Property Expo
×

ျမန္မာႏုိင္ငံမွာ ျပန္လည္ကာ အေျခခ်ေနထုိင္ေနၿပီျဖစ္တဲ့ သူမကေတာ့ တိုက္ဆုိင္မႈရွိလွ်င္ဇာတ္ကားၾကီးနဲ႕ပရိသတ္အမ်ား သတိထားမိခဲ့တဲ့ လိုင္လာခမ္းပဲျဖစ္ပါတယ္။ သူမဟာ အခုဆိုရင္ ျမန္မာျပည္မွာပဲေနထုိင္ေနၿပီျဖစ္ၿပီး ဒုတိယကားၾကီးအေနနဲ႕ရာဇ၀င္ရိုင္းသူမ်ား ဇာတ္ကားကိုလဲ ရုိက္ကူးထားပါေသးတယ္။ ဒါ့အျပင္စီးပြားေရးအေနနဲ႕လဲ Rhythm & Style Int’ Academy သင္တန္းေက်ာင္းကိုလဲ ဖြင့္လွစ္ထားသလို တစ္ဖက္ကလဲ အႏုပညာလႈပ္ရွားမႈေတြကို ပံုမွန္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႕ေျပာလာပါတယ္။ အဆုိပါ သင္တန္းေက်ာင္းနဲ႕ပတ္သက္ၿပီး ျပည့္စံုစြာေျပာျပလာသလို လက္ရွိသူမၾကိဳးစားျဖစ္ေနတဲ့ သူမရဲ႕အႏုပညာအေၾကာင္းေလးကိုလဲ ပြင့္လင္းစြာေျပာျပလာတဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈ အေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

ကၽြန္မရဲ႕ဒုတိယကားေလးျဖစ္တဲ့ ရာဇ၀င္ရုိင္းသူမ်ားကုိ ေမွ်ာ္ေနတယ္။ အခုသူ႕အတြက္ ပရိုမိုးရွင္းေတြလုပ္ေတာ့မယ္လုိ႕ေျပာပါတယ္။ ေနာက္တစ္ခုက ဦးမ်ိဳးနဲ႕ပဲ ေနာက္ထပ္ ဇာတ္လမ္းတစ္ခုကိုတုိင္ပင္ေနပါၿပီ။ ဒီႏွစ္ကုန္ေလာက္ကုိ အေကာင္အထည္ေဖာ္ျဖစ္ပါမယ္။

-ရာဇ၀င္ရုိင္းသူမ်ားထဲမွာေရာ ဘယ္လိုပံုစံေလးျဖစ္မလဲ။

တုိက္ဆုိင္မႈရွိလွ်င္နဲ႕ လံုး၀ Total Opposite ျဖစ္သြားၿပီ။ တိုက္ဆိုင္မႈရွိလွ်င္မွာတုန္းက သူမ်ားအိမ္ေထာင္ကို ဖ်က္ဆီးတဲ့မိန္းကေလး၊ ရာဇ၀င္ရိုင္းသူမ်ားမွာက်ေတာ့ ကိုယ့္အိမ္ေထာင္ကိုမျပဳကြဲေအာင္ လိုက္ၿပီးထိန္းသိမ္းေနရတဲ့ မိန္းမျဖစ္သြားတယ္ေပါ့။ အဲ့ဒီကာရိုက္တာေလးကိုသရုပ္ေဆာင္ထားပါတယ္။

-ရုိက္တဲ့ ႏွစ္ကားစလံုးက ကုိေျပတီဦးနဲ႕ပဲေနာ္။

ဟုတ္ပါတယ္။ ေနာက္တစ္ကားကေတာ့ ကိုေျပတီဦးနဲ႕မရုိက္ခ်င္ေတာ့ဘူး။ ဒါေပမဲ့အဲ့ဒါကလဲ ဦးမ်ိဳးအေပၚမူတည္တာေပါ့ေနာ္။ ဦးမ်ိဳးကုိေမးေတာ့ေမးထားတယ္။ ဒီတစ္ေခါက္ဘယ္သူနဲ႕လဲေပါ့။

-ကားၾကီးေတြပဲလား။ ဗီဒီယိုအေနနဲ႕က်ေတာ့ေရာ ဘယ္လုိရွိလဲ။

ဗီဒီယိုကုိလဲအရမ္းရုိက္ခ်င္ပါတယ္။ အရမ္းလဲစိတ္၀င္စားတယ္။ ဒါေပမဲ့ေပါ့ပ်က္ပ်က္ ဗီဒီယိုေတြျဖစ္သြားမွာလဲေၾကာက္တယ္။ အဲ့ဒါေၾကာင့္ ဦးမ်ိဳးတို႕လို၊ ကို၀ိုင္းတို႕လုိအရမ္း၀ါရင့္ၿပီးေတာ္တဲ့ ဒါရိုက္တာေတြက စည္းကမ္းတက်၊ စနစ္တက်နဲ႕ဆယ္ရက္ေလာက္အခ်ိန္ေပးၿပီးရုိက္မယ္ဆုိတဲ့ ဗီဒီယိုမ်ိဳးဆိုရင္ေတာ့ ကၽြန္မရုိက္ခ်င္တယ္။ ဟိုလိုႏွစ္ရက္၊ သံုးရက္နဲ႕အၿပီးရုိက္တဲ့ ဗီဒီယိုမ်ိဳးဆိုရင္ေတာ့ ကိုယ္ကလက္မခံခ်င္ဘူး။ အဲ့ဒီဟာေလးေၾကာင့္ မရုိက္ျဖစ္ေသးတာပါ။ တခ်ိဳ႕ဗီဒီယိုေတြက်ေတာ့လဲ ရုိက္ထားတာ ေတာ္ေတာ္ေလးစနစ္က်တယ္။ အဆင့္ျမင့္လာတာေတြ႕ရတယ္ေလ။ အဲ့ဒီလိုမ်ိဳးဆိုရင္ေတာ့ ကၽြန္မရိုက္ျဖစ္မွာပါ။

-Rhythm & Style In’t Academy သင္တန္းေက်ာင္းေလး စဖြင့္ျဖစ္ခဲ့ပံုေလးကိုလဲေျပာျပေပးပါဦး။

စလုပ္ျဖစ္တာကတဲ့ စိတ္ကူးေလးကေတာ့ ရိုးရွင္းပါတယ္။ ညီမေလးရယ္ မမ ဆယ္ေက်ာ္သက္အရြယ္ ကုိယ္ျမန္မာျပည္မွာရွိခဲ့တဲ့ အခ်ိန္တုန္းက ေက်ာင္းေတြဘာေတြ ပိတ္တယ္ဆိုရင္ အကသင္တန္းေတြအရမ္းတက္ခ်င္တယ္။ ကိုယ့္မွာပုိက္ဆံတတ္ႏုိင္တာေတာင္မွ ဘယ္ေနရာမွာ သြားတက္ရမွန္းမသိဘူး။ အဲ့ဒီအခ်ိန္တုန္းက အႏုပညာနဲ႕ပတ္သက္တာ ၊ Styling နဲ႕ပတ္သက္တာဆိုရင္ အရမ္းနည္းေနေသးတယ္ေလ။ အဲ့ဒီအခါက်ေတာ့ အခုလက္ရွိအခ်ိန္မွာ ဘယ္ႏုိင္ငံမဆုိ ညီမေလးသြားလို႕ရွိရင္ ရန္ကုန္ကေန ဘန္ေကာက္ေလာက္သြားရင္ေတာင္မွ မိန္းကေလးအားလံုးက အရမ္းစတုိင္က်၊ စမတ္က်ၿပီး လွပေနတယ္။ ကိုယ့္ႏုိင္ငံလာလိုက္ရင္ ကိုယ့္ႏုိင္ငံကမိန္းကေလးေတြက ပိုက္ဆံတတ္ႏုိင္ရင္ေတာင္မွ ခုခ်ိန္ထိအ၀တ္အစား၀တ္တာတို႕ဘာတို႕မွာလိုေသးတယ္။ အဲ့ဒါေတြအမ်ားၾကီးစဥ္းစားမိတယ္။ ၿပီးေတာ့ ေဘာလိ၀ုဒ္နဲ႕လဲကိုယ္ကဒီအခ်ိန္မွာ အဆက္အသြယ္ရွိတယ္ဆုိေတာ့ အဲ့ဒီက အတတ္ပညာရွင္ေတြနဲ႕လဲအဆက္အသြယ္ရွိေနေတာ့ အားလံုးကိုျခံဳၿပီးေက်ာင္းေလးတစ္ေက်ာင္းဖြင့္မယ္ဆုိၿပီးဖြင့္ခဲ့တယ္။ အဲ့ဒီေတာ့ လူငယ္ေတြ အကတတ္ခ်င္ရင္အက၊ Style တတ္ခ်င္ရင္ Style ၊ မိတ္ကပ္တတ္ခ်င္ရင္မိတ္ကပ္အားလံုးကုိတစ္ေနရာထဲစုေပးထားမယ္ဆုိၿပီး ဖြင့္ျဖစ္သြားတယ္။

-ဖြင့္တာကေရာ ဘယ္ေလာက္ၾကာသြားၿပီလဲ။

အခုဖြင့္တာဆို တစ္လေလာက္ပဲရွိေသးတယ္။ ၾသဂုတ္ ၁ ရက္ေန႕ကမွစဖြင့္တာပါ။

-ဒီေက်ာင္းမွာေရာ အဓိကဘာေတြရမလဲ။

အစ္မအာရံုစိုက္ထားတာကေတာ့ ေဘာလိ၀ုဒ္ Dance ေပါ့။ ေဘာလီး၀ုဒ္ Dance မွာမွ ႏွစ္မ်ိဳးရွိပါတယ္။ တစ္မ်ိဳးက ေဘာလီး၀ုဒ္အကၾကီးပဲသီးသန္႕နဲ႕ေနာက္တစ္ခုက ၀ိတ္ခ်တဲ့အကေပါ့။ ေဘာလီး၀ုဒ္အကဆိုတာ ကုလားအကကိုေျပာတာမဟုတ္ဘူး။ အကေပါင္းစံုကို ျခံဳၿပီး ေဘာလီး၀ုဒ္အကလို႕ေခၚတာပါ။ အင္တာေနရွင္နယ္အကေပါ့။ ကကြက္ေတြကိုလဲအေသးစိတ္တင္ေပးတယ္။ ဒုတိယတစ္ခုက Styling ေပါ့။ Styling မွာေတာ့ အစ္မကုိယ္တုိင္သင္ေပးတယ္။ အဲ့ဒီထဲမွာ အစ္မက အ၀တ္အစား၀တ္ရံုတင္မဟုတ္ပဲ Self Language ထပ္ထည့္တယ္။ ဘယ္ေနရာသြားရင္ဘယ္လိုေနရမယ္။ ဘယ္လိုထုိင္ရမယ္။ အင္တာဗ်ဴးေျဖရင္ဘယ္လိုေျဖရမယ္။ အေရွ႕လူကိုယ့္ကိုျမင္တာနဲ႕ သေဘာက်ေအာင္ျမင္တာနဲ႕ေက်နပ္ေအာင္ဘယ္လိုေနထုိင္ရမလဲဆိုတာတို႕၊ ေနာက္ တခ်ိဳ႕စင္ေပၚတက္ရင္ေၾကာက္တတ္တဲ့သူေတြအတြက္ အဲ့ဒါေတြအကုန္လံုးကိုအေသးစိတ္သင္ေပးတယ္။ အဲ့ဒါေတြက Body Language ထဲမွာထည့္ထားတယ္။ ေနာက္အ၀တ္အစားကို ဘယ္လုိတြဲဖတ္၀တ္ဆင္ရမလဲဆုိတာေတြပါမယ္။ အဲ့ဒါက Styling ပိုင္းေပါ့။ ေနာက္ဟိုတယ္ေတြသြားတဲ့အခါ စားတဲ့ေသာက္တဲ့ေနရာမွာ စမတ္က်ေနေအာင္စားတတ္ေအာင္ ဘယ္ခရင္း၊ ဘယ္ဇြန္းကိုဘယ္လိုကုိင္ရမလဲေပါ့။ တကယ္ဆိုအမ်ားၾကီးရွိတယ္။ ညီမေလးကိုယ္ကသာဘာမွ အေရးမၾကီးဘူးလို႕ထင္ေနတာ တကယ္ႏုိင္ငံျခားသားေတြနဲ႕သြားလာစားေသာက္တဲ့အခါ စမတ္က်ေနေအာင္ေပါ့။ အေသးစိတ္သင္ေပးတယ္။ အဲ့ဒါေတြက Styling မွာပါတယ္။ ၿပီးရင္ အုိက္တင္ေပါ့။ အုိက္တင္ကေတာ့ ႏုိင္ငံျခားကဆရာကတစ္ပတ္လာသင္တယ္။ မမကတစ္ပတ္သင္တယ္။ တစ္ေယာက္တစ္လွည့္စီေပါ့။ ၿပီးရင္ မိတ္ကပ္ေပါ့။ အဲ့ဒါကိုအဓိကထားထားတယ္။ မိတ္ကပ္ကိုအိႏၵိယကလာတဲ့ဆရာမကိုေခၚထားတယ္။ အေသးစိတ္သင္ေပးတယ္။ မမကအဲ့ဒါကိုႏွစ္ပတ္Course ေပါ့။ ႏွစ္ပတ္ Course က Certificate မရဘူး။ တစ္လ Course ကရတယ္။ နယ္ကလူေတြျဖစ္တဲ့အတြက္ ႏွစ္ရက္ Course လုပ္ေပးပါလို႕ေတာင္းဆုိလို႕ ႏွစ္ရက္ Course ပါထပ္ထည့္ထားတယ္။

-ေစ်းႏႈန္းကေရာ ဘယ္လိုသတ္မွတ္ထားလဲ။

အားလံုးကိုအဆင္ေျပေအာင္လုပ္ထားေပးပါတယ္။ မမေစ်းႏႈန္းေတြက တစ္သိန္းကေနႏွစ္သိန္းၾကားထဲမွာပဲရွိပါတယ္။

-အႏုပညာနဲ႕အခုလုပ္ေနတဲ့စီးပြားေရးဆို ဘယ္ဖက္ကုိ ဦးစားေပးလုပ္ျဖစ္မလဲ။

မိန္းကေလးတစ္ေယာက္အတြက္ အႏုပညာဆိုတာ အခ်ိန္အကန္႕အသတ္ရွိတယ္။ အစ္မကေတာ့ အေမခန္းတို႕အေဒၚခန္းတို႕ရုိက္ဖို႕က အစီအစဥ္မရွိဘူး။ အဲ့ဒါေၾကာင့္ကိုယ့္အခ်ိန္အကန္႕အသတ္တစ္ခုေလာက္ထိပဲ ဒီအႏုပညာကိုလုပ္မယ္ဆိုေတာ့ ေနာက္ပိုင္းက်ရင္ေတာ့ စီးပြားေရးကပဲ လူတစ္ေယာက္အတြက္အဓိကျဖစ္တယ္။ အခုခ်ိန္မွာေတာ့ ျပိဳင္လုပ္မယ္။ ဒါေပမဲ့တစ္ျဖည္းျဖည္းနဲ႕ေတာ့စီးပြားေရးကိုဦးစားေပးလုပ္သြားမယ္။ ပရိသတ္ေတြမေျပာခင္မွာကိုယ့္ဟာကုိယ္အသာေလးလစ္သြားတာပဲေကာင္းပါတယ္။

-အခုဆို ျမန္မာႏုိင္ငံမွာက ေဖ့စ္ဘြတ္လူမႈကြန္ယက္ဆိုတာ အရမ္းကိုေခတ္စားတယ္။ ေကာင္းတာေတြေရာ ၊ ဆိုးတာေတြေရာက တစ္ေန႕မဟုတ္တစ္ေန႕တက္ေနတာဆုိေတာ့ ျမန္မာႏုိင္ငံကလူေတြသံုးၾကတဲ့ လူမႈကြန္ယက္တစ္ခုအေပၚ အစ္မအျမင္ေလးကိုလဲသိခ်င္ပါတယ္။

အျမင္ကေတာ့ ေဖ့စ္ဘြတ္ဆိုတာ အရမ္းေကာင္းတဲ့အရပါ။ ဘယ္ႏုိင္ငံမွာဘာျဖစ္ေနလဲ။ ပစၥည္း၀ယ္တာကအစ ရည္းစားထားတာအဆံုး ေကာင္းတဲ့အရာတစ္ခုပါ။ ဒါေပမဲ့ ဒါကလဲ လူေတြအေပၚမွာပဲမူတည္ပါတယ္။ ေကာင္းတဲ့အရာတစ္ခုကိုဆုိးတဲ့အရာျဖစ္ေအာင္ေျပာင္းလဲမယ္ဆိုရင္ ကုိယ့္လက္ေပၚမွာပဲရွိတယ္။ အခုအစ္မျမင္ေနတာ လူေတြကေဖ့စ္ဘြတ္ေပၚမွာ အေပ်ာ္သက္သက္၊ ေပ်ာ္စရာ၊ ပါးစရာ၊ တစ္ေယာက္ကုိတစ္ေယာက္ခင္မင္ဖုိ႕၊ သူငယ္ခ်င္းမ်ားဖုိ႕မသံုးၾကပဲ တစ္ခ်ိဳ႕က်ေတာ့ ဒိုင္ခံၿပီး သူမ်ားသားသမီးေတြကိုပုပ္ခတ္ဖို႕အတြက္ သံုးၾကတယ္။ အခုဆိုနီနီခင္ေဇာ္ကိစၥနဲ႕ပတ္သက္ၿပီး အရမ္း၀မ္းနည္းတာပဲ။ ဒါသူမ်ားသားသမီး သူဟာမိန္းကေလးတစ္ေယာက္ သူ႕ဘ၀မွာဘယ္လိုပဲေက်ာ္ျဖတ္လာေက်ာ္ျဖတ္လာ ဘယ္သူနဲ႕မွမဆိုင္တဲ့ ကိစၥတစ္ခုပါ။ သူ႕အႏုပညာအလုပ္ကို သူေကာင္းေကာင္းလုပ္တယ္။ သူ႕အႏုပညာမွာ သူအေကာင္းဆံုးျဖစ္ေနတယ္။ သူဟာလူေကာင္းတစ္ေယာက္၊ လူယုတ္မာမဟုတ္ရင္ေတာ္ၿပီေပါ့။ သူဘယ္လိုဒုကၡေတြၾကံဳခဲ့ရတယ္ဆိုတာ ကုိယ္က သြားျမင္ရတာမဟုတ္ဘူး။ ဘယ္လိုအေၾကာင္းအရာေတြေၾကာင့္ ဒီလိုကိစၥေတြကိုျဖတ္သန္းခဲ့ရလဲဆိုတာ ကုိယ္မသိဘူး။ ေပ်ာ္ပါးၿပီးေတာ့ ဘယ္သူမွဒီကိစၥၾကီးကို မလုပ္ပါဘူး။ အေပ်ာ္သက္သက္ေတာ့ အသက္ၾကီးတဲ့သူကို ယူၿပီး အသက္ငယ္ငယ္ေလးမွာ ကိုယ့္ဘ၀ပ်က္ေအာင္မလုပ္ဘူး။ ဒါသူ႕မွာ တစ္ခုခုရွိခဲ့မွာပဲ။ အဲ့ဒါကိုအဲ့ဒီေလာက္ၾကီး ထိလွန္ေလွာၿပီးေတာ့ ဘာျဖစ္လို႕မေျပာရတာလဲ။ ဘာညာဆိုေတာ့ ကၽြန္မနည္းနည္းသိခ်င္တာက ဘာျဖစ္လို႕ေျပာရမွာလဲ။ ဘယ္သူ႕ကိုေျပာစရာ အေၾကာင္းရွိလဲ။ ကုိယ့္ထမင္း ကိုယ္စားေနတာေလ။ ကိုယ့္ဘ၀ရဲ႕အရာ အားလံုးကိုလာပါ။ ငါေျပာျပမယ္ဆိုၿပီးေျပာတဲ့သူရွိလား။ ဘာျဖစ္လို႕မေျပာျပတာလဲလို႕ေမးေနတဲ့သူေတြကေရာ သူတို႕ဘ၀ရဲ႕ျဖစ္သမွ်အရာ အားလံုးကုိ ထၿပီးလူေတြကိုေျပာလား။ အဲ့ဒါကိုသိခ်င္တယ္ေနာ္။ အဲ့ဒါကိုဖတ္မိေတာ့ အရမ္းစိတ္ဆိုးတယ္။ အရမ္းလဲေဒါသထြက္တယ္။ နီနီခင္ေဇာ္အတြက္ စိတ္မေကာင္းဘူး။ သနားမိတယ္။ သူမ်ားသားသမီးကို အဲ့ဒီလိုၾကီးလုိက္ေျပာေနရလားဆိုၿပီး ေဒါသထြက္မိတယ္။ မင္းသားမင္းသမီးအေၾကာင္းကို သိခ်င္ၾကတယ္ဆိုတာကို လက္ခံပါတယ္။ ဒါေပမဲ့ၿပီးခဲ့တဲ့အရာတစ္ခုကိုလွန္ၿပီးအရွက္ခြဲတာမ်ိဳးကေတာ့ မေကာင္းဘူးလို႕ထင္ပါတယ္။ မိန္းမခ်င္းကုိယ္ခ်င္းစာရမွာေပါ့။ ေနာက္တစ္ခုကဘာသာေရး အလကားေနရင္း မျဖစ္ျဖစ္ေအာင္လုိက္ၿပီး ကုလားဖန္ထိုးေနတာမ်ိဳးကိုလဲေဒါသကထြက္တယ္။ ကြန္႕မန္႕တစ္ခုေပါက္ကရ တက္ေပးလိုက္ရင္ ေအာက္ကလူေတြကဆဲမယ္။ ဘာေတြမွန္းကိုမသိဘူး။ အရမ္းကိုေပ်ာ္စရာေကာင္းတဲ့ဟာကေပ်ာ္စရာမေကာင္းေတာ့ပဲၾကည့္လုိက္ရင္ စိတ္အေႏွာက္အယွက္ျဖစ္စရာေတြပဲျမင္ေနရေတာ့ ကိုယ့္ဟာကိုယ္ေတာင္ ေနာက္ပိုင္းမွာမသံုးခ်င္ေတာ့ဘူး။ သူမ်ားႏုိင္ငံေတြမွာကအဲ့ဒီလိုမရွိဘူးကြာ။ ကုိယ့္ႏုိင္ငံမွာကအဲ့ဒီလိုရွိေတာ့၀မ္းနည္းတယ္။ ဟိုမွာဆိုရင္ မင္းသားမင္းသမီးကိုအမ်ားဆံုး အဲ့ဒီလိုမ၀တ္သင့္ဘူး။ မစားသင့္ဘူး။ အဲ့ဒီေလာက္ပဲ။ မႈိခ်ိဳးမွ်စ္ခ်ိဳးပက္ပက္စက္စက္ေတြက ဒီမွာအရမ္းမ်ားတယ္ဆိုေတာ့ မေကာင္းဘူးေပါ့ေနာ္။ ကိုယ့္ထမင္းကုိယ္စားၿပီးငရဲထုိင္၀ယ္ေနၾကတယ္။ အဲ့ဒါကမျဖစ္သင့္ဘူးလို႕ထင္ပါတယ္။

-အစ္မအိမ္ေထာင္ေရးအေၾကာင္းေလးကိုလဲသိခ်င္ပါတယ္။

အစ္မတူရကီမွာပဲအိမ္ေထာင္ျပဳခဲ့တယ္။ မဂၤလာပြဲကိုလဲ ဟိုမွာပဲ အၾကီးအက်ယ္လုပ္ခဲ့တယ္။ ဒီကလူေတြေတာ့ သိပ္မသိလိုက္ၾကဘူး။ ဒီျမန္မာႏုိင္ငံမွာလဲ သိပ္မလုပ္ျဖစ္ဘူးဆိုေတာ့ေလ။ ဒီမွာက မလုပ္ခ်င္လို႕မလုပ္တာပါ။ အားလံုးရဲ႕အၾကည့္ေအာက္မွာ မြန္းၾကပ္ၿပီး မေနခ်င္ဘူး။ အဲ့ဒါေၾကာင့္ဟိုႏုိင္ငံမွာပဲ လုပ္ခဲ့တယ္။ အိမ္ေထာင္သက္ကေတာ့ တစ္ႏွစ္ခြဲရွိပါၿပီ။ ဓာတ္ပံုေတြကိုေတာ့ လံုး၀မတင္ေသးတာပါ။ အမ်ိဳးသားက တူရကီႏုိင္ငံသားပါ။ သူက Civil Engineer PHD ဘြဲ႕ရထားတဲ့သူတစ္ေယာက္ပါ။ သူ႕နာမည္ကေတာ့ Mostafa ပါ။

-တစ္ႏွစ္ခြဲရွိၿပီဆိုေတာ့ ကေလးယူဖို႕ေရာအစီအစဥ္ရွိၿပီလား။

မ်ိဳးဆက္ကေတာ့ မသစ္ႏုိင္ေသးပါဘူး ညီမရယ္။ အခုကအခ်ိန္က အရမ္းကိုကေမာက္ကမျဖစ္ေနတာ သူကမေလးရွားမွာ PHD တက္ေနတယ္။ ေနာက္ဟိုမွာလဲ စားေသာက္ဆုိင္တစ္ခုဖြင့္ထားတယ္ဆိုေတာ့ သူကဟိုမွာထိန္း၊ ကၽြန္မကဒီမွာထိန္းဆိုေတာ့ ဒီၾကားထဲကေန မ်ိဳးဆက္ကေတာ့မသစ္ႏုိင္ေသးပါဘူး။

-ပရိသတ္ၾကီးကိုေရာ ရာဇ၀င္ရိုင္းသူမ်ားဇာတ္ကားၾကီးနဲ႕ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ေသးလဲ။

အရမ္းဆိုးသြမ္းခဲ့တဲ့ အိန္ဂ်ယ္လာကိုေတာင္ ဒီေလာက္ခ်စ္တဲ့ပရိသတ္ၾကီးကို ေျပာခ်င္တာတစ္ခုက အရမ္းအရမ္းကို မိန္းမေကာင္းပီသတဲ့ ၊ အိမ္ရွင္မေကာင္းပီသတဲ့ စင္သီယာကိုလဲအရမ္းခ်စ္ပါလို႕ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
မြန်မာနိုင်ငံမှာ ပြန်လည်ကာ အခြေချနေထိုင်နေပြီဖြစ်တဲ့ သူမကတော့ တိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားကြီးနဲ့ပရိသတ်အများ သတိထားမိခဲ့တဲ့ လိုင်လာခမ်းပဲဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် မြန်မာပြည်မှာပဲနေထိုင်နေပြီဖြစ်ပြီး ဒုတိယကားကြီးအနေနဲ့ရာဇဝင်ရိုင်းသူများ ဇာတ်ကားကိုလဲ ရိုက်ကူးထားပါသေးတယ်။ ဒါ့အပြင်စီးပွားရေးအနေနဲ့လဲ Rhythm & Style Int’ Academy သင်တန်းကျောင်းကိုလဲ ဖွင့်လှစ်ထားသလို တစ်ဖက်ကလဲ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောလာပါတယ်။ အဆိုပါ သင်တန်းကျောင်းနဲ့ပတ်သက်ပြီး ပြည့်စုံစွာပြောပြလာသလို လက်ရှိသူမကြိုးစားဖြစ်နေတဲ့ သူမရဲ့အနုပညာအကြောင်းလေးကိုလဲ ပွင့်လင်းစွာပြောပြလာတဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ကျွန်မရဲ့ဒုတိယကားလေးဖြစ်တဲ့ ရာဇဝင်ရိုင်းသူများကို မျှော်နေတယ်။ အခုသူ့အတွက် ပရိုမိုးရှင်းတွေလုပ်တော့မယ်လို့ပြောပါတယ်။ နောက်တစ်ခုက ဦးမျိုးနဲ့ပဲ နောက်ထပ် ဇာတ်လမ်းတစ်ခုကိုတိုင်ပင်နေပါပြီ။ ဒီနှစ်ကုန်လောက်ကို အကောင်အထည်ဖော်ဖြစ်ပါမယ်။

-ရာဇဝင်ရိုင်းသူများထဲမှာရော ဘယ်လိုပုံစံလေးဖြစ်မလဲ။

တိုက်ဆိုင်မှုရှိလျှင်နဲ့ လုံး၀ Total Opposite ဖြစ်သွားပြီ။ တိုက်ဆိုင်မှုရှိလျှင်မှာတုန်းက သူများအိမ်ထောင်ကို ဖျက်ဆီးတဲ့မိန်းကလေး၊ ရာဇဝင်ရိုင်းသူများမှာကျတော့ ကိုယ့်အိမ်ထောင်ကိုမပြုကွဲအောင် လိုက်ပြီးထိန်းသိမ်းနေရတဲ့ မိန်းမဖြစ်သွားတယ်ပေါ့။ အဲ့ဒီကာရိုက်တာလေးကိုသရုပ်ဆောင်ထားပါတယ်။

-ရိုက်တဲ့ နှစ်ကားစလုံးက ကိုပြေတီဦးနဲ့ပဲနော်။

ဟုတ်ပါတယ်။ နောက်တစ်ကားကတော့ ကိုပြေတီဦးနဲ့မရိုက်ချင်တော့ဘူး။ ဒါပေမဲ့အဲ့ဒါကလဲ ဦးမျိုးအပေါ်မူတည်တာပေါ့နော်။ ဦးမျိုးကိုမေးတော့မေးထားတယ်။ ဒီတစ်ခေါက်ဘယ်သူနဲ့လဲပေါ့။

-ကားကြီးတွေပဲလား။ ဗီဒီယိုအနေနဲ့ကျတော့ရော ဘယ်လိုရှိလဲ။

ဗီဒီယိုကိုလဲအရမ်းရိုက်ချင်ပါတယ်။ အရမ်းလဲစိတ်ဝင်စားတယ်။ ဒါပေမဲ့ပေါ့ပျက်ပျက် ဗီဒီယိုတွေဖြစ်သွားမှာလဲကြောက်တယ်။ အဲ့ဒါကြောင့် ဦးမျိုးတို့လို၊ ကိုဝိုင်းတို့လိုအရမ်းဝါရင့်ပြီးတော်တဲ့ ဒါရိုက်တာတွေက စည်းကမ်းတကျ၊ စနစ်တကျနဲ့ဆယ်ရက်လောက်အချိန်ပေးပြီးရိုက်မယ်ဆိုတဲ့ ဗီဒီယိုမျိုးဆိုရင်တော့ ကျွန်မရိုက်ချင်တယ်။ ဟိုလိုနှစ်ရက်၊ သုံးရက်နဲ့အပြီးရိုက်တဲ့ ဗီဒီယိုမျိုးဆိုရင်တော့ ကိုယ်ကလက်မခံချင်ဘူး။ အဲ့ဒီဟာလေးကြောင့် မရိုက်ဖြစ်သေးတာပါ။ တချို့ဗီဒီယိုတွေကျတော့လဲ ရိုက်ထားတာ တော်တော်လေးစနစ်ကျတယ်။ အဆင့်မြင့်လာတာတွေ့ရတယ်လေ။ အဲ့ဒီလိုမျိုးဆိုရင်တော့ ကျွန်မရိုက်ဖြစ်မှာပါ။

-Rhythm & Style In’t Academy သင်တန်းကျောင်းလေး စဖွင့်ဖြစ်ခဲ့ပုံလေးကိုလဲပြောပြပေးပါဦး။

စလုပ်ဖြစ်တာကတဲ့ စိတ်ကူးလေးကတော့ ရိုးရှင်းပါတယ်။ ညီမလေးရယ် မမ ဆယ်ကျော်သက်အရွယ် ကိုယ်မြန်မာပြည်မှာရှိခဲ့တဲ့ အချိန်တုန်းက ကျောင်းတွေဘာတွေ ပိတ်တယ်ဆိုရင် အကသင်တန်းတွေအရမ်းတက်ချင်တယ်။ ကိုယ့်မှာပိုက်ဆံတတ်နိုင်တာတောင်မှ ဘယ်နေရာမှာ သွားတက်ရမှန်းမသိဘူး။ အဲ့ဒီအချိန်တုန်းက အနုပညာနဲ့ပတ်သက်တာ ၊ Styling နဲ့ပတ်သက်တာဆိုရင် အရမ်းနည်းနေသေးတယ်လေ။ အဲ့ဒီအခါကျတော့ အခုလက်ရှိအချိန်မှာ ဘယ်နိုင်ငံမဆို ညီမလေးသွားလို့ရှိရင် ရန်ကုန်ကနေ ဘန်ကောက်လောက်သွားရင်တောင်မှ မိန်းကလေးအားလုံးက အရမ်းစတိုင်ကျ၊ စမတ်ကျပြီး လှပနေတယ်။ ကိုယ့်နိုင်ငံလာလိုက်ရင် ကိုယ့်နိုင်ငံကမိန်းကလေးတွေက ပိုက်ဆံတတ်နိုင်ရင်တောင်မှ ခုချိန်ထိအဝတ်အစားဝတ်တာတို့ဘာတို့မှာလိုသေးတယ်။ အဲ့ဒါတွေအများကြီးစဉ်းစားမိတယ်။ ပြီးတော့ ဘောလိဝုဒ်နဲ့လဲကိုယ်ကဒီအချိန်မှာ အဆက်အသွယ်ရှိတယ်ဆိုတော့ အဲ့ဒီက အတတ်ပညာရှင်တွေနဲ့လဲအဆက်အသွယ်ရှိနေတော့ အားလုံးကိုခြုံပြီးကျောင်းလေးတစ်ကျောင်းဖွင့်မယ်ဆိုပြီးဖွင့်ခဲ့တယ်။ အဲ့ဒီတော့ လူငယ်တွေ အကတတ်ချင်ရင်အက၊ Style တတ်ချင်ရင် Style ၊ မိတ်ကပ်တတ်ချင်ရင်မိတ်ကပ်အားလုံးကိုတစ်နေရာထဲစုပေးထားမယ်ဆိုပြီး ဖွင့်ဖြစ်သွားတယ်။

-ဖွင့်တာကရော ဘယ်လောက်ကြာသွားပြီလဲ။

အခုဖွင့်တာဆို တစ်လလောက်ပဲရှိသေးတယ်။ သြဂုတ် ၁ ရက်နေ့ကမှစဖွင့်တာပါ။

-ဒီကျောင်းမှာရော အဓိကဘာတွေရမလဲ။

အစ်မအာရုံစိုက်ထားတာကတော့ ဘောလိဝုဒ် Dance ပေါ့။ ဘောလီးဝုဒ် Dance မှာမှ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ဘောလီးဝုဒ်အကကြီးပဲသီးသန့်နဲ့နောက်တစ်ခုက ဝိတ်ချတဲ့အကပေါ့။ ဘောလီးဝုဒ်အကဆိုတာ ကုလားအကကိုပြောတာမဟုတ်ဘူး။ အကပေါင်းစုံကို ခြုံပြီး ဘောလီးဝုဒ်အကလို့ခေါ်တာပါ။ အင်တာနေရှင်နယ်အကပေါ့။ ကကွက်တွေကိုလဲအသေးစိတ်တင်ပေးတယ်။ ဒုတိယတစ်ခုက Styling ပေါ့။ Styling မှာတော့ အစ်မကိုယ်တိုင်သင်ပေးတယ်။ အဲ့ဒီထဲမှာ အစ်မက အဝတ်အစားဝတ်ရုံတင်မဟုတ်ပဲ Self Language ထပ်ထည့်တယ်။ ဘယ်နေရာသွားရင်ဘယ်လိုနေရမယ်။ ဘယ်လိုထိုင်ရမယ်။ အင်တာဗျူးဖြေရင်ဘယ်လိုဖြေရမယ်။ အရှေ့လူကိုယ့်ကိုမြင်တာနဲ့ သဘောကျအောင်မြင်တာနဲ့ကျေနပ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာတို့၊ နောက် တချို့စင်ပေါ်တက်ရင်ကြောက်တတ်တဲ့သူတွေအတွက် အဲ့ဒါတွေအကုန်လုံးကိုအသေးစိတ်သင်ပေးတယ်။ အဲ့ဒါတွေက Body Language ထဲမှာထည့်ထားတယ်။ နောက်အဝတ်အစားကို ဘယ်လိုတွဲဖတ်ဝတ်ဆင်ရမလဲဆိုတာတွေပါမယ်။ အဲ့ဒါက Styling ပိုင်းပေါ့။ နောက်ဟိုတယ်တွေသွားတဲ့အခါ စားတဲ့သောက်တဲ့နေရာမှာ စမတ်ကျနေအောင်စားတတ်အောင် ဘယ်ခရင်း၊ ဘယ်ဇွန်းကိုဘယ်လိုကိုင်ရမလဲပေါ့။ တကယ်ဆိုအများကြီးရှိတယ်။ ညီမလေးကိုယ်ကသာဘာမှ အရေးမကြီးဘူးလို့ထင်နေတာ တကယ်နိုင်ငံခြားသားတွေနဲ့သွားလာစားသောက်တဲ့အခါ စမတ်ကျနေအောင်ပေါ့။ အသေးစိတ်သင်ပေးတယ်။ အဲ့ဒါတွေက Styling မှာပါတယ်။ ပြီးရင် အိုက်တင်ပေါ့။ အိုက်တင်ကတော့ နိုင်ငံခြားကဆရာကတစ်ပတ်လာသင်တယ်။ မမကတစ်ပတ်သင်တယ်။ တစ်ယောက်တစ်လှည့်စီပေါ့။ ပြီးရင် မိတ်ကပ်ပေါ့။ အဲ့ဒါကိုအဓိကထားထားတယ်။ မိတ်ကပ်ကိုအိန္ဒိယကလာတဲ့ဆရာမကိုခေါ်ထားတယ်။ အသေးစိတ်သင်ပေးတယ်။ မမကအဲ့ဒါကိုနှစ်ပတ်Course ပေါ့။ နှစ်ပတ် Course က Certificate မရဘူး။ တစ်လ Course ကရတယ်။ နယ်ကလူတွေဖြစ်တဲ့အတွက် နှစ်ရက် Course လုပ်ပေးပါလို့တောင်းဆိုလို့ နှစ်ရက် Course ပါထပ်ထည့်ထားတယ်။

-ဈေးနှုန်းကရော ဘယ်လိုသတ်မှတ်ထားလဲ။

အားလုံးကိုအဆင်ပြေအောင်လုပ်ထားပေးပါတယ်။ မမဈေးနှုန်းတွေက တစ်သိန်းကနေနှစ်သိန်းကြားထဲမှာပဲရှိပါတယ်။

-အနုပညာနဲ့အခုလုပ်နေတဲ့စီးပွားရေးဆို ဘယ်ဖက်ကို ဦးစားပေးလုပ်ဖြစ်မလဲ။

မိန်းကလေးတစ်ယောက်အတွက် အနုပညာဆိုတာ အချိန်အကန့်အသတ်ရှိတယ်။ အစ်မကတော့ အမေခန်းတို့အဒေါ်ခန်းတို့ရိုက်ဖို့က အစီအစဉ်မရှိဘူး။ အဲ့ဒါကြောင့်ကိုယ့်အချိန်အကန့်အသတ်တစ်ခုလောက်ထိပဲ ဒီအနုပညာကိုလုပ်မယ်ဆိုတော့ နောက်ပိုင်းကျရင်တော့ စီးပွားရေးကပဲ လူတစ်ယောက်အတွက်အဓိကဖြစ်တယ်။ အခုချိန်မှာတော့ ပြိုင်လုပ်မယ်။ ဒါပေမဲ့တစ်ဖြည်းဖြည်းနဲ့တော့စီးပွားရေးကိုဦးစားပေးလုပ်သွားမယ်။ ပရိသတ်တွေမပြောခင်မှာကိုယ့်ဟာကိုယ်အသာလေးလစ်သွားတာပဲကောင်းပါတယ်။

-အခုဆို မြန်မာနိုင်ငံမှာက ဖေ့စ်ဘွတ်လူမှုကွန်ယက်ဆိုတာ အရမ်းကိုခေတ်စားတယ်။ ကောင်းတာတွေရော ၊ ဆိုးတာတွေရောက တစ်နေ့မဟုတ်တစ်နေ့တက်နေတာဆိုတော့ မြန်မာနိုင်ငံကလူတွေသုံးကြတဲ့ လူမှုကွန်ယက်တစ်ခုအပေါ် အစ်မအမြင်လေးကိုလဲသိချင်ပါတယ်။

အမြင်ကတော့ ဖေ့စ်ဘွတ်ဆိုတာ အရမ်းကောင်းတဲ့အရပါ။ ဘယ်နိုင်ငံမှာဘာဖြစ်နေလဲ။ ပစ္စည်းဝယ်တာကအစ ရည်းစားထားတာအဆုံး ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဒါကလဲ လူတွေအပေါ်မှာပဲမူတည်ပါတယ်။ ကောင်းတဲ့အရာတစ်ခုကိုဆိုးတဲ့အရာဖြစ်အောင်ပြောင်းလဲမယ်ဆိုရင် ကိုယ့်လက်ပေါ်မှာပဲရှိတယ်။ အခုအစ်မမြင်နေတာ လူတွေကဖေ့စ်ဘွတ်ပေါ်မှာ အပျော်သက်သက်၊ ပျော်စရာ၊ ပါးစရာ၊ တစ်ယောက်ကိုတစ်ယောက်ခင်မင်ဖို့၊ သူငယ်ချင်းများဖို့မသုံးကြပဲ တစ်ချို့ကျတော့ ဒိုင်ခံပြီး သူများသားသမီးတွေကိုပုပ်ခတ်ဖို့အတွက် သုံးကြတယ်။ အခုဆိုနီနီခင်ဇော်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းဝမ်းနည်းတာပဲ။ ဒါသူများသားသမီး သူဟာမိန်းကလေးတစ်ယောက် သူ့ဘဝမှာဘယ်လိုပဲကျော်ဖြတ်လာကျော်ဖြတ်လာ ဘယ်သူနဲ့မှမဆိုင်တဲ့ ကိစ္စတစ်ခုပါ။ သူ့အနုပညာအလုပ်ကို သူကောင်းကောင်းလုပ်တယ်။ သူ့အနုပညာမှာ သူအကောင်းဆုံးဖြစ်နေတယ်။ သူဟာလူကောင်းတစ်ယောက်၊ လူယုတ်မာမဟုတ်ရင်တော်ပြီပေါ့။ သူဘယ်လိုဒုက္ခတွေကြုံခဲ့ရတယ်ဆိုတာ ကိုယ်က သွားမြင်ရတာမဟုတ်ဘူး။ ဘယ်လိုအကြောင်းအရာတွေကြောင့် ဒီလိုကိစ္စတွေကိုဖြတ်သန်းခဲ့ရလဲဆိုတာ ကိုယ်မသိဘူး။ ပျော်ပါးပြီးတော့ ဘယ်သူမှဒီကိစ္စကြီးကို မလုပ်ပါဘူး။ အပျော်သက်သက်တော့ အသက်ကြီးတဲ့သူကို ယူပြီး အသက်ငယ်ငယ်လေးမှာ ကိုယ့်ဘဝပျက်အောင်မလုပ်ဘူး။ ဒါသူ့မှာ တစ်ခုခုရှိခဲ့မှာပဲ။ အဲ့ဒါကိုအဲ့ဒီလောက်ကြီး ထိလှန်လှောပြီးတော့ ဘာဖြစ်လို့မပြောရတာလဲ။ ဘာညာဆိုတော့ ကျွန်မနည်းနည်းသိချင်တာက ဘာဖြစ်လို့ပြောရမှာလဲ။ ဘယ်သူ့ကိုပြောစရာ အကြောင်းရှိလဲ။ ကိုယ့်ထမင်း ကိုယ်စားနေတာလေ။ ကိုယ့်ဘဝရဲ့အရာ အားလုံးကိုလာပါ။ ငါပြောပြမယ်ဆိုပြီးပြောတဲ့သူရှိလား။ ဘာဖြစ်လို့မပြောပြတာလဲလို့မေးနေတဲ့သူတွေကရော သူတို့ဘဝရဲ့ဖြစ်သမျှအရာ အားလုံးကို ထပြီးလူတွေကိုပြောလား။ အဲ့ဒါကိုသိချင်တယ်နော်။ အဲ့ဒါကိုဖတ်မိတော့ အရမ်းစိတ်ဆိုးတယ်။ အရမ်းလဲဒေါသထွက်တယ်။ နီနီခင်ဇော်အတွက် စိတ်မကောင်းဘူး။ သနားမိတယ်။ သူများသားသမီးကို အဲ့ဒီလိုကြီးလိုက်ပြောနေရလားဆိုပြီး ဒေါသထွက်မိတယ်။ မင်းသားမင်းသမီးအကြောင်းကို သိချင်ကြတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့အရာတစ်ခုကိုလှန်ပြီးအရှက်ခွဲတာမျိုးကတော့ မကောင်းဘူးလို့ထင်ပါတယ်။ မိန်းမချင်းကိုယ်ချင်းစာရမှာပေါ့။ နောက်တစ်ခုကဘာသာရေး အလကားနေရင်း မဖြစ်ဖြစ်အောင်လိုက်ပြီး ကုလားဖန်ထိုးနေတာမျိုးကိုလဲဒေါသကထွက်တယ်။ ကွန့်မန့်တစ်ခုပေါက်ကရ တက်ပေးလိုက်ရင် အောက်ကလူတွေကဆဲမယ်။ ဘာတွေမှန်းကိုမသိဘူး။ အရမ်းကိုပျော်စရာကောင်းတဲ့ဟာကပျော်စရာမကောင်းတော့ပဲကြည့်လိုက်ရင် စိတ်အနှောက်အယှက်ဖြစ်စရာတွေပဲမြင်နေရတော့ ကိုယ့်ဟာကိုယ်တောင် နောက်ပိုင်းမှာမသုံးချင်တော့ဘူး။ သူများနိုင်ငံတွေမှာကအဲ့ဒီလိုမရှိဘူးကွာ။ ကိုယ့်နိုင်ငံမှာကအဲ့ဒီလိုရှိတော့ဝမ်းနည်းတယ်။ ဟိုမှာဆိုရင် မင်းသားမင်းသမီးကိုအများဆုံး အဲ့ဒီလိုမဝတ်သင့်ဘူး။ မစားသင့်ဘူး။ အဲ့ဒီလောက်ပဲ။ မှိုချိုးမျှစ်ချိုးပက်ပက်စက်စက်တွေက ဒီမှာအရမ်းများတယ်ဆိုတော့ မကောင်းဘူးပေါ့နော်။ ကိုယ့်ထမင်းကိုယ်စားပြီးငရဲထိုင်ဝယ်နေကြတယ်။ အဲ့ဒါကမဖြစ်သင့်ဘူးလို့ထင်ပါတယ်။

-အစ်မအိမ်ထောင်ရေးအကြောင်းလေးကိုလဲသိချင်ပါတယ်။

အစ်မတူရကီမှာပဲအိမ်ထောင်ပြုခဲ့တယ်။ မင်္ဂလာပွဲကိုလဲ ဟိုမှာပဲ အကြီးအကျယ်လုပ်ခဲ့တယ်။ ဒီကလူတွေတော့ သိပ်မသိလိုက်ကြဘူး။ ဒီမြန်မာနိုင်ငံမှာလဲ သိပ်မလုပ်ဖြစ်ဘူးဆိုတော့လေ။ ဒီမှာက မလုပ်ချင်လို့မလုပ်တာပါ။ အားလုံးရဲ့အကြည့်အောက်မှာ မွန်းကြပ်ပြီး မနေချင်ဘူး။ အဲ့ဒါကြောင့်ဟိုနိုင်ငံမှာပဲ လုပ်ခဲ့တယ်။ အိမ်ထောင်သက်ကတော့ တစ်နှစ်ခွဲရှိပါပြီ။ ဓာတ်ပုံတွေကိုတော့ လုံးဝမတင်သေးတာပါ။ အမျိုးသားက တူရကီနိုင်ငံသားပါ။ သူက Civil Engineer PHD ဘွဲ့ရထားတဲ့သူတစ်ယောက်ပါ။ သူ့နာမည်ကတော့ Mostafa ပါ။

-တစ်နှစ်ခွဲရှိပြီဆိုတော့ ကလေးယူဖို့ရောအစီအစဉ်ရှိပြီလား။

မျိုးဆက်ကတော့ မသစ်နိုင်သေးပါဘူး ညီမရယ်။ အခုကအချိန်က အရမ်းကိုကမောက်ကမဖြစ်နေတာ သူကမလေးရှားမှာ PHD တက်နေတယ်။ နောက်ဟိုမှာလဲ စားသောက်ဆိုင်တစ်ခုဖွင့်ထားတယ်ဆိုတော့ သူကဟိုမှာထိန်း၊ ကျွန်မကဒီမှာထိန်းဆိုတော့ ဒီကြားထဲကနေ မျိုးဆက်ကတော့မသစ်နိုင်သေးပါဘူး။

-ပရိသတ်ကြီးကိုရော ရာဇဝင်ရိုင်းသူများဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။

အရမ်းဆိုးသွမ်းခဲ့တဲ့ အိန်ဂျယ်လာကိုတောင် ဒီလောက်ချစ်တဲ့ပရိသတ်ကြီးကို ပြောချင်တာတစ်ခုက အရမ်းအရမ်းကို မိန်းမကောင်းပီသတဲ့ ၊ အိမ်ရှင်မကောင်းပီသတဲ့ စင်သီယာကိုလဲအရမ်းချစ်ပါလို့ပြောချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top