Kantharyar Centre
×

ဆရာ၀န္ ၆၉ ရာခုိင္ႏႈန္းဟာ သူတုိ႔ လက္တြဲေဖာ္ကို က်န္းမာေရးနယ္ပယ္ကပဲ ျဖစ္ေစခ်င္ၾကတယ္လုိ႔ app အေျချပဳက်န္းမာေရး စစ္တမ္းတစ္ခုရဲ႕ ရလဒ္ေတြက ေဖာ္ျပပါတယ္။ အဲဒီစစ္တမ္းအတြက္ ဆရာဝန္ေတြအခ်င္းခ်င္း ဆက္သြယ္ေပးဖုိ႔၊ ရႈပ္ေထြးတဲ့ ကိစၥရပ္ေတြ ေဆြးေႏြးတိုင္ပင္ဖို႔နဲ႔ ထင္ျမင္ခ်က္ေတာင္းခံတဲ့ ကြန္ယက္ app တစ္ခုျဖစ္တဲ့ Curofy က ဆရာဝန္ ၁,၂၇၃ ခ်ဥ္းကပ္ျပီးေနာက္ အမ်ားစုက သူတုိ႔လက္တြဲေဖာ္ဟာ လုပ္ငန္းတူနယ္ပယ္ကပဲ ပိုသေဘာက်ေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ဆရာဝန္ဘဝဟာ အင္မတန္အလုပ္မ်ားျပီး မိမိအသည္းတစ္ျခမ္းက က်န္းမာေရးနယ္ပယ္ကပဲျဖစ္ပါက ႏွစ္ကုိယ္ၾကား နားလည္မႈ ပိုမ်ားပါတယ္။ ဒါေပမယ့္ ဆရာဝန္ ၃၀ ရာခုိင္ႏႈန္းကေတာ့ ဗ်ာမ်ားလြန္းတဲ့ ဒီအလုပ္ဟာ မိသားစုအခက္အခဲဖိစီးမႈဒဏ္ ႏုိင္ႏုိင္နင္းနင္းေျဖရွင္းဖို႔ ခက္ခဲေစတယ္လုိ႔ဆုိကာ မိမိလက္တြဲေဖာ္အျဖစ္ ဆရာဝန္ကို ျငင္းပယ္ခဲ့ပါတယ္။

ေဆးပညာေနာက္ခံမရိွတဲ့ လက္တြဲေဖာ္ရိွတာနဲ႔ ပတ္သက္လုိ႔ အေကာင္းဆုံးအခ်က္က ေဆးပညာအျပင္ တျခားတစ္စုံတစ္ခု ေဆြးေႏြးစရာရတယ္။ ဒါက အဆင္ေျပေစတယ္လုိ႔ က်န္းမာေရးေစာင့္ေရွာက္မႈဆုိင္ရာ အၾကီးတန္း အတုိင္ပင္ခံဆရာဝန္ၾကီး Gagan Sabharwal ဆုိသူက မွတ္ခ်က္ျပဳပါတယ္။

စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ျပီး ေခ်ာေမြ႔တဲ့ အိမ္ေထာင္သည္ဘဝအတြက္ ေဆးပညာေနာက္ေၾကာင္းေနာက္ခံရိွတဲ့ ဘဝလက္တြဲေဖာ္ရိွရန္ ဆရာဝန္ေတြရဲ႕ စိတ္အားထက္သန္မႈကို ဒီစစ္တမ္းမွ အတိအလင္း ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ဆရာဝန် ၆၉ ရာခိုင်နှုန်းဟာ သူတို့ လက်တွဲဖော်ကို ကျန်းမာရေးနယ်ပယ်ကပဲ ဖြစ်စေချင်ကြတယ်လို့ app အခြေပြုကျန်းမာရေး စစ်တမ်းတစ်ခုရဲ့ ရလဒ်တွေက ဖော်ပြပါတယ်။ အဲဒီစစ်တမ်းအတွက် ဆရာဝန်တွေအချင်းချင်း ဆက်သွယ်ပေးဖို့၊ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ဆွေးနွေးတိုင်ပင်ဖို့နဲ့ ထင်မြင်ချက်တောင်းခံတဲ့ ကွန်ယက် app တစ်ခုဖြစ်တဲ့ Curofy က ဆရာဝန် ၁,၂၇၃ ချဉ်းကပ်ပြီးနောက် အများစုက သူတို့လက်တွဲဖော်ဟာ လုပ်ငန်းတူနယ်ပယ်ကပဲ ပိုသဘောကျကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဆရာဝန်ဘဝဟာ အင်မတန်အလုပ်များပြီး မိမိအသည်းတစ်ခြမ်းက ကျန်းမာရေးနယ်ပယ်ကပဲဖြစ်ပါက နှစ်ကိုယ်ကြား နားလည်မှု ပိုများပါတယ်။ ဒါပေမယ့် ဆရာဝန် ၃၀ ရာခိုင်နှုန်းကတော့ ဗျာများလွန်းတဲ့ ဒီအလုပ်ဟာ မိသားစုအခက်အခဲဖိစီးမှုဒဏ် နိုင်နိုင်နင်းနင်းဖြေရှင်းဖို့ ခက်ခဲစေတယ်လို့ဆိုကာ မိမိလက်တွဲဖော်အဖြစ် ဆရာဝန်ကို ငြင်းပယ်ခဲ့ပါတယ်။

ဆေးပညာနောက်ခံမရှိတဲ့ လက်တွဲဖော်ရှိတာနဲ့ ပတ်သက်လို့ အကောင်းဆုံးအချက်က ဆေးပညာအပြင် တခြားတစ်စုံတစ်ခု ဆွေးနွေးစရာရတယ်။ ဒါက အဆင်ပြေစေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကြီးတန်း အတိုင်ပင်ခံဆရာဝန်ကြီး Gagan Sabharwal ဆိုသူက မှတ်ချက်ပြုပါတယ်။

စိတ်ချမ်းသာ ပျော်ရွှင်ပြီး ချောမွေ့တဲ့ အိမ်ထောင်သည်ဘဝအတွက် ဆေးပညာနောက်ကြောင်းနောက်ခံရှိတဲ့ ဘဝလက်တွဲဖော်ရှိရန် ဆရာဝန်တွေရဲ့ စိတ်အားထက်သန်မှုကို ဒီစစ်တမ်းမှ အတိအလင်း ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top