Property Expo
×

တစ္ခ်ိဳ႕ေသာ အျပဳအမူေလးေတြဟာ ေသးေသးေလးေတြ ဆိုေပမယ္႔၊ သင္႔ခ်စ္သူအေပၚ သင္တကယ္ခ်စ္ေၾကာင္း မသိမသာျပေနတဲ႔ သက္ေသျပခ်က္ေလးေတြ ျဖစ္ပါတယ္။ အခ်စ္စစ္ဆိုတာ ေငြကုန္ေၾကးက်ခံၿပီး ရိုမန္႔တစ္ေတြ ဖန္တီးေပးမွ ျဖစ္တာမဟုတ္ပါဘူး။ သင္႔ရဲ႕အျပဳအမူေသးေသးေလးေတြကလည္း သူ႔အေပၚ တကယ္ခ်စ္ပါတယ္ဆိုတဲ႔ အဓိပၸာယ္ေလးေတြ ေပၚလြင္ေနတတ္ပါတယ္။ ခ်စ္မိသြားၿပီေဟ႔ဆိုရင္ အလိုအေလွ်ာက္ ျပဳလုပ္မိသြားတတ္ၾကတဲ႔ အရာေတြက ....

- အရမ္းခ်စ္ဖို႔ေကာငး္တာပဲလို႔ တဖြဖြေျပာတတ္လာတယ္

- လူၾကားထဲသြားရင္ လက္ကိုမလႊတ္တမ္း အၿမဲတြဲထားမယ္

- စကားမ်ားတဲ႔အခါ ဘယ္သူမွားမွား ကိုယ္ကအရင္စေတာငး္ပန္မယ္

- သူႀကိဳက္တတ္တဲ႔ အစားအစာေတြကို ကိုယ္လည္း ႀကိဳက္တတ္လာမယ္

- အမွတ္တရေန႔ေလးေတြကို မေမ႔တတ္ပဲ လက္ေဆာင္ေလးေတြ အၿမဲေပးခ်င္မယ္

- သူမေျပာသမွ် စကားေတြကို စိတ္မ၀င္စားလည္း ဂရုစိုက္နားေထာင္ေပးတတ္မယ္


- ကိုယ္႔အေၾကာင္းေတြကို မခြ်င္းမခ်န္ အားလံုးဖြင္႔ေျပာ တိုင္ပင္တတ္လာမယ္

- သူဘာလိုအပ္လဲဆိုတာကိုေတြးၿပီး အၿမဲျဖည္႔ဆည္းေပးေနခ်င္တယ္

- မိုးလင္းတိုငး္ မိုးခ်ဳပ္တိုင္း အေတြးထဲမွာ သူရွိေနတတ္တယ္

- ေပါက္ကရ မ်က္ႏွာေပးေတြနဲ႔ Selfie ေတြရိုက္မယ္

- ခရီးေတြ တူတူသြားခ်င္လာမယ္

- ခဏခဏ စကားမ်ားရန္ျဖစ္တတ္ေပမယ္႔ ဘယ္ေတာ႔မွ ခြဲမသြားဘူး


- အိမ္ေနရင္းအ၀တ္အစားနဲ႔ မျပင္မဆင္ပဲလည္း ခ်စ္သူကိုေတြ႔ရမွာ မရွက္ဘူး

- ႏွစ္ဦးထဲရွိတဲ႔အခါ တဖြဖြ ခဏခဏ အနမ္းေတြေပးမယ္

- သူစားခ်င္တာေတြ အၿမဲ၀ယ္ေကြ်းမယ္

- အေပါင္းအသင္း သူငယ္ခ်င္းေတြကိုလည္း မသိသူမရွိေအာင္ အၿမဲပြဲထုတ္မယ္

- ႏွစ္ဖက္မိဘအသိုင္းအ၀ုိင္းကိုလည္း ပြင္႔ပြင္႔လင္းလင္း ဖြင္႔ေျပာမယ္

- ခ်စ္တယ္ ဆိုတဲ႔စကားကို တစ္ေန႔ တစ္ေန႔ အႀကိမ္ေရမ်ားစြာ မေရမတြက္ႏိုင္ေအာင္ ေျပာမိမယ္

- မ်က္ႏွာေလးကို စူးစူးစိုက္စိုက္ ေငးၾကည္႔ေနရတာေလးကိုပဲ ကိုယ္႔ဟာကို သေဘာေတြက်မယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Momolay

Unicode Version

တစ်ချို့သော အပြုအမူလေးတွေဟာ သေးသေးလေးတွေ ဆိုပေမယ့်၊ သင့်ချစ်သူအပေါ် သင်တကယ်ချစ်ကြောင်း မသိမသာပြနေတဲ့ သက်သေပြချက်လေးတွေ ဖြစ်ပါတယ်။ အချစ်စစ်ဆိုတာ ငွေကုန်ကြေးကျခံပြီး ရိုမန့်တစ်တွေ ဖန်တီးပေးမှ ဖြစ်တာမဟုတ်ပါဘူး။ သင့်ရဲ့အပြုအမူသေးသေးလေးတွေကလည်း သူ့အပေါ် တကယ်ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်လေးတွေ ပေါ်လွင်နေတတ်ပါတယ်။ ချစ်မိသွားပြီဟေ့ဆိုရင် အလိုအလျှောက် ပြုလုပ်မိသွားတတ်ကြတဲ့ အရာတွေက ....

- အရမ်းချစ်ဖို့ကောင်းတာပဲလို့ တဖွဖွပြောတတ်လာတယ်

- လူကြားထဲသွားရင် လက်ကိုမလွှတ်တမ်း အမြဲတွဲထားမယ်

- စကားများတဲ့အခါ ဘယ်သူမှားမှား ကိုယ်ကအရင်စတောင်းပန်မယ်

- သူကြိုက်တတ်တဲ့ အစားအစာတွေကို ကိုယ်လည်း ကြိုက်တတ်လာမယ်

- အမှတ်တရနေ့လေးတွေကို မမေ့တတ်ပဲ လက်ဆောင်လေးတွေ အမြဲပေးချင်မယ်

- သူမပြောသမျှ စကားတွေကို စိတ်မဝင်စားလည်း ဂရုစိုက်နားထောင်ပေးတတ်မယ်


- ကိုယ့်အကြောင်းတွေကို မချွင်းမချန် အားလုံးဖွင့်ပြော တိုင်ပင်တတ်လာမယ်

- သူဘာလိုအပ်လဲဆိုတာကိုတွေးပြီး အမြဲဖြည့်ဆည်းပေးနေချင်တယ်

- မိုးလင်းတိုင်း မိုးချုပ်တိုင်း အတွေးထဲမှာ သူရှိနေတတ်တယ်

- ပေါက်ကရ မျက်နှာပေးတွေနဲ့ Selfie တွေရိုက်မယ်

- ခရီးတွေ တူတူသွားချင်လာမယ်

- ခဏခဏ စကားများရန်ဖြစ်တတ်ပေမယ့် ဘယ်တော့မှ ခွဲမသွားဘူး


- အိမ်နေရင်းအဝတ်အစားနဲ့ မပြင်မဆင်ပဲလည်း ချစ်သူကိုတွေ့ရမှာ မရှက်ဘူး

- နှစ်ဦးထဲရှိတဲ့အခါ တဖွဖွ ခဏခဏ အနမ်းတွေပေးမယ်

- သူစားချင်တာတွေ အမြဲဝယ်ကျွေးမယ်

- အပေါင်းအသင်း သူငယ်ချင်းတွေကိုလည်း မသိသူမရှိအောင် အမြဲပွဲထုတ်မယ်

- နှစ်ဖက်မိဘအသိုင်းအဝိုင်းကိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောမယ်

- ချစ်တယ် ဆိုတဲ့စကားကို တစ်နေ့ တစ်နေ့ အကြိမ်ရေများစွာ မရေမတွက်နိုင်အောင် ပြောမိမယ်

- မျက်နှာလေးကို စူးစူးစိုက်စိုက် ငေးကြည့်နေရတာလေးကိုပဲ ကိုယ့်ဟာကို သဘောတွေကျမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Momolay

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top