Kantharyar Centre
×




Credit : Duwun


#Unicode Version

မန်စီးတီးအသင်း ကပ္ပတိန် ယာယာတိုရေးက နိုင်ငံလက်ရွေးစင်ဘောလုံးသမားဘဝကနေ အနားတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံသား တိုရေးဟာ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်တိုင်ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။
ယာယာတိုရေးဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ကာ အိုင်ဗရီကို့စ်အသင်းအတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သုံးကြိမ်အပါဝင် ပွဲပေါင်း ၁၁၃ ပွဲ ကစားပေးခဲ့ပါတယ်။ သူ့အနေနဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကို ကျောခိုင်းဖို့ ဆုံးဖြတ်ချက်ရတာ ခက်ခဲခဲ့တယ်လို့ တိုရေးက ပြောပါတယ်။

တိုရေးဟာ နိုင်ငံ့လက်ရွေးစင်အဖြစ် ၂၀၀၄ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ၁၄ နှစ်အကြာမှာ  အနားယူလိုက်တာလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top