Property Expo
×




Credit : Trend Myanmar


#Unicode Version

အောင်မြင်မှု ရစေတဲ့ အရည်အချင်းနဲ့ ပင်ကိုယ်စရိုက်များစွာရှိပေမယ့် ပညာရှင်တွေက အဓိက အခရာကျတဲ့ ပင်ကိုယ်စရိုက်တစ်ခုသာ ရှိတယ်လို့ ဆိုကြပါတယ်။  လူတစ်ယောက် အလုပ်အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ဖော်ပြတဲ့ အဓိက အချက်တစ်ခုရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

တာဝန်သိခြင်းက ရေရှည်မှာ အောင်မြင်မယ်ဆိုတာ သေချာပေါက်အာမခံပါတယ်။  တာဝန်သိတဲ့လူတွေဟာ တစ်စုံတစ်ခုလုပ်တဲ့အခါ အလေးထား စေ့စပ်တိကျပြီး အားလုံးကောင်းမွန်စွာ ဆောင်ရွက်ပြီးစီးလို ကြပါတယ်။ သူတို့တွေဟာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေခြင်း၊ စနစ်ကျခြင်း၊ လုံ့လဝီရိယရှိခြင်းနဲ့ အောင်မြင်မှုကို တောင့်တတဲ့ စရိုက်လက္ခဏာညဉ်ရှိကြပါတယ်။

တာဝန်သိတတ်သူတွေ ဘယ်တော့မှ နောက်ကျတယ်မရှိဘဲ အလုပ်တာဝန်တွေအပေါ် အာရုံစိုက်ကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီဖို့ အမြဲတမ်းအဆင်သင့်ရှိကြပါတယ်။  လုံ့လဝီရိယရှိသူတွေ အလုပ်ကောင်းတွေရပြီး ဝင်ငွေပိုကောင်းကြတယ်လို့ လေ့လာအများအပြားက ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top