Kantharyar Centre
×

႐ိုက္ႏွက္ခံရသည့္ အမ်ိဳးသားကို ေတြ႕ရစဥ္ (ဓာတ္ပံု − ရိပ္သာလူငယ္)

 ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ေစ်းကေလးရပ္ကြက္ ရိပ္သာ လမ္းတြင္ မူးယစ္ရမ္းကားသည့္အမ်ဳိးသားတစ္ဦးကို ႐ုိက္ႏွက္ခဲ့သည့္ ရဲ၀န္ထမ္းတစ္ဦးအား စုံခုံဖြဲ႕စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

အ႐ုိက္ခံရသည့္ အမ်ဳိးသား ႏွင့္ သူငယ္ခ်င္းသုံးဦးသည္ ဘီယာ ဆုိင္မွ ထြက္လာၿပီး ဗားကရာလမ္းတြင္ ေအာ္ဟစ္ဆဲဆုိေန၍ မီးတန္းယာဥ္က ေခၚစစ္ေမးစဥ္ ရဲကားကိုေျခေထာက္ျဖင့္ကန္ကာ ထြက္ေျပးခဲ့ေၾကာင္း ၾကည့္ျမင္တုိင္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။


‘‘ေကာင္ေလးက လမ္းထဲ ၀င္ေျပးလာေတာ့ ေနာက္က ရဲႏွစ္ ေယာက္ လုိက္လာတယ္။ ေကာင္ ေလးက ကြၽန္ေတာ္ အဖမ္းခံပါ့မယ္ဆုိၿပီး ေျပာေပမယ့္ ႐ုိက္တယ္။ သူတုိ႔႐ုိက္တာေတြ႕လုိ႔ လမ္းထဲကသူေတြ ၀င္ေျပာတာေတာင္မရပ္ဘူး။ ေနာက္လူႀကီးေတြေျပာမွ ႐ုိက္တာရပ္ၿပီး ထြက္သြားတာပါ’’ဟု မ်က္ျမင္ေတြ႕သူ အမ်ဳိးသမီးတစ္ဦးက ေျပာၾကား သည္။

စက္တင္ဘာ ၂၂ ရက္ ည ၉ နာရီေက်ာ္တြင္ အသက္(၂၀) ေက်ာ္အရြယ္ အမ်ဳိးသားကုိ ရဲ၀န္ ထမ္းႏွစ္ဦးက ေနာက္မွလုိက္လာ ကာ တုတ္ျဖင့္႐ုိက္ႏွက္ခဲ့ေၾကာင္း ရိပ္သာလမ္း၌ ေနထုိင္သည့္ မ်က္ျမင္ေတြ႕သူအခ်ဳိ႕ကေျပာသည္။

‘‘အခုေဆး႐ုံမွာပဲရွိပါတယ္။ ဘယ္မ်က္ခုံးကြဲသြားလုိ႔ သုံးခ်က္ ခ်ဳပ္လုိက္ရတယ္။ ႏွာေခါင္းလည္းက်ဳိးသြားတယ္။ အမႈေတာ့ မဖြင့္ျဖစ္ဘူး။ ႐ုပ္သိမ္းေပးလိုက္ပါတယ္။ ႐ုိက္တဲ့ရဲ၀န္ထမ္းေတြကိုလည္း စစ္ေဆးေနတယ္လုိ႔ ေျပာပါတယ္’’ဟု အ႐ိုက္ခံရသည့္ အမ်ဳိးသား၏အစ္ကိုက ေျပာၾကား သည္။

အဆုိပါျဖစ္ရပ္ကို ႐ုိက္ႏွက္ ခံရသည့္ လူငယ္၏အစ္မက လူမႈကြန္ရက္တြင္ ဓာတ္ပုံမ်ားျဖင့္ ေ၀မွ်ေရးသားခဲ့ရာ မွတ္ခ်က္ေရးသားသူမ်ားက ႐ုိက္ႏွက္သည့္ရဲ၀န္ထမ္းကို ေ၀ဖန္မႈမ်ားရွိသကဲ့သို႔ လူေနရပ္ကြက္တြင္ ရမ္းကားေအာ္ဟစ္မႈမ်ားကုိလည္း ေ၀ဖန္ခဲ့ၾကသည္။

အမ်ဳိးသားကို ႐ုိက္ႏွက္ခဲ့ သည့္  ရဲ၀န္ထမ္းအား အခင္းျဖစ္ပြားသည့္ ညကပင္ ဖမ္းဆီးထားကာ စုံခုံစစ္ေဆးခဲ့ၿပီး ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမးျမန္းစစ္ေဆး ထားေၾကာင္း ၾကည့္ျမင္တုိင္ၿမိဳ႕မ ရဲစခန္းမွ ဒုရဲမွဴးခင္ေမာင္ေဆြက ေျပာသည္။

‘‘အခုလုိ ျဖစ္ပြားတဲ့အခါမွာ  ပါ၀င္သူေတြကို စုံခုံစစ္ေဆးၿပီး ေမးျမန္းထားပါတယ္။ ဖမ္းဆီး ထားတာေတာ့ ရဲ၀န္ထမ္းတစ္ဦး တည္းပါ။ စစ္ေဆးၿပီးေတာ့ အခု အခ်ဳပ္ကေန လႊတ္ေပးထားပါ တယ္။ အထက္က အမိန္႔က်လာ ရင္ေတာ့ ဥပေဒအတုိင္းအေရးယူ မွာပါ’’ဟု ဒုရဲမွဴးခင္ေမာင္ေဆြက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရိုက်နှက်ခံရသည့် အမျိုးသားကို တွေ့ရစဉ် (ဓာတ်ပုံ − ရိပ်သာလူငယ်)

 ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ရိပ်သာ လမ်းတွင် မူးယစ်ရမ်းကားသည့်အမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့သည့် ရဲဝန်ထမ်းတစ်ဦးအား စုံခုံဖွဲ့စစ်ဆေးနေကြောင်း သတင်းရရှိသည်။

အရိုက်ခံရသည့် အမျိုးသား နှင့် သူငယ်ချင်းသုံးဦးသည် ဘီယာ ဆိုင်မှ ထွက်လာပြီး ဗားကရာလမ်းတွင် အော်ဟစ်ဆဲဆိုနေ၍ မီးတန်းယာဉ်က ခေါ်စစ်မေးစဉ် ရဲကားကိုခြေထောက်ဖြင့်ကန်ကာ ထွက်ပြေးခဲ့ကြောင်း ကြည့်မြင်တိုင် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။


‘‘ကောင်လေးက လမ်းထဲ ဝင်ပြေးလာတော့ နောက်က ရဲနှစ် ယောက် လိုက်လာတယ်။ ကောင် လေးက ကျွန်တော် အဖမ်းခံပါ့မယ်ဆိုပြီး ပြောပေမယ့် ရိုက်တယ်။ သူတို့ရိုက်တာတွေ့လို့ လမ်းထဲကသူတွေ ဝင်ပြောတာတောင်မရပ်ဘူး။ နောက်လူကြီးတွေပြောမှ ရိုက်တာရပ်ပြီး ထွက်သွားတာပါ’’ဟု မျက်မြင်တွေ့သူ အမျိုးသမီးတစ်ဦးက ပြောကြား သည်။

စက်တင်ဘာ ၂၂ ရက် ည ၉ နာရီကျော်တွင် အသက်(၂၀) ကျော်အရွယ် အမျိုးသားကို ရဲဝန် ထမ်းနှစ်ဦးက နောက်မှလိုက်လာ ကာ တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ရိပ်သာလမ်း၌ နေထိုင်သည့် မျက်မြင်တွေ့သူအချို့ကပြောသည်။

‘‘အခုဆေးရုံမှာပဲရှိပါတယ်။ ဘယ်မျက်ခုံးကွဲသွားလို့ သုံးချက် ချုပ်လိုက်ရတယ်။ နှာခေါင်းလည်းကျိုးသွားတယ်။ အမှုတော့ မဖွင့်ဖြစ်ဘူး။ ရုပ်သိမ်းပေးလိုက်ပါတယ်။ ရိုက်တဲ့ရဲဝန်ထမ်းတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြောပါတယ်’’ဟု အရိုက်ခံရသည့် အမျိုးသား၏အစ်ကိုက ပြောကြား သည်။

အဆိုပါဖြစ်ရပ်ကို ရိုက်နှက် ခံရသည့် လူငယ်၏အစ်မက လူမှုကွန်ရက်တွင် ဓာတ်ပုံများဖြင့် ဝေမျှရေးသားခဲ့ရာ မှတ်ချက်ရေးသားသူများက ရိုက်နှက်သည့်ရဲဝန်ထမ်းကို ဝေဖန်မှုများရှိသကဲ့သို့ လူနေရပ်ကွက်တွင် ရမ်းကားအော်ဟစ်မှုများကိုလည်း ဝေဖန်ခဲ့ကြသည်။

အမျိုးသားကို ရိုက်နှက်ခဲ့ သည့်  ရဲဝန်ထမ်းအား အခင်းဖြစ်ပွားသည့် ညကပင် ဖမ်းဆီးထားကာ စုံခုံစစ်ဆေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစစ်ဆေး ထားကြောင်း ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ဒုရဲမှူးခင်မောင်ဆွေက ပြောသည်။

‘‘အခုလို ဖြစ်ပွားတဲ့အခါမှာ  ပါဝင်သူတွေကို စုံခုံစစ်ဆေးပြီး မေးမြန်းထားပါတယ်။ ဖမ်းဆီး ထားတာတော့ ရဲဝန်ထမ်းတစ်ဦး တည်းပါ။ စစ်ဆေးပြီးတော့ အခု အချုပ်ကနေ လွှတ်ပေးထားပါ တယ်။ အထက်က အမိန့်ကျလာ ရင်တော့ ဥပဒေအတိုင်းအရေးယူ မှာပါ’’ဟု ဒုရဲမှူးခင်မောင်ဆွေက ပြောသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top