Property Expo
×

အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ခ်စ္သူ ေကာင္မေလးေတြနဲ႔ ပတ္သက္ၿပီး ဂရုတစိုက္ ေမးေလ့ရွိတဲ့၊ ေျပာေလ့ရွိတဲ့ ၊ ေနာက္ စိတ္၀င္စားေလ့ရွိတဲ့ အေၾကာင္းအရာေတြ အမ်ားႀကီးပါ။ ဥပမာ ကုိယ့္သူငယ္ခ်င္းေတြက ကိုယ္တုိ႔ႏွစ္ဦးအေၾကာင္း ဘာေတြေျပာၾကသလဲ၊ ကိုယ့္ကို တစ္ေန႔ဘယ္ႏွစ္ႀကိမ္ေလာက္ ေကာင္မေလးက ဖုန္းေခၚလဲ၊ ခု ကိုယ္ညွပ္ထားတဲ့ ဆံပင္ပံုစံကို ကိုယ့္ခ်စ္သူ ေကာင္မေလးက သေဘာက်ရဲ႕လား စသျဖင့္ေပါ့ေလ။ ဒါေပမယ့္ တစ္ခါတစ္ေလ အမ်ိဳးသမီးေတြ စိတ္ပူေနတဲ့အရာတစ္ခ်ိဳ႕ကိုေတာ့ ခ်စ္သူေကာင္ေလးေတြက စိတ္၀င္စားေလ့မရွိတာမို႔ အဲ့ဒီကိစၥေတြအတြက္ အပင္ပန္းခံၿပီး ပူပင္ေနဖုိ႔ မလိုအပ္ပါဘူး။ အဲ့ဒီအရာေတြကေတာ့

၁။ ကိုယ္ ဆံပင္အဖ်ားေလး တိလိုက္တာကို သူတုိ႔က စိတ္၀င္စားမယ္လုိ႔ထင္ၿပီး ေျပာဆိုေနမိရင္ မွားပါလိမ့္မယ္။

ဆံပင္အရွည္ကန လံုး၀အတို ညွပ္ခ်လိုက္တာမ်ိဳး၊ ေဘးတျခမ္းကို shave ထုိးလိုက္တာမ်ိဳး မဟုတ္ပဲ အဖ်ားေလး တိတာေလာက္ကိုေတာ့ ဘယ္ေယာက်ၤားေလးမွ စိတ္၀င္စားမွာ မဟုတ္ဘူးေလ။

၂။ကိုယ့္အခန္းက ရႈပ္ပြေနတာမ်ိဳးကိုလည္း သူတုိ႔ နားလည္ေပးႏိုင္ပါတယ္။

မနက္အိပ္ယာထေနာက္က်လို႔ အျမန္လုပ္ရတာ၊ အက်ႍေတြ ျမန္ျမန္ေရြးရတာမုိ႔ အဆင္မေျပတဲ့ အက်ႍေတြကို အိပ္ယာေပၚ ဒီအတုိင္း ပစ္တင္ထားခဲ့မိတာ စတာေတြကို သူတုိ႔ နားလည္တယ္ေလ။ ေယာက်ၤားေလးေတြရဲ႕ အခန္းကို ေရာက္ဖူးတယ္ဆိုရင္ ဒီအေျဖက ပိုရွင္းသြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ တစ္ခါတစ္ေလ ကိုယ့္အခန္းရႈပ္ပြေနတာမ်ိဳးကို စိတ္ပူမေနပါနဲ႔။

၃။ကိုယ္ လက္သည္း၊ ေျခသည္းအလွျပင္ထားတာကို သူသတိျပဳၿပီး လိုက္ၾကည့္ေနမယ္လို႔ မထင္လိုက္ပါနဲ႔။

ဒီလိုအရာမ်ိဳးေတြကို သူတို႕စိတ္မ၀င္စားပါဘူး။ သူစိတ္၀င္စားတဲ့အရာေတြက ကိုယ္က လက္သည္းေတြကို မညွပ္ပဲ အရွည္ႀကီး ထားလာတယ္ဆိုရင္ေတာ့ သူလည္း ဘာျဖစ္တာလဲဆိုၿပီး စဥ္းစားမွာေပါ့။

၄။ခ်စ္သူေကာင္ေလးေတြဟာ အရင္တစ္ပတ္က သူတုိ႔နဲ႔ေရွာ့ပင္ထြက္တဲ့အခါ ကိုယ္ဘာေတြ၀ယ္ခဲ့သလဲဆိုတာ အာရံုသိပ္မရွိတတ္ပါဘူး။

သူတုိ႔ေတြက ကုိယ္၀ယ္လိုက္တဲ့ မိန္းကေလးပစၥည္းေတြကို အေသးစိတ္လိုက္မွတ္ထားမယ္ မထင္ပါနဲ႔။

၅။ကိုယ့္မိဘေတြက ဘယ္ေလာက္အူေၾကာင္ေၾကာင္ႏိုင္တယ္ဆိုတာကိုလည္း သူအာရံုသိပ္မထားပါဘူး။

သူလက္တြဲရမွာက ကုိယ္မို႔လို႔ ကုိယ့္မိဘေတြရဲ႕ ဇီဇာေၾကာင္တာ၊ အူေၾကာင္ေၾကာင္ႏိုင္တာမ်ိဳးေတြကိုေတာ့ သူမႈမွာ မဟုတ္ဘူး။

၆။ကိုယ္က နည္းနည္းလႈပ္ရွားလိုက္တာနဲ႔ ေခၽြးထြက္တတ္တဲ့သူမုိ႔ ငါ့ရည္းစားေတာ့ ငါ့ကို စိတ္ညစ္ေနမလားဆိုၿပီး ေတြးပူေနစရာမလိုပါဘူး။

ကိုယ္က လူသားတစ္ဦးေပမုိ႔ ဒီလိုျဖစ္တတ္တာ သူတုိ႔နားလည္ပါတယ္။ လူတုိင္းကေတာ့ ျပီးျပည့္စံုေနတယ္ဆိုတာ မရွိၾကဘူးေလ။

၇။ကိုယ္စီးထားတဲ့ ဖိနပ္ေတြကိုလည္း သူတုိ႔က ဘာျဖစ္တယ္၊ ညာျဖစ္တယ္ ေ၀ဖန္တာမ်ိဳး နည္းပါတယ္။ အာရံုမရွိတတ္ပါဘူး။

ကိုယ္က ဖိနပ္အပါးေတြ စီးေနရင္းကေန pencil heel အျမင့္ႀကီးစီးသြားတာမ်ိဳး ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေလ။

၈။ကိုယ္လက္ရွိ သေဘာက်ႏွစ္ၿခိဳက္ေနတဲ့ အႏုပညာရွင္ ဘယ္ႏွစ္ေယာက္ရွိတယ္ဆိုတာမ်ိဳးကိုလည္း သူတုိ႔ သိပ္စိတ္မ၀င္စားပါဘူး။

ကိုယ္ေျပာသမွ်ကို နားေထာင္ေပးေနေပမယ့္ အဲ့ဒါနဲ႔ပတ္သက္ၿပီး ကိုယ့္ကိုေမးတာျမန္းတာေတြ ရွိမွာ မဟုတ္ပါဘူး။

၉။သူနဲ႔အတူတူ ညစာစားခ်ိန္ ဘာဂါႏွစ္လံုး စားမိလိုက္တာမ်ိဳးကလည္း ကိုယ့္ခ်စ္သူေကာင္ေလးအတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာမရွိပါဘူး။

သူလည္း ဒါကို စိတ္၀င္တစား လိုက္ေျပာေနမွာ မဟုတ္ပါဘူး။

၁၀။GYM သြားေဆာ့တဲ့အခါ ကိုယ္ဘာေတြ၀တ္တယ္၊ ဘယ္လိုျပင္ဆင္သြားတယ္ ဆိုတာမ်ိဳးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ခ်စ္သူေကာင္ေလးက ေခါင္းအစေျခအဆံုး လိုက္ၾကည့္ေျပာဆိုေနမယ္ မထင္ပါနဲ႔။ 

ကိုယ္က မိန္းကေလးမုိ႔ ဒီလိုအရာမ်ိဳးေတြ စိတ္ပူေနေပမယ့္ သူတုိ႔က ဒါကို သိပ္စိတ္၀င္စားေလ့ မရွိၾကပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး ဂရုတစိုက် မေးလေ့ရှိတဲ့၊ ပြောလေ့ရှိတဲ့ ၊ နောက် စိတ်ဝင်စားလေ့ရှိတဲ့ အကြောင်းအရာတွေ အများကြီးပါ။ ဥပမာ ကိုယ့်သူငယ်ချင်းတွေက ကိုယ်တို့နှစ်ဦးအကြောင်း ဘာတွေပြောကြသလဲ၊ ကိုယ့်ကို တစ်နေ့ဘယ်နှစ်ကြိမ်လောက် ကောင်မလေးက ဖုန်းခေါ်လဲ၊ ခု ကိုယ်ညှပ်ထားတဲ့ ဆံပင်ပုံစံကို ကိုယ့်ချစ်သူ ကောင်မလေးက သဘောကျရဲ့လား စသဖြင့်ပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေ စိတ်ပူနေတဲ့အရာတစ်ချို့ကိုတော့ ချစ်သူကောင်လေးတွေက စိတ်ဝင်စားလေ့မရှိတာမို့ အဲ့ဒီကိစ္စတွေအတွက် အပင်ပန်းခံပြီး ပူပင်နေဖို့ မလိုအပ်ပါဘူး။ အဲ့ဒီအရာတွေကတော့

၁။ ကိုယ် ဆံပင်အဖျားလေး တိလိုက်တာကို သူတို့က စိတ်ဝင်စားမယ်လို့ထင်ပြီး ပြောဆိုနေမိရင် မှားပါလိမ့်မယ်။

ဆံပင်အရှည်ကန လုံးဝအတို ညှပ်ချလိုက်တာမျိုး၊ ဘေးတခြမ်းကို shave ထိုးလိုက်တာမျိုး မဟုတ်ပဲ အဖျားလေး တိတာလောက်ကိုတော့ ဘယ်ယောကျၤားလေးမှ စိတ်ဝင်စားမှာ မဟုတ်ဘူးလေ။

၂။ကိုယ့်အခန်းက ရှုပ်ပွနေတာမျိုးကိုလည်း သူတို့ နားလည်ပေးနိုင်ပါတယ်။

မနက်အိပ်ယာထနောက်ကျလို့ အမြန်လုပ်ရတာ၊ အကျႍတွေ မြန်မြန်ရွေးရတာမို့ အဆင်မပြေတဲ့ အကျႍတွေကို အိပ်ယာပေါ် ဒီအတိုင်း ပစ်တင်ထားခဲ့မိတာ စတာတွေကို သူတို့ နားလည်တယ်လေ။ ယောကျၤားလေးတွေရဲ့ အခန်းကို ရောက်ဖူးတယ်ဆိုရင် ဒီအဖြေက ပိုရှင်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ခါတစ်လေ ကိုယ့်အခန်းရှုပ်ပွနေတာမျိုးကို စိတ်ပူမနေပါနဲ့။

၃။ကိုယ် လက်သည်း၊ ခြေသည်းအလှပြင်ထားတာကို သူသတိပြုပြီး လိုက်ကြည့်နေမယ်လို့ မထင်လိုက်ပါနဲ့။

ဒီလိုအရာမျိုးတွေကို သူတို့စိတ်မဝင်စားပါဘူး။ သူစိတ်ဝင်စားတဲ့အရာတွေက ကိုယ်က လက်သည်းတွေကို မညှပ်ပဲ အရှည်ကြီး ထားလာတယ်ဆိုရင်တော့ သူလည်း ဘာဖြစ်တာလဲဆိုပြီး စဉ်းစားမှာပေါ့။

၄။ချစ်သူကောင်လေးတွေဟာ အရင်တစ်ပတ်က သူတို့နဲ့ရှော့ပင်ထွက်တဲ့အခါ ကိုယ်ဘာတွေဝယ်ခဲ့သလဲဆိုတာ အာရုံသိပ်မရှိတတ်ပါဘူး။

သူတို့တွေက ကိုယ်ဝယ်လိုက်တဲ့ မိန်းကလေးပစ္စည်းတွေကို အသေးစိတ်လိုက်မှတ်ထားမယ် မထင်ပါနဲ့။

၅။ကိုယ့်မိဘတွေက ဘယ်လောက်အူကြောင်ကြောင်နိုင်တယ်ဆိုတာကိုလည်း သူအာရုံသိပ်မထားပါဘူး။

သူလက်တွဲရမှာက ကိုယ်မို့လို့ ကိုယ့်မိဘတွေရဲ့ ဇီဇာကြောင်တာ၊ အူကြောင်ကြောင်နိုင်တာမျိုးတွေကိုတော့ သူမှုမှာ မဟုတ်ဘူး။

၆။ကိုယ်က နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ချွေးထွက်တတ်တဲ့သူမို့ ငါ့ရည်းစားတော့ ငါ့ကို စိတ်ညစ်နေမလားဆိုပြီး တွေးပူနေစရာမလိုပါဘူး။

ကိုယ်က လူသားတစ်ဦးပေမို့ ဒီလိုဖြစ်တတ်တာ သူတို့နားလည်ပါတယ်။ လူတိုင်းကတော့ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိကြဘူးလေ။

၇။ကိုယ်စီးထားတဲ့ ဖိနပ်တွေကိုလည်း သူတို့က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဝေဖန်တာမျိုး နည်းပါတယ်။ အာရုံမရှိတတ်ပါဘူး။

ကိုယ်က ဖိနပ်အပါးတွေ စီးနေရင်းကနေ pencil heel အမြင့်ကြီးစီးသွားတာမျိုး ဆိုရင်တော့ တစ်မျိုးပေါ့လေ။

၈။ကိုယ်လက်ရှိ သဘောကျနှစ်ခြိုက်နေတဲ့ အနုပညာရှင် ဘယ်နှစ်ယောက်ရှိတယ်ဆိုတာမျိုးကိုလည်း သူတို့ သိပ်စိတ်မဝင်စားပါဘူး။

ကိုယ်ပြောသမျှကို နားထောင်ပေးနေပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုမေးတာမြန်းတာတွေ ရှိမှာ မဟုတ်ပါဘူး။

၉။သူနဲ့အတူတူ ညစာစားချိန် ဘာဂါနှစ်လုံး စားမိလိုက်တာမျိုးကလည်း ကိုယ့်ချစ်သူကောင်လေးအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာမရှိပါဘူး။

သူလည်း ဒါကို စိတ်ဝင်တစား လိုက်ပြောနေမှာ မဟုတ်ပါဘူး။

၁၀။GYM သွားဆော့တဲ့အခါ ကိုယ်ဘာတွေဝတ်တယ်၊ ဘယ်လိုပြင်ဆင်သွားတယ် ဆိုတာမျိုးနဲ့ ပတ်သက်ပြီးတော့လည်း ချစ်သူကောင်လေးက ခေါင်းအစခြေအဆုံး လိုက်ကြည့်ပြောဆိုနေမယ် မထင်ပါနဲ့။

ကိုယ်က မိန်းကလေးမို့ ဒီလိုအရာမျိုးတွေ စိတ်ပူနေပေမယ့် သူတို့က ဒါကို သိပ်စိတ်ဝင်စားလေ့ မရှိကြပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top