Property Expo
×

ၾကက္ဟင္းခါးသီးဆိုတဲ့ အသီးဟာ အျမင္မလွ အရသာ ခါးေပမယ့္ အက်ိဳးမ်ားေစပါတယ္။ ၾကက္ဟင္းခါးပင္ဟာ ေျခာက္ေသြ႔စိုစြတ္တဲ့ ရာသီဥတုကို ႀကိဳက္ၿပီး အာရွႏုိင္ငံေတြမွာေတာ့ လူသိမ်ားလွပါတယ္။ ၾကက္ဟင္းခါးသီးကို အေမရိကအလယ္ပိုင္းနဲ႔ ေတာင္ပိုင္းအာဖရိကေတြမွာ ေပါက္ေရာက္ေလ့ ရွိပါတယ္။

ၾကက္ဟင္းခါးသီးပင္ဟာ ႏြယ္ပင္ အမ်ိဳးအစားျဖစ္ၿပီး စင္ခံၿပီး စိုက္ပ်ိဳးေလ့ ရွိပါတယ္။ ၾကက္ဟင္းခါးသီးကို အမွည့္ခင္ ဆြတ္ၿပီး စားရပါတယ္။ ၾကက္ဟင္းခါးသီးကို မခ်က္ျပဳတ္ခင္ ဆားရည္နဲ႔ စမ္းၿပီး ညွစ္ထုတ္ရင္ အခါးသက္သာေစပါတယ္။ ဆန္ေဆးရည္နဲ႔လည္း စိမ္ၿပီး ေဆးလို႔ရပါတယ္။ ပုဇြန္ေျခာက္မႈန္႔နဲ႔ ေၾကာ္စားရင္ အင္မတန္ ေကာင္းတဲ့ ဟင္းလ်ာတစ္ခြက္ ရပါတယ္။

ၾကက္ဟင္းခါးသီးမွာ ဗီတာမင္ေအ၊ ဘီ၀မ္း၊ ဘီတူး၊ ဘီသရီး၊ ဗီတာမင္စီ၊ သံဓာတ္၊ ကယ္လ္ဆီယမ္၊ ေဖာ့ဖရက္၊ ေကာ့ပါး၊ ပိုတက္စီယမ္၊ မက္ဂနိ တို႔ ပါင္ပါတယ္။ အမွ်င္ဓာတ္ ၾကြယ္၀ၿပီး အင္ဆူလင္ ဓာတ္ေပါင္းတစ္မ်ိဳးျဖစ္တဲ့ Polypeptide P ဓာတ္လည္း ပါ၀င္ပါတယ္။ ကယ္လ္ဆီယမ္ ပါ၀င္မႈဟာ ဟင္းႏုႏြယ္ထက္ ၂ဆ ပိုမ်ားပါတယ္။

ၾကက္ဟင္းခါးသီးဟာ ေရာဂါႀကီးသံုးခုကို အဓိက ကာကြယ္ေပးပါတယ္။ ဆီးခ်ိဳ၊ ေသြးခ်ိဳေရာဂါ၊ HIV ေရာဂါနဲ႔ ခုခံအားနဲ႔ ပတ္သက္တဲ့ေရာဂါမ်ား ကုသရာမွာ အသံုး၀င္ပါတယ္။ ၾကက္ဟင္းခါးသီးရဲ႕ အရည္ဟာ ေသြးဆိပ္သင့္ျခင္းေၾကာင့္ ျဖစ္တဲ့ ယားယံတာေတြကို သက္သာေစပါတယ္။ အသည္းကို သန္႔ေစတဲ့ အတြက္ အယ္ကိုေဟာဓာတ္မ်ားတဲ့ လူေတြ စားသင့္ပါတယ္။ ကိုယ္ခံအားကို ေကာင္းမြန္ေစႏုိင္ၿပီး ခႏၶာကိုယ္ရဲ႕ ေရာဂါ တြန္းလွန္ႏိုင္စြမ္းကို ေကာင္းမြန္ေစပါတယ္။ အေရျပားနာေတြကို သက္သာေစၿပီး အူမႀကီးနဲ႔ အစာအိမ္ လွဳပ္ရွားမႈကို ကူညီေပးပါတယ္။

သတိထားရမွာက ၾကက္ဟင္းခါးသီးဟာ ေသြးတက္ေစတတ္တာေၾကာင့္ ေသြးတိုးသမားေတြ သတိထား စားသံုးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

ကြက်ဟင်းခါးသီးဆိုတဲ့ အသီးဟာ အမြင်မလှ အရသာ ခါးပေမယ့် အကျိုးများစေပါတယ်။ ကြက်ဟင်းခါးပင်ဟာ ခြောက်သွေ့စိုစွတ်တဲ့ ရာသီဥတုကို ကြိုက်ပြီး အာရှနိုင်ငံတွေမှာတော့ လူသိများလှပါတယ်။ ကြက်ဟင်းခါးသီးကို အမေရိကအလယ်ပိုင်းနဲ့ တောင်ပိုင်းအာဖရိကတွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။

ကြက်ဟင်းခါးသီးပင်ဟာ နွယ်ပင် အမျိုးအစားဖြစ်ပြီး စင်ခံပြီး စိုက်ပျိုးလေ့ ရှိပါတယ်။ ကြက်ဟင်းခါးသီးကို အမှည့်ခင် ဆွတ်ပြီး စားရပါတယ်။ ကြက်ဟင်းခါးသီးကို မချက်ပြုတ်ခင် ဆားရည်နဲ့ စမ်းပြီး ညှစ်ထုတ်ရင် အခါးသက်သာစေပါတယ်။ ဆန်ဆေးရည်နဲ့လည်း စိမ်ပြီး ဆေးလို့ရပါတယ်။ ပုဇွန်ခြောက်မှုန့်နဲ့ ကြော်စားရင် အင်မတန် ကောင်းတဲ့ ဟင်းလျာတစ်ခွက် ရပါတယ်။

ကြက်ဟင်းခါးသီးမှာ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့ဖရက်၊ ကော့ပါး၊ ပိုတက်စီယမ်၊ မက်ဂနိ တို့ ပါင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝပြီး အင်ဆူလင် ဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ Polypeptide P ဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လ်ဆီယမ် ပါဝင်မှုဟာ ဟင်းနုနွယ်ထက် ၂ဆ ပိုများပါတယ်။

ကြက်ဟင်းခါးသီးဟာ ရောဂါကြီးသုံးခုကို အဓိက ကာကွယ်ပေးပါတယ်။ ဆီးချို၊ သွေးချိုရောဂါ၊ HIV ရောဂါနဲ့ ခုခံအားနဲ့ ပတ်သက်တဲ့ရောဂါများ ကုသရာမှာ အသုံးဝင်ပါတယ်။ ကြက်ဟင်းခါးသီးရဲ့ အရည်ဟာ သွေးဆိပ်သင့်ခြင်းကြောင့် ဖြစ်တဲ့ ယားယံတာတွေကို သက်သာစေပါတယ်။ အသည်းကို သန့်စေတဲ့ အတွက် အယ်ကိုဟောဓာတ်များတဲ့ လူတွေ စားသင့်ပါတယ်။ ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ အရေပြားနာတွေကို သက်သာစေပြီး အူမကြီးနဲ့ အစာအိမ် လှုပ်ရှားမှုကို ကူညီပေးပါတယ်။

သတိထားရမှာက ကြက်ဟင်းခါးသီးဟာ သွေးတက်စေတတ်တာကြောင့် သွေးတိုးသမားတွေ သတိထား စားသုံးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top