Property Expo
×






တစ်ကယ်လို့ ပိုတက်ဆီယမ် မှီဝဲမှု လွန်ကဲ သွားတဲ့အခါမှာတော့ သင့်ရဲ့ နှလုံးခုန်နှုန်းကို နှေးသွားစေပြီး ကျောက်ကပ် ကို လည်း ဆုံးရှုံူးသွားရ နိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။


Credit : lwinpyin

#Unicode Version

ငှက်ပျောသီး စားတာများ ရင် သေတတ်တယ်ဆိုတဲ့ သီအိုရီ ဟာ နှစ်ပေါင်းများစွာကတည်းက လူတွေ ယုံကြည်လာကြတာပါ။ အကြောင်းအရင်းကတော့ ငှက်ပျောသီးဟာ ပိုတက်ဆီယမ် ကြွယ်၀ တဲ့အတွက် ပိုတက်ဆီယမ် မှီဝဲမှု လွန်ကဲ သွားတဲ့ အခါမှာ လူတွေအတွက် အန္တရာယ် ရှိလာနိုင်တာ ကြောင့်ပါ။

ငှက်ပျောသီး နဲ့ ပတ်သက်ပြီး အစွန်းရောက်တဲ့ သီအိုရီ ပညာရှင်တွေကတော့ တစ်နေ့ကို ငှက်ပျောသီး ၆ လုံးဟာ သတ်မှတ်ချက်ဖြစ်ပြီး ၇ လုံးထက်ပိုစားမိရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲ။

Health ဆိုတဲ့ ဝက်ဘ်ဆိုက်က ဖော်ပြထားတာကတော့ ငှက်ပျောသီး ကို နေ့စဉ် ပမာဏ ထက်ပိုစားမိရင် ကျောက်ကပ် ကို ထိခိုက်စေနိုင်တယ်ဆိုတာပါပဲ။

ပျမ်းမျှအားဖြင့် ငှက်ပျောသီး တစ်လုံးမှာ ပိုတက်ဆီယမ် ၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။ လူသားတွေအနေနဲ့ ကျန်းမာရေး နဲ့ သင့်တော်ဖို့ ပိုတက်ဆီယမ် ပမာဏ အများဆုံး ၄၈၀၀ မီလီဂရမ် သာ လက်ခံနိုင်ပါတယ်။

တစ်ကယ်တော့ ပိုတက်ဆီယမ် ဟာ ကျွန်ုပ်တို့ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ကျွန်ုပ်တို့ရဲ့ နှလုံး ၊ ကျောက်ကပ် ၊ သွေး နဲ့ အာရုံကြော စနစ်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးထားပါတယ်။

တစ်ကယ်လို့ ပိုတက်ဆီယမ် မှီဝဲမှု လွန်ကဲ သွားတဲ့အခါမှာတော့ သင့်ရဲ့ နှလုံးခုန်နှုန်းကို နှေးသွားစေပြီး ကျောက်ကပ် ကို လည်း ဆုံးရှုံးူသွားရ နိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
READ  အမျိုးသမီးများရေချိုးပြီးရင် လုပ်သင့်တဲ့အရေးကြီးဆုံးအရာ

သင့်ရဲ့ အူလမ်းကြောင်းဟာ ငှက်ပျောသီး မှာပါဝင်တဲ့ ပိုတက်ဆီယမ် ကို စုပ်ယူတဲ့အခါမှာ ကျောက်ကပ်ကို သက်ရောက်မှု ကြီးစွာ ဖြစ်ပေါ်စေပြီး လုပ်ဆောင်ချက်တွေကို ရပ်နားသွားစေနိုင်တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwinpyin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top