Property Expo
×

              ေတာဆင္႐ိုင္းသတ္ျဖတ္သူတစ္ဦးကို ဖမ္းမိလာစဥ္(ဓာတ္ပံု−ဂြၿမိဳ႕နယ္ရဲတပ္ဖြဲ႔)

ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ တြင္ ေတာဆင္႐ိုင္းမ်ား တရားမဝင္သတ္ျဖတ္ခဲ့သည့္အဖြဲ႕ကို ေတာ႐ိုင္းတိရစၧာန္ဥပေဒျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သတင္းရရွိသည္။

ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ ဂြ-ငါးသိုင္းေခ်ာင္းကားလမ္း (၁၁ မိုင္)အနီးတြင္ ေတာဆင္႐ိုင္းတစ္ ေကာင္ ေသဆံုးေနသည့္အတြက္ ရခိုင္႐ိုးမ ဆင္ေဘးမဲ့ေတာအုပ္ ခ်ဳပ္ေရးမွဴးက အမႈဖြင့္တုိင္ၾကား၍ စံုစမ္းစစ္ေဆးရာ ဆင္သတ္သူမ်ားျဖစ္သည့္ ဂြၿမိဳ႕နယ္ ေပါက္ တူးေက်းရြာအုပ္စု ဥမင္ဝေက်းရြာ မွ ျမင့္ႏုိင္ (ခ) ငႏုိင္ႏွင့္ ဓနိေက်း ရြာအုပ္စု ကုလားေခ်ာင္းေက်းရြာ မွ လွႀကိဳင္တို႔ကို ဖမ္းဆီးရမိခဲ့ၿပီး က်န္က်ဴးလြန္သူတစ္ဦးျဖစ္သည့္ သန္းျမင့္ဆုိသူမွာ ထြက္ေျပးတိမ္း ေရွာင္ေနေၾကာင္း ဂြၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။

  အဆုိပါဆင္သတ္အဖြဲ႕သည္ ဂြၿမိဳ႕နယ္ ေပါက္တူးေက်းရြာအုပ္စု သကၠတံ-လိပ္ပုတ္ေခ်ာင္းအတြင္း ေတာဆင္႐ိုင္းတစ္ေကာင္ကို သတ္ျဖတ္ထားၿပီး သတ္ျဖတ္ခံထားရေသာ ေတာဆင္႐ိုင္းအ႐ိုးစုကို ေတြ႕ရွိခဲ့သျဖင့္ယင္းအဖြဲ႕ကို ေတာ႐ိုင္းတိရစၧာန္ႏွင့္ သဘာဝအပင္မ်ား ကာကြယ္ေရးႏွင့္ သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၇ (က)၊ လက္နက္ပုဒ္မ ၁၉(စ) တုိ႔ျဖင့္ အမႈဖြင့္ထားသည္။


 ဂြၿမိဳ႕နယ္သည္ ေတာဆင္ ႐ိုင္းမ်ား ေနထိုင္က်က္စားမႈမ်ား သည့္ ေဒသတြင္ ပါဝင္ေသာ္ လည္း ဆင္စြယ္ႏွင့္ အစိတ္အပိုင္း မ်ား ရယူလိုမႈေၾကာင့္ ဆင္မ်ား မၾကာခဏ သတ္ျဖတ္ခံေနရ ေၾကာင္း သားရဲတိရစၧာန္ထိန္း သိမ္းေရး လုပ္ေဆာင္ေနသူမ်ား က ေျပာသည္။

ထိုသုိ႔သတ္ျဖတ္ခံေနရျခင္း ေၾကာင့္ ေတာဆင္႐ိုင္းေကာင္ေရ ေလ်ာ့နည္းလာသည့္အတြက္ ေတာဆင္႐ိုင္းထိန္းသိမ္းေရးစီမံ ခ်က္ ေရးဆြဲလ်က္ရွိေၾကာင္း သားငွက္တိရစၧာန္ထိန္းသိမ္းေရးဌာန မွ သတင္းရရွိသည္။

ျမန္မာႏုိင္ငံတြင္ ေတာဆင္ ႐ိုင္းမ်ား ပ်ံ႕ႏွံ႔က်က္စားမႈအေနျဖင့္ ကခ်င္ျပည္နယ္အေရွ႕ပိုင္းႏွင့္ ေျမာက္ပိုင္း၊ ရွမ္း႐ိုးမေျမာက္ပိုင္း ႏွင့္ ေတာင္ပိုင္း၊ ခ်င္းတြင္းျမစ္အထက္ပိုင္းႏွင့္ ေတာင္ပိုင္း၊ စစ္ကိုင္းတုိင္း၊ ရခုိင္ (ေမယုေတာင္တန္း၊ရခုိင္႐ိုးမ)၊ ကယားႏွင့္ ကရင္ျပည္နယ္ ဆက္စပ္ေဒသ၊ ကရင္ (သံလြင္အေရွ႕ျခမ္း)၊မြန္၊ ပဲခူး႐ိုးမ(အလယ္ပိုင္း၊ ေအာက္ပိုင္း)၊ တနသၤာရီတုိုင္းႏွင့္ ရန္ကုန္တုိင္းေဒသႀကီး (တိုက္ႀကီး၊ ေမွာ္ဘီ၊ လွည္းကူး)တို႔တြင္ ေတြ႕ရွိႏုိင္သည္။

ေတာဆင္႐ိုင္းေကာင္ေရမွာ ၂၀၀၁-၂၀၀၃ အတြင္း ေကာက္ယူမႈမ်ားအရ ၅,၀၀၀ ခန္႔ရွိမည္ဟု ခန္႔မွန္းေသာ္လည္း သစ္ေတာႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာမ်ားႏွင့္ သဘာဝနယ္ေျမအတြင္း ေတာဆင္႐ိုင္း ေကာင္ေရ ၃,၀၀၀ ခန္႔သာ က်န္ရွိမည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
တောဆင်ရိုင်းသတ်ဖြတ်သူတစ်ဦးကို ဖမ်းမိလာစဉ်(ဓာတ်ပုံ−ဂွမြို့နယ်ရဲတပ်ဖွဲ့)

ရခိုင်ပြည်နယ် ဂွမြို့နယ် တွင် တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခဲ့သည့်အဖွဲ့ကို တောရိုင်းတိရစ္ဆာန်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ-ငါးသိုင်းချောင်းကားလမ်း (၁၁ မိုင်)အနီးတွင် တောဆင်ရိုင်းတစ် ကောင် သေဆုံးနေသည့်အတွက် ရခိုင်ရိုးမ ဆင်ဘေးမဲ့တောအုပ် ချုပ်ရေးမှူးက အမှုဖွင့်တိုင်ကြား၍ စုံစမ်းစစ်ဆေးရာ ဆင်သတ်သူများဖြစ်သည့် ဂွမြို့နယ် ပေါက် တူးကျေးရွာအုပ်စု ဥမင်ဝကျေးရွာ မှ မြင့်နိုင် (ခ) ငနိုင်နှင့် ဓနိကျေး ရွာအုပ်စု ကုလားချောင်းကျေးရွာ မှ လှကြိုင်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကျန်ကျူးလွန်သူတစ်ဦးဖြစ်သည့် သန်းမြင့်ဆိုသူမှာ ထွက်ပြေးတိမ်း ရှောင်နေကြောင်း ဂွမြို့နယ်ရဲစခန်းမှ သိရသည်။

  အဆိုပါဆင်သတ်အဖွဲ့သည် ဂွမြို့နယ် ပေါက်တူးကျေးရွာအုပ်စု သက္ကတံ-လိပ်ပုတ်ချောင်းအတွင်း တောဆင်ရိုင်းတစ်ကောင်ကို သတ်ဖြတ်ထားပြီး သတ်ဖြတ်ခံထားရသော တောဆင်ရိုင်းအရိုးစုကို တွေ့ရှိခဲ့သဖြင့်ယင်းအဖွဲ့ကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇ (က)၊ လက်နက်ပုဒ်မ ၁၉(စ) တို့ဖြင့် အမှုဖွင့်ထားသည်။


 ဂွမြို့နယ်သည် တောဆင် ရိုင်းများ နေထိုင်ကျက်စားမှုများ သည့် ဒေသတွင် ပါဝင်သော် လည်း ဆင်စွယ်နှင့် အစိတ်အပိုင်း များ ရယူလိုမှုကြောင့် ဆင်များ မကြာခဏ သတ်ဖြတ်ခံနေရ ကြောင်း သားရဲတိရစ္ဆာန်ထိန်း သိမ်းရေး လုပ်ဆောင်နေသူများ က ပြောသည်။

ထိုသို့သတ်ဖြတ်ခံနေရခြင်း ကြောင့် တောဆင်ရိုင်းကောင်ရေ လျော့နည်းလာသည့်အတွက် တောဆင်ရိုင်းထိန်းသိမ်းရေးစီမံ ချက် ရေးဆွဲလျက်ရှိကြောင်း သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် တောဆင် ရိုင်းများ ပျံ့နှံ့ကျက်စားမှုအနေဖြင့် ကချင်ပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ ရှမ်းရိုးမမြောက်ပိုင်း နှင့် တောင်ပိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင် (မေယုတောင်တန်း၊ရခိုင်ရိုးမ)၊ ကယားနှင့် ကရင်ပြည်နယ် ဆက်စပ်ဒေသ၊ ကရင် (သံလွင်အရှေ့ခြမ်း)၊မွန်၊ ပဲခူးရိုးမ(အလယ်ပိုင်း၊ အောက်ပိုင်း)၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး (တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး)တို့တွင် တွေ့ရှိနိုင်သည်။

တောဆင်ရိုင်းကောင်ရေမှာ ၂၀၀၁-၂၀၀၃ အတွင်း ကောက်ယူမှုများအရ ၅,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းသော်လည်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝနယ်မြေအတွင်း တောဆင်ရိုင်း ကောင်ရေ ၃,၀၀၀ ခန့်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top