Property Expo
×

 လယ္ယာေျမအျငင္းပြား ေနသည့္ လပြတၱာၿမိဳ႕နယ္ ကုကၠိဳ ေက်းရြာအုပ္စု ေရႊကြၽန္းသာေက်း ရြာတြင္ စက္တင္ဘာ ၃ ရက္ နံနက္က ႏွစ္ဖက္လယ္သမားမ်ား ဓားခုတ္မႈျဖစ္ပြားၿပီး လူတစ္ဦးေသဆုံးကာ ေလးဦဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ကြၽဲေက်ာင္းရာမွ ဓားခုတ္မႈ ျဖစ္ပြားခဲ့ၿပီး လယ္ယာေျမစြန္႔လႊတ္ ထားရသည့္ ေတာင္သူမ်ားဘက္ က သုံးဦးႏွင့္ လက္ရွိလုပ္ကိုင္ေနသည့္ ေတာင္သူမ်ားဘက္က ႏွစ္ဦးဓား ဒဏ္ရာရရွိသျဖင့္ လပြတၱာေဆး႐ုံ သို႔ ပို႔ေဆာင္ခဲ့သည္။ ယင္းငါးဦး အနက္မွ လက္ရွိလုပ္ကိုင္ေနသည့္ ေတာင္သူမ်ားဘက္မွ ေတာင္သူ တစ္ဦးသည္ ယင္းေန႔ညေနပုိင္း တြင္ ေဆး႐ုံ၌ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘လယ္သမားေတြက ေျမ ကြက္မွာသူတို႔ကို အပ္ထားတဲ့ ကြၽဲ ေတြသြားလွန္တာ။ ကြၽဲလွန္ေတာ့ တစ္ဖက္လယ္သမားေတြက ေအာ္ ဟစ္ဆဲဆိုတာေတြ ၾကားတယ္။ ၿပီးေတာ့ ၀င္လုံးၾကတယ္။ ဒီဘက္ ကလူေတြလုိက္သြားေတာ့ လုံး ေထြးသတ္ပုတ္ၿပီးသြားၿပီ’’ဟု ေဒသခံဦးညိဳစိမ့္က ေျပာသည္။

၁၉၉၁ က သစ္ေတာဌာနပုိင္ ဒီေရကာေတာစုိက္ခင္းမ်ားဟုဆို ကာ ကြၽန္းေပၚတြင္ လယ္ယာလုပ္ ကိုင္ေနသူမ်ားကို ဖယ္ရွားခဲ့သည္။ဒီေရကာေတာ သစ္ပင္မ်ားကို သုံးႏွစ္ခန္႔စုိက္ပ်ဳိးၿပီး စိုက္ပ်ဳိးပင္မ်ား မျဖစ္ထြန္း၍ ယင္းလယ္ယာေျမ ေပၚတြင္ မူလလုပ္ကိုင္သူေတာင္ သူမ်ားအစား အျခားသူမ်ားအား သီးစားခ်လုပ္ကိုင္ ေစခဲ့သည္။

မူလေတာင္သူမ်ားက လယ္ ယာေျမျပန္လည္လုပ္ကုိင္ခြင့္ ေတာင္းဆိုရာ ၂၀၁၅ ဧၿပီ ၁၂ ရက္ ညကေနအိမ္မ်ား မီး႐ႈိ႕ဖ်က္ ဆီးခံရကာ မူလေတာင္သူမ်ား၏ ေခါင္းေဆာင္ဦး၀င္းျမင့္၏ သားအ သတ္ခံရၿပီး ရဟန္းတစ္ပါးထိ ခိုက္ဒဏ္ရာ ရရွိခဲ့သည္။

ယင္းအေျခအေနမ်ားေၾကာင့္ လက္ရွိအစုိးရအဖြဲ႕က  ႏွစ္ဖက္ ေတာင္သူမ်ား ထြန္ယက္စိုက္ပ်ဳိး ျခင္းမျပဳရန္ တားျမစ္ထားေသာ္ လည္း ဥပေဒကုိဆန္႔က်င္၍ ဆက္လက္လုပ္ကိုင္ေနသူမ်ားရွိသည္ ဟု ၾကားသိရသျဖင့္ ခ႐ုိင္ႏွင့္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ ရဲတပ္ဖဲြ႕တို႔ကုိ ကြင္းဆင္းစစ္ေဆးရန္ ၫႊန္ၾကားခဲ့သည္။

ကြင္းဆင္းစစ္ေဆးသည့္ အဖဲြ႕မ်ားက ေဒသတြင္းအေျခအ ေန ေကာင္းမြန္ေၾကာင္း၊ လယ္ ယာေျမမ်ားတြင္ လုပ္ကိုင္သူမ်ား မရွိေၾကာင္း တုိင္းေဒသႀကီးအစိုးရ အဖဲြ႕သို႔ ျပန္လည္၍အစီရင္ခံစာ မ်ား တင္ျပခဲ့သည္ဟု တုိင္းေဒသ ႀကီးအစိုးရအဖဲြ႕မွ စည္ပင္သာယာ ေရး၀န္ႀကီး ဦးေက်ာ္ျမင့္က ေျပာ ၾကားသည္။

‘‘ခုဒီျပႆနာျဖစ္လာေတာ့ ဥပေဒနဲ႔အညီ ကိုင္တြယ္ေျဖရွင္းမႈ ေတြလုပ္ဖို႔ တုိင္းရဲတပ္ဖဲြ႕မွဴးနဲ႔ ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးတုိ႔ကို တုိင္း ေဒသႀကီးအစိုးရက ၫႊန္ၾကားထား တယ္’’ဟု ၀န္ႀကီးဦးေက်ာ္ျမင့္က ေျပာသည္။

အဆုိပါ ေက်းရြာသည္ လပြ တၱာၿမိဳ႕မွ ေရလမ္းခရီးျဖင့္ သုံးနာ ရီခန္႔သြားလာရသည့္ ေဒသျဖစ္ၿပီး ျပင္စလူရဲစခန္းအပိုင္ ေက်းရြာျဖစ္ ေသာ္လည္း အဆုိပါ စခန္းမွ စက္ ေလွျဖင့္ တစ္နာရီခန္႔သြားလာရ သည္။ ‘‘ထိခိုက္ဒဏ္ရာရတဲ့ လူနာ ေတြအဆင္ေျပဖို႔ လပြတၱာေဆး႐ုံ ကို ကြၽန္ေတာ္တို႔လုိက္သြားေန တယ္။ လူနာေတြကိစၥၿပီးမွ အခင္း ျဖစ္ေနရာကိုသြားရမွာ။ ခုထိေတာ့ အခင္းျဖစ္တဲ့အေျခအေန အေသး စိတ္ကို မစစ္ေဆးရေသးဘူး’’ ဟု ျပင္စလူေက်းရြာစခန္းမွဴး ရဲအုပ္ ေစာတင္ရွိန္က ေျပာသည္။

လယ္ယာေျမ အျငင္းပြားမႈ ေၾကာင့္ လူတစ္ဦးေသဆုံးခဲ့ရသည့္  ေရႊကြၽန္းသာေက်းရြာတြင္ စက္ တင္ဘာ ၃ ရက္ ညေနပုိင္းမွစတင္ ၍ လုံၿခံဳေရးတုိးျမႇင့္ထားေၾကာင္း ျပင္စလူၿမိဳ႕ ရဲစခန္းမွ စုံစမ္းသိရွိ ရသည္။ အဆိုပါ ပဋိပကၡႏွင့္သက္ ဆုိင္သည့္ က်ဴးလြန္သူမ်ားအား ရဲတပ္ဖဲြ႕မွ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း ျပင္စလူရဲစခန္းမွ သတင္းရရွိသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 လယ်ယာမြေအငြင်းပွား နေသည့် လပွတ္တာမြို့နယ် ကုက္ကို ကျေးရွာအုပ်စု ရွှေကျွန်းသာကျေး ရွာတွင် စက်တင်ဘာ ၃ ရက် နံနက်က နှစ်ဖက်လယ်သမားများ ဓားခုတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ လေးဦဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျွဲကျောင်းရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လယ်ယာမြေစွန့်လွှတ် ထားရသည့် တောင်သူများဘက် က သုံးဦးနှင့် လက်ရှိလုပ်ကိုင်နေသည့် တောင်သူများဘက်က နှစ်ဦးဓား ဒဏ်ရာရရှိသဖြင့် လပွတ္တာဆေးရုံ သို့ ပို့ဆောင်ခဲ့သည်။ ယင်းငါးဦး အနက်မှ လက်ရှိလုပ်ကိုင်နေသည့် တောင်သူများဘက်မှ တောင်သူ တစ်ဦးသည် ယင်းနေ့ညနေပိုင်း တွင် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

‘‘လယ်သမားတွေက မြေ ကွက်မှာသူတို့ကို အပ်ထားတဲ့ ကျွဲ တွေသွားလှန်တာ။ ကျွဲလှန်တော့ တစ်ဖက်လယ်သမားတွေက အော် ဟစ်ဆဲဆိုတာတွေ ကြားတယ်။ ပြီးတော့ ဝင်လုံးကြတယ်။ ဒီဘက် ကလူတွေလိုက်သွားတော့ လုံး ထွေးသတ်ပုတ်ပြီးသွားပြီ’’ဟု ဒေသခံဦးညိုစိမ့်က ပြောသည်။

၁၉၉၁ က သစ်တောဌာနပိုင် ဒီရေကာတောစိုက်ခင်းများဟုဆို ကာ ကျွန်းပေါ်တွင် လယ်ယာလုပ် ကိုင်နေသူများကို ဖယ်ရှားခဲ့သည်။ဒီရေကာတော သစ်ပင်များကို သုံးနှစ်ခန့်စိုက်ပျိုးပြီး စိုက်ပျိုးပင်များ မဖြစ်ထွန်း၍ ယင်းလယ်ယာမြေ ပေါ်တွင် မူလလုပ်ကိုင်သူတောင် သူများအစား အခြားသူများအား သီးစားချလုပ်ကိုင် စေခဲ့သည်။

မူလတောင်သူများက လယ် ယာမြေပြန်လည်လုပ်ကိုင်ခွင့် တောင်းဆိုရာ ၂၀၁၅ ဧပြီ ၁၂ ရက် ညကနေအိမ်များ မီးရှို့ဖျက် ဆီးခံရကာ မူလတောင်သူများ၏ ခေါင်းဆောင်ဦးဝင်းမြင့်၏ သားအ သတ်ခံရပြီး ရဟန်းတစ်ပါးထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းအခြေအနေများကြောင့် လက်ရှိအစိုးရအဖွဲ့က  နှစ်ဖက် တောင်သူများ ထွန်ယက်စိုက်ပျိုး ခြင်းမပြုရန် တားမြစ်ထားသော် လည်း ဥပဒေကိုဆန့်ကျင်၍ ဆက်လက်လုပ်ကိုင်နေသူများရှိသည် ဟု ကြားသိရသဖြင့် ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။

ကွင်းဆင်းစစ်ဆေးသည့် အဖွဲ့များက ဒေသတွင်းအခြေအ နေ ကောင်းမွန်ကြောင်း၊ လယ် ယာမြေများတွင် လုပ်ကိုင်သူများ မရှိကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်၍အစီရင်ခံစာ များ တင်ပြခဲ့သည်ဟု တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်မြင့်က ပြော ကြားသည်။

‘‘ခုဒီပြဿနာဖြစ်လာတော့ ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းမှု တွေလုပ်ဖို့ တိုင်းရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့ကို တိုင်း ဒေသကြီးအစိုးရက ညွှန်ကြားထား တယ်’’ဟု ဝန်ကြီးဦးကျော်မြင့်က ပြောသည်။

အဆိုပါ ကျေးရွာသည် လပွ တ္တာမြို့မှ ရေလမ်းခရီးဖြင့် သုံးနာ ရီခန့်သွားလာရသည့် ဒေသဖြစ်ပြီး ပြင်စလူရဲစခန်းအပိုင် ကျေးရွာဖြစ် သော်လည်း အဆိုပါ စခန်းမှ စက် လှေဖြင့် တစ်နာရီခန့်သွားလာရ သည်။ ‘‘ထိခိုက်ဒဏ်ရာရတဲ့ လူနာ တွေအဆင်ပြေဖို့ လပွတ္တာဆေးရုံ ကို ကျွန်တော်တို့လိုက်သွားနေ တယ်။ လူနာတွေကိစ္စပြီးမှ အခင်း ဖြစ်နေရာကိုသွားရမှာ။ ခုထိတော့ အခင်းဖြစ်တဲ့အခြေအနေ အသေး စိတ်ကို မစစ်ဆေးရသေးဘူး’’ ဟု ပြင်စလူကျေးရွာစခန်းမှူး ရဲအုပ် စောတင်ရှိန်က ပြောသည်။

လယ်ယာမြေ အငြင်းပွားမှု ကြောင့် လူတစ်ဦးသေဆုံးခဲ့ရသည့်  ရွှေကျွန်းသာကျေးရွာတွင် စက် တင်ဘာ ၃ ရက် ညနေပိုင်းမှစတင် ၍ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြင်စလူမြို့ ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။ အဆိုပါ ပဋိပက္ခနှင့်သက် ဆိုင်သည့် ကျူးလွန်သူများအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြင်စလူရဲစခန်းမှ သတင်းရရှိသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top