Property Expo
×
Credit:my food myanmar
Unicode Version
ရင်ကြပ်ရောဂါဟာ တစ်ကမ္ဘာလုံးနေရာအနှံ့မှာ ဖြစ်ပွားတဲ့ ရောဂါဖြစ်ပြီး လေထုညစ်ညမ်းမှုတွေကြောင့် အဓိက ဖြစ်ပွားစေတဲ့ ရောဂါဖြစ်ပါတယ်။ ရင်ကြပ်ဟာ အဆုတ်မှာ ဖြစ်တဲ့ နာတာရှည်ရောဂါ တစ်ခုပါ။ ရောဂါထတဲ့ အချိန်မှာ ခံစားရခက်ပြီး အသက်ရူခက်၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာချေတာတွေ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ရင်ကြပ်ရောဂါဖြစ်ပွားမှုနှုန်း မီလီလျံ၃၀၀ နဲ့အထက် ရှိပြီး အသက်အရွယ်အုပ်စုအလိုက် ခံစားနေကြရပါတယ်။ ရင်ကြပ်ရောဂါဟာ ဆေးနဲ့ချည်း ကုသလို့ ရတဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။ နေထိုင်မှုပုံစံပြောင်းရမယ်၊ ကျန်းမာစေမယ့် အသီးအရွက်နဲ့သစ်သီးတွေ စားရမယ်၊ အစေ့အဆန်နဲ့ Fatty Acids တွေဟာ ရောဂါသက်သာလာစေဖို့ အထောက်အကူ
ဖြစ်စေပါတယ်။ ရှောင်ရမယ့် အစားအစာတွေလည်း ရှိပါတယ်။ အတည့်တဲ့ အစားအစာတွေ စားမိတဲ့ အခါ ရောဂါ ချက်ချင်း ခံစားရစေနိုင်လို့ပါ။
ကြက်ဥ၊ မြေ ပဲ၊ နွားနို့၊ ပဲနို့၊ အကြေးခွံပါတဲ့ငါး နဲ့ ပင်လယ်ငါး တွေဟာ ဓာတ်မတည့်ခြင်းကိုဖြစ်စေပြီး ရင်ကြပ်စေပါတယ်။
Sulphites ပါတဲ့ အစားအစာတွေ – ဝိုင်၊ ဘီယာ၊ Lime Juice၊ သစ်သီးခြောက်တွေ၊ ဟင်းရွက်ခြောက်တွေ၊ အသင့်စားအစားအစာအချိုု့တွေဟာ ဓာတ်မတည့်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါဟာ ဓာတ်မတည့်တဲ့ အခါ ချောင်းဆိုးတာတွေ လည်းချောင်းယားတာတွေ ဖြစ်စေပြီး အသက်ရူကြပ်လာစေပါတယ်။
ဆားအများကြီးပါတဲ့ အစားအစာတွေ – Fast Food နဲ့ အသင့်စား အစားအစာတွေဟာ ရင်ကြပ်ဖြစ်စေမယ့် အဆိုးဆုံး အစားအစာတွေပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:my food myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top