Kantharyar Centre
×

ဆမ္ေဆာင္းကုမၸဏီထုတ္ အဝတ္ေလွ်ာ္စက္အခ်ိဳ႕ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တဲ့အတြက္ သံုးစြဲသူေတြနဲ႔ ေဆြးေႏြးညႇိႏိႈင္းေနေၾကာင္း ကုမၸဏီဘက္က ေျပာၾကားလိုက္ပါတယ္။

အဝတ္ေလွ်ာ္စက္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တဲ့အတြက္ ေတာင္ကုိရီးယားအေျခစိုက္ ကုမၸဏီထုတ္ကုန္ကို အေမရိက တရား႐ံုးမွာ ကန္႔ကြက္မႈ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။ စားသံုးသူလံုၿခံဳစိတ္ခ်ရေရးေကာ္မရွင္ကလည္း ဆမ္ေဆာင္အဝတ္ေလွ်ာ္စက္အခ်ိဳ႕ ေပါက္ကြဲခဲ့တဲ့အတြက္ အေစာပိုင္းမွာ သတိေပးမႈ ျပဳလုပ္ခဲ့ပါေသးတယ္။ ဆမ္ေဆာင္းကုမၸဏီထုတ္ Note 7 ဖုန္းအခ်ိဳ႕ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အဝတ္ေလွ်ာ္စက္ ျပႆနာကိုပါ ကုမၸဏီဘက္က ရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္ မတ္လကေန ၂၀၁၆ ဧၿပီလအတြင္း ထုတ္လုပ္ခဲ့တဲ့ အဝတ္ေလွ်ာ္စက္အခ်ိဳ႕မွာ အဲဒီျပႆနာ ရင္ဆုိင္ေနရတာျဖစ္ေၾကာင္း စားသံုးသူလံုၿခံဳစိတ္ခ်ရေရးေကာ္မရွင္နဲ႔ ကုမၸဏီ ႏွစ္ခုလံုးက အတည္ျပဳ ေျပာၾကားထားပါတယ္။ ဆမ္ေဆာင္းကုမၸဏီဘက္ကေတာ့ ဘယ္လိုအဝတ္ေလွ်ာ္စက္ အမ်ိဳးအစားက ဒီလိုေပါက္ကြဲမႈေတြ ျဖစ္တတ္ေၾကာင္း မေျပာထားေပမယ့္ စက္ရဲ႕ Serial နံပတ္ ေတြကိုစစ္ေဆးကာ ကုမၸဏီနဲ႔ ဆက္သြယ္ဖို႔ အႀကံေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆမ်ဆောင်းကုမ္ပဏီထုတ် အဝတ်လျှော်စက်အချို့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် သုံးစွဲသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေကြောင်း ကုမ္ပဏီဘက်က ပြောကြားလိုက်ပါတယ်။

အဝတ်လျှော်စက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီထုတ်ကုန်ကို အမေရိက တရားရုံးမှာ ကန့်ကွက်မှု ပြုလုပ်ထားကြောင်း သိရပါတယ်။ စားသုံးသူလုံခြုံစိတ်ချရရေးကော်မရှင်ကလည်း ဆမ်ဆောင်အဝတ်လျှော်စက်အချို့ ပေါက်ကွဲခဲ့တဲ့အတွက် အစောပိုင်းမှာ သတိပေးမှု ပြုလုပ်ခဲ့ပါသေးတယ်။ ဆမ်ဆောင်းကုမ္ပဏီထုတ် Note 7 ဖုန်းအချို့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဝတ်လျှော်စက် ပြဿနာကိုပါ ကုမ္ပဏီဘက်က ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လကနေ ၂၀၁၆ ဧပြီလအတွင်း ထုတ်လုပ်ခဲ့တဲ့ အဝတ်လျှော်စက်အချို့မှာ အဲဒီပြဿနာ ရင်ဆိုင်နေရတာဖြစ်ကြောင်း စားသုံးသူလုံခြုံစိတ်ချရရေးကော်မရှင်နဲ့ ကုမ္ပဏီ နှစ်ခုလုံးက အတည်ပြု ပြောကြားထားပါတယ်။ ဆမ်ဆောင်းကုမ္ပဏီဘက်ကတော့ ဘယ်လိုအဝတ်လျှော်စက် အမျိုးအစားက ဒီလိုပေါက်ကွဲမှုတွေ ဖြစ်တတ်ကြောင်း မပြောထားပေမယ့် စက်ရဲ့ Serial နံပတ် တွေကိုစစ်ဆေးကာ ကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ အကြံပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top