နယ္ ေပပင္းရင္းေက်းရြာလမ္းအတိုင္း ေျခက်င္ေခၚေဆာင္လာခဲ့ေၾကာင္း၊ သိန္းတင္ (၄၈ ႏွစ္)ပါ သံုးဦးတို႔အား မင္းလွၿမိဳ႕နယ္ ေရနံမ နယ္ေျမရဲစခန္းက အမႈဖြင့္စစ္ေဆး ေဆာင္ရြက္လ်က္ရွိၿပီး တရားမဝင္ ဝင္ေရာက္လာသူ ခင္ေမာင္လွ(၂ဝ ႏွစ္)ပါ ငါးဦးႏွင့္ပတ္သက္၍ အေရးယူေဆာင္ရြက္ႏိုင္ရန္ မင္းလွၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ အမ်ဳိးသားမွတ္ပံုတင္ေရးဦးစီးဌာနႏွင့္ ညႇိႏႈိင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmaalin

#Unicode Version
မင်းလှမြို့နယ် မကျီးကိုင်းကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသော လူ ငါးဦးနှင့် ၎င်းတို့အား အခကြေးငွေယူ၍ ပို့ဆောင်သူ သုံးဦးတို့အား စက်တင်ဘာ ၄ ရက် ညပိုင်း က ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲခန့်က ရေနံမ နယ်မြေရဲစခန်းမှ ဒုရဲအုပ်စိုးအေးနှင့်အဖွဲ့ နယ်မြေအတွင်း ကင်းလှည့်ဆောင်ရွက်နေစဉ် မင်းလှမြို့နယ် သွေ့ကျောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရုန်းနှင့်အဖွဲ့က မကျီးကိုင်းကျေးရွာ၌ မသင်္ကာ ဖွယ်လူတစ်စုအား ဖမ်းဆီးရမိထားကြောင်းသတင်းပို့သဖြင့် သက်သေများနှင့်အတူ သွားရောက်ခေါ်ယူစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 ဖမ်းဆီးရမိသူများမှာ မြောက်ဦးမြို့နယ် ပေပင်ရင်းကျေးရွာနေသူများဖြစ်သော အန်မာစတစ်(ခ)အန်မစောသိန်း (၂၂ နှစ်)၊ ရွှေမောင်သိန်း(ခ)ရွှေမောင်သီး (ခ)မဟာပါတု (၁၆ နှစ်)၊ မူဟင်းတိ(ခ)မွှေးသီး (၁၆ နှစ်)၊ ခင်မောင်လှ(ခ)မာရဟိ(၂ဝ နှစ်)နှင့် မောင်လှရွှေ(ခ)နူးဟာ(၂ဝ နှစ်) ငါးဦးတို့ဖြစ်သည်။

၎င်းတို့အား အမ်းမြို့နယ် လုံးကျေးရွာနေ သိန်းတင် (၄၈ နှစ်)ပါ သုံးဦးတို့က အခကြေးငွေယူပြီး ရခိုင်ရိုးမတောင်တန်းရှိ တောလမ်းမှတစ်ဆင့် မြောက်ဦးမြို့နယ် ပေပင်းရင်းကျေးရွာလမ်းအတိုင်း ခြေကျင်ခေါ်ဆောင်လာခဲ့ကြောင်း၊ သိန်းတင် (၄၈ နှစ်)ပါ သုံးဦးတို့အား မင်းလှမြို့နယ် ရေနံမ နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရားမဝင် ဝင်ရောက်လာသူ ခင်မောင်လှ(၂ဝ နှစ်)ပါ ငါးဦးနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top