Property Expo
×



အဆိုပါ ၃၀ ရက်နေ့ဖြစ်စဉ်တွင် တရားခံဖြစ်သူ ဦး---------- မှာ ၄င်းပိုင်ဆိုင်သော ကားဖြင့် ညနေ ၈ နာရီအချိန်တွင် မင်းဘာကြီးလမ်းတွင် ကားမှောက်ရာ ရဲများမှ သွားရောက်ခဲ့ရာ ကားထဲတွင် WY ဆေးပြား ၂၉၂၅၀၀ အားဖမ်းဆီးရမိရာ တန်ဖိုး ကျပ်သိန်းပေါင်း ၅၈၅၀ ဖြစ်ပြီး ယင်းအမှုတွင် ရဲတပ်ကြပ်ကြီးတစ်ဦးလည်း ပါဝင် နေကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့ ဖြစ်စဉ်တွင်လည်း မောင်တောမြို့နယ် နယ်ခြား စောင့်ရဲအပိုင်ဖြစ်သော လက်သာအောက်ရွာ သို့ နေ့လည် ၁ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ၄င်းကျေးရွာတွင် မှုးယစ်ဆေးပြားများ သွားရောက်ရှာဖွေခဲ့ရာ လူမနေသောအိမ်ခြံဝိုင်းအတွင်းမှ WY ဆေးပြား ၄၄၅၅၀၀ ဖမ်းဆီးရမိရာ တန်ဖိုး ကျပ်သိန်းပေါင်း ၈၉၁၀ ဖြစ်ပြီး တရားခံအား ဆက်လက်စုံစမ်းနေကြောင်းသိရသည်။



#Unicode Version
ခိုင်မင်းညို၊ စက်တင်ဘာလ ၁ ရက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သြဂုတ်လ ၃၀ ရက်နေ့နှင့် စက်တင်ဘာ ၁ ရက်နေ့တို့တွင် WY စိတ်ကြွဆေးပြား ၇၃၈၀၀၀ ဖမ်းမိပြီး ဆေးပြား၏ကာလပေါက်ဈေးတန်ဖိုး ၁၄၇၆၀ ကျပ်သိန်း ဖမ်းဆီးရမိခဲ့ကြောင့် မောင်တောမြို့နယ်ရဲစခန်းမှ ရဲမှူးကျော်မြဝင်းက ရခိုင်ဂေဇက် သို့ပြောသည်။

အဆိုပါ ၃၀ ရက်နေ့ဖြစ်စဉ်တွင် တရားခံဖြစ်သူ ဦး---------- မှာ ၎င်းပိုင်ဆိုင်သော ကားဖြင့် ညနေ ၈ နာရီအချိန်တွင် မင်းဘာကြီးလမ်းတွင် ကားမှောက်ရာ ရဲများမှ သွားရောက်ခဲ့ရာ ကားထဲတွင် WY ဆေးပြား ၂၉၂၅၀၀ အားဖမ်းဆီးရမိရာ တန်ဖိုး ကျပ်သိန်းပေါင်း ၅၈၅၀ ဖြစ်ပြီး ယင်းအမှုတွင် ရဲတပ်ကြပ်ကြီးတစ်ဦးလည်း ပါဝင် နေကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့ ဖြစ်စဉ်တွင်လည်း မောင်တောမြို့နယ် နယ်ခြား စောင့်ရဲအပိုင်ဖြစ်သော လက်သာအောက်ရွာ သို့ နေ့လည် ၁ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာတွင် မှုးယစ်ဆေးပြားများ သွားရောက်ရှာဖွေခဲ့ရာ လူမနေသောအိမ်ခြံဝိုင်းအတွင်းမှ WY ဆေးပြား ၄၄၅၅၀၀ ဖမ်းဆီးရမိရာ တန်ဖိုး ကျပ်သိန်းပေါင်း ၈၉၁၀ ဖြစ်ပြီး တရားခံအား ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

၎င်းဆေးပြားဖြင့် ဖမ်းဆီးခံရသူ နှစ်ဦးကို မောင်တောမြို့မရဲစခန်းမှ မယ(ပ) ၁၂/၂၀၁၆ မှုးယစ် ပုဒ် ၁၅/၁၉ (က)/၂၁ တို့ဖြင့် ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Rakhine Gazette Journal
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top