Property Expo
×




Credit : Duwun


#Unicode Version

ဘယ်လ်ဂျီယံနိုင်ငံ ဘရုဂတ်စ်မြို့က ဘီယာချက်လုပ်ရေးရုံတစ်ခုဟာ ဘီယာတွေကို မြေအောက်ပိုက်လိုင်းကတစ်ဆင့် ပို့ဆောင်ပေးဖို့ ကြံစည်နေပါတယ်။ ချက်လုပ်ပြီးတဲ့ ဘီယာတွေကို နှစ်မိုင်အကွာမှာရှိတဲ့ စက်ရုံကိုပို့ဆောင်ကာ ဘီယာတွေကို ပုလင်းထဲသို့ ထည့်သွင်းမှာပါ။

ဘီယာကို မြေအောက်ပိုက်လိုင်းကနေ သယ်ယူပို့ဆောင်ဖို့အတွက် Halve Maan အဖျော်ယမကာ ကုမ္ပဏီက စီစဉ်နေတာဖြစ်ပြီး ဆောက်လုပ်ရေးကာလကို လေးနှစ်နဲ့ငါးလ ကြာမြင့်မယ်လို့ သိရပါတယ်။

မြေအောက်ပိုက်လိုင်းသာ ဆောက်ပြီးရင်တော့ ရှေးဟောင်းမြို့လေးထဲမှာ တစ်ပတ်ကို ဘီယာထရပ်ကား ၁၀ စီးနဲ့ ၁၅ စီးလောက်နဲ့ သယ်နေစရာမလိုတော့ပါဘူး။ ဒါ့ပြင် ဘီယာကို မြေအောက်ပိုက်လိုင်းက သယ်ဆောင်တဲ့ ပထမဆုံးကုမ္ပဏီလည်း ဖြစ်လာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top