Property Expo
×

ရည္မွန္းခ်က္ႀကီးႀကီးထားျပီး  အလုပ္ႀကိဳးစားသူေတြအတြက္ အခ်စ္ေရးမွာ လစ္ဟင္းမႈေတြ ရွိႏိုင္ပါတယ္။ ဒီေတာ့ ႏွစ္ဖက္စလံုးကို ညီညီမ်ွမွ်ေလး သြားႏိုင္ဖုိ႕ဆုိရင္ ခုေျပာျပေပးမယ့္ အခ်က္ေလးေတြကို သိထားဖုိ႕ေတာ့ လိုပါလိမ့္မယ္။

၁။ ကုိယ့္ခ်စ္သူကို ကိုယ့္ဘက္ရေအာင္၊ ကိုယ့္အေပၚနားလည္ေအာင္ ဆြဲေခၚထားဖို႕ လိုပါတယ္။

ခ်စ္သူက ဘယ္ေလာက္နားလည္မႈရွိရွိ ကိုယ့္ကိုအခ်ိန္မေပးပဲ အလုပ္ခ်ည္း ဖိလုပ္ေနတဲ့သူကို ၾကာရွည္ စိတ္ရွည္သည္းခံႏိုင္လိမ့္မယ္ မထင္ပါဘူး။ ဒီေတာ့ သင့္အေနနဲ႕ ပထမဆံုး ခ်စ္သူနဲ႕အတူ သင့္ရဲ႕အနာဂတ္ရည္မွန္းခ်က္ေတြကို ေဆြးေႏြးပါ။ သင္ ဒါေတြဖန္တီးဖုိ႕ ဘယ္ေလာက္ စိတ္လႈပ္ရွားေပ်ာ္ရႊင္တယ္ဆုိတာေလးပါ ထည့္ေျပာပါ။ ဒီလိုျဖစ္လာရင္ တစ္ဖက္မွာ သင္နဲ႕သင့္ခ်စ္သူလည္း ဘယ္လိုအေနအထားေရာက္ လာမယ္ဆုိတာကိုလည္း မျဖစ္မေန သံုးသပ္ျပဖုိ႕ လုိပါတယ္။ ဒီေတာ့ သင့္ခ်စ္သူရဲ႕ အားေပးမႈ၊ ေဖးမကူညီမႈေတြ လုိအပ္တယ္ဆုိတာကိုပါ ေျပာလိုက္ပါ။

၂။အခ်ိန္ဇယားကုိ ေသခ်ာေလးဆြဲပါ။

ကိုယ့္ခ်စ္သူကို နားလည္ေအာင္ ေျပာျပီးျပီမုိ႕ ငါလုပ္ခ်င္ရာလုပ္မယ္ဆုိျပီး အလုပ္ခ်ည္းျပန္ဖိလုပ္ေနတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႕။ ပထမဆံုးအခ်က္ျပီးရင္ ဒုတိယအခ်က္က အလုပ္ကိုလည္း ေသခ်ာလုပ္ႏိုင္ေအာင္ ခ်စ္သူကိုလည္း အခ်ိန္ေပးျပီး ႏွစ္ဦးသားေရွ႔ဆက္ေလ်ွာက္လွမ္းႏိုင္ေအာင္ အခ်ိန္ဇယားေလး ဆြဲဖုိ႕ လိုပါျပီ။ အနည္းဆံုး ကိုယ့္ခ်စ္သူနဲ႕ ေန႕တုိင္း မေတြ႕ႏုိင္ရင္ေတာင္ တစ္ပတ္ကို သံုးရက္အနည္းဆံုး ေတြ႔ေပးဖုိ႕ လိုပါတယ္။ ဒီ့ထက္နည္းျပီး ေတြ႔မယ္ဆုိရင္ တစ္ေယာက္နဲ႕တစ္ေယာက္ သီးျခားဆန္စြာ ျပဳမူေနထုိင္တတ္သြားပါလိမ့္မယ္။

၃။ကိုယ့္ခ်စ္သူမွာလည္း ကိုယ့္လို အလုပ္တစ္ခု လုပ္ေနပါေစ။

ခုလို ေျပာလို႕ ကိုယ့္ခ်စ္သူကို အတင္းခုိင္းစားေနတာလုိ႕ မျမင္ေစခ်င္ပါဘူး။ ကိုယ့္ဘက္က အလုပ္မအားတဲ့အခါ သူက တစ္ေယာက္တည္း လုပ္စရာမရွိ အထီးက်န္ေနမယ့္အစား သူ႔ကိုပါ ကူလုပ္လုိ႕ရတာေလးေတြ ကူလုပ္ေပးဖုိ႕ ေမးပါ။ ဒါမွမဟုတ္ သူ႕ကိုပါ အလုပ္တစ္ခုခု ေသခ်ာရွိေအာင္ တြန္းအားေပးလိုက္ပါ။ ရွိျပီးသားဆုိရင္လညး္ ကိုယ္နဲ႕ဆက္စပ္ေနတဲ့ လုပ္ငန္းတစ္ခုခုမွာ သူ႔ကို အတူလုပ္ေဆာင္ဖုိ႕ တုိက္တြန္းပါ။ သူ႕အၾကံ ကိုယ့္အၾကံ ေတြနဲ႕ လုပ္ငန္းေဆာင္တာေတြကို ခြဲေ၀လုပ္ေဆာင္ၾကပါ။ ဒီအခ်က္ဟာ ေရရွည္သြားမယ့္စံုတြဲေတြအတြက္ အက်ိဳးသက္ေရာက္မႈႀကီးမားပါတယ္။

၄။စိတ္ဖိစီးမႈေတြကို ဘယ္လိုေလ်ွာ့ခ်ႏို္င္မလဲဆိုတာ ေလ့လာပါ။

ေပ်ာ္ရႊင္တဲ့ အခ်စ္ေရးဆုိတာ ႏွစ္ဦးအတူ အခ်ိန္ေတြကို ကုန္ဆံုးရင္း ျဖတ္သန္းၾကရတာမ်ိဳးပါ။ သင္က အလုပ္ေတြနဲ႕ မအားမလုပ္ျဖစ္ေနတဲ့အခါ သင့္ခ်စ္သူနဲ႕ေတြ႔ျပီးရင္ေတာင္ အလုပ္ေတြအိမ္မွာ ဆက္တုိက္လုပ္ေနရတာမ်ိဳးေတြ ရွိေနႏိုင္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာ စိတ္ဖိစီးမႈေတြ ရွိေနမယ္ဆုိတာ အထူးေတြးေနစရာေတာင္ မလိုပါဘူး။ ဒီေတာ့ ဒါေတြကို ေလ်ွာ့ခ်ႏိုင္ဖုိ႕ သင္ဘာလုပ္ႏိုင္မလဲေတြးပါ။ ကိုယ့္ခ်စ္သူကို ဖြင့္ဟတုိင္ပင္သင့္တာေတြ တုိင္ပင္ပါ။ တစ္ခုခုကို တစ္ေယာက္တည္း ႀကိတ္လုပ္၊ ႀကိတ္ခံစားေနတာမ်ိဳးေတြ မျဖစ္ပါေစနဲ႕။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Verion

ရည်မှန်းချက်ကြီးကြီးထားပြီး  အလုပ်ကြိုးစားသူတွေအတွက် အချစ်ရေးမှာ လစ်ဟင်းမှုတွေ ရှိနိုင်ပါတယ်။ ဒီတော့ နှစ်ဖက်စလုံးကို ညီညီမျှမျှလေး သွားနိုင်ဖို့ဆိုရင် ခုပြောပြပေးမယ့် အချက်လေးတွေကို သိထားဖို့တော့ လိုပါလိမ့်မယ်။

၁။ ကိုယ့်ချစ်သူကို ကိုယ့်ဘက်ရအောင်၊ ကိုယ့်အပေါ်နားလည်အောင် ဆွဲခေါ်ထားဖို့ လိုပါတယ်။

ချစ်သူက ဘယ်လောက်နားလည်မှုရှိရှိ ကိုယ့်ကိုအချိန်မပေးပဲ အလုပ်ချည်း ဖိလုပ်နေတဲ့သူကို ကြာရှည် စိတ်ရှည်သည်းခံနိုင်လိမ့်မယ် မထင်ပါဘူး။ ဒီတော့ သင့်အနေနဲ့ ပထမဆုံး ချစ်သူနဲ့အတူ သင့်ရဲ့အနာဂတ်ရည်မှန်းချက်တွေကို ဆွေးနွေးပါ။ သင် ဒါတွေဖန်တီးဖို့ ဘယ်လောက် စိတ်လှုပ်ရှားပျော်ရွှင်တယ်ဆိုတာလေးပါ ထည့်ပြောပါ။ ဒီလိုဖြစ်လာရင် တစ်ဖက်မှာ သင်နဲ့သင့်ချစ်သူလည်း ဘယ်လိုအနေအထားရောက် လာမယ်ဆိုတာကိုလည်း မဖြစ်မနေ သုံးသပ်ပြဖို့ လိုပါတယ်။ ဒီတော့ သင့်ချစ်သူရဲ့ အားပေးမှု၊ ဖေးမကူညီမှုတွေ လိုအပ်တယ်ဆိုတာကိုပါ ပြောလိုက်ပါ။

၂။အချိန်ဇယားကို သေချာလေးဆွဲပါ။

ကိုယ့်ချစ်သူကို နားလည်အောင် ပြောပြီးပြီမို့ ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး အလုပ်ချည်းပြန်ဖိလုပ်နေတာမျိုးတော့ မဖြစ်ပါစေနဲ့။ ပထမဆုံးအချက်ပြီးရင် ဒုတိယအချက်က အလုပ်ကိုလည်း သေချာလုပ်နိုင်အောင် ချစ်သူကိုလည်း အချိန်ပေးပြီး နှစ်ဦးသားရှေ့ဆက်လျှောက်လှမ်းနိုင်အောင် အချိန်ဇယားလေး ဆွဲဖို့ လိုပါပြီ။ အနည်းဆုံး ကိုယ့်ချစ်သူနဲ့ နေ့တိုင်း မတွေ့နိုင်ရင်တောင် တစ်ပတ်ကို သုံးရက်အနည်းဆုံး တွေ့ပေးဖို့ လိုပါတယ်။ ဒီ့ထက်နည်းပြီး တွေ့မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သီးခြားဆန်စွာ ပြုမူနေထိုင်တတ်သွားပါလိမ့်မယ်။

၃။ကိုယ့်ချစ်သူမှာလည်း ကိုယ့်လို အလုပ်တစ်ခု လုပ်နေပါစေ။

ခုလို ပြောလို့ ကိုယ့်ချစ်သူကို အတင်းခိုင်းစားနေတာလို့ မမြင်စေချင်ပါဘူး။ ကိုယ့်ဘက်က အလုပ်မအားတဲ့အခါ သူက တစ်ယောက်တည်း လုပ်စရာမရှိ အထီးကျန်နေမယ့်အစား သူ့ကိုပါ ကူလုပ်လို့ရတာလေးတွေ ကူလုပ်ပေးဖို့ မေးပါ။ ဒါမှမဟုတ် သူ့ကိုပါ အလုပ်တစ်ခုခု သေချာရှိအောင် တွန်းအားပေးလိုက်ပါ။ ရှိပြီးသားဆိုရင်လည်း ကိုယ်နဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတစ်ခုခုမှာ သူ့ကို အတူလုပ်ဆောင်ဖို့ တိုက်တွန်းပါ။ သူ့အကြံ ကိုယ့်အကြံ တွေနဲ့ လုပ်ငန်းဆောင်တာတွေကို ခွဲဝေလုပ်ဆောင်ကြပါ။ ဒီအချက်ဟာ ရေရှည်သွားမယ့်စုံတွဲတွေအတွက် အကျိုးသက်ရောက်မှုကြီးမားပါတယ်။

၄။စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ လေ့လာပါ။

ပျော်ရွှင်တဲ့ အချစ်ရေးဆိုတာ နှစ်ဦးအတူ အချိန်တွေကို ကုန်ဆုံးရင်း ဖြတ်သန်းကြရတာမျိုးပါ။ သင်က အလုပ်တွေနဲ့ မအားမလုပ်ဖြစ်နေတဲ့အခါ သင့်ချစ်သူနဲ့တွေ့ပြီးရင်တောင် အလုပ်တွေအိမ်မှာ ဆက်တိုက်လုပ်နေရတာမျိုးတွေ ရှိနေနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ စိတ်ဖိစီးမှုတွေ ရှိနေမယ်ဆိုတာ အထူးတွေးနေစရာတောင် မလိုပါဘူး။ ဒီတော့ ဒါတွေကို လျှော့ချနိုင်ဖို့ သင်ဘာလုပ်နိုင်မလဲတွေးပါ။ ကိုယ့်ချစ်သူကို ဖွင့်ဟတိုင်ပင်သင့်တာတွေ တိုင်ပင်ပါ။ တစ်ခုခုကို တစ်ယောက်တည်း ကြိတ်လုပ်၊ ကြိတ်ခံစားနေတာမျိုးတွေ မဖြစ်ပါစေနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top