Property Expo
×

တြစ္တာလူမႈကြန္ရက္ေပၚမွာ စာေရးသားၿပီး tweet ျပဳလုပ္တုိင္း စာလံုးအေရအတြက္ ၁၄၀ ထက္ ေက်ာ္လြန္ခြင့္မ႐ွိခဲ့တဲ့ ကန္႔သတ္မႈကို ထပ္မံေျဖေလ်ာ့လိုက္ပါတယ္။ ကန္႔သတ္မႈဖယ္႐ွားလိုက္ေၾကာင္းကိုေတာ့ တြစ္တာက စက္တင္ဘာ ၁၉ ရက္မွာ တရားဝင္ေၾကညာလိုက္တာပါ။

ဓာတ္ပံု၊ ဗီဒီယို၊ GIF ၊ ဆႏၵမဲေကာက္ျခင္းနဲ႔ ဆို႐ိုးစကားေတြကို tweet လုပ္ရာမွာ စာလံုးေရကန္႔သတ္ခ်က္ ၁၄၀ အတြင္း ထည့္သြင္းေပးမွာမဟုတ္္ဘူးလို႔ ေဖာ္ျပထားပါတယ္။ Plain text အလြတ္ေတြနဲ႔ emoji ေတြကိုလည္း စာလံုးေရ ၁၄၀ ထဲမွာ ထည့္သြင္းတြက္ခ်က္ေတာ့မွာမဟုတ္ပါဘူး။ ဒါေပမဲ့ link ေတြအပါအဝင္ စာလံုးအေရအတြက္ကေတာ့ ၁၄၀ ကန္႔သတ္ထားဦးမွာပဲျဖစ္ပါတယ္။

Tweet ေတြ ေရးသားရာမွာ စာလံုးအေရအတြက္ ၁၄၀ ကန္႔သတ္ခ်က္ကို အၿပီးတိုင္ပယ္ဖ်က္ေပးဖုိ႔ ယခင္ႏွစ္ေတြကတည္းက ေတာင္းဆုိေနသည့္တိုင္ တြစ္တာကုမၸဏီက တစ္ဆင့္ၿပီးတစ္ဆင့္ ေျဖေလ်ာ့မႈေတြသာ ျပဳလုပ္ေပးေနခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

တွစ်တာလူမှုကွန်ရက်ပေါ်မှာ စာရေးသားပြီး tweet ပြုလုပ်တိုင်း စာလုံးအရေအတွက် ၁၄၀ ထက် ကျော်လွန်ခွင့်မရှိခဲ့တဲ့ ကန့်သတ်မှုကို ထပ်မံဖြေလျော့လိုက်ပါတယ်။ ကန့်သတ်မှုဖယ်ရှားလိုက်ကြောင်းကိုတော့ တွစ်တာက စက်တင်ဘာ ၁၉ ရက်မှာ တရားဝင်ကြေညာလိုက်တာပါ။

ဓာတ်ပုံ၊ ဗီဒီယို၊ GIF ၊ ဆန္ဒမဲကောက်ခြင်းနဲ့ ဆိုရိုးစကားတွေကို tweet လုပ်ရာမှာ စာလုံးရေကန့်သတ်ချက် ၁၄၀ အတွင်း ထည့်သွင်းပေးမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ Plain text အလွတ်တွေနဲ့ emoji တွေကိုလည်း စာလုံးရေ ၁၄၀ ထဲမှာ ထည့်သွင်းတွက်ချက်တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ link တွေအပါအဝင် စာလုံးအရေအတွက်ကတော့ ၁၄၀ ကန့်သတ်ထားဦးမှာပဲဖြစ်ပါတယ်။

Tweet တွေ ရေးသားရာမှာ စာလုံးအရေအတွက် ၁၄၀ ကန့်သတ်ချက်ကို အပြီးတိုင်ပယ်ဖျက်ပေးဖို့ ယခင်နှစ်တွေကတည်းက တောင်းဆိုနေသည့်တိုင် တွစ်တာကုမ္ပဏီက တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့မှုတွေသာ ပြုလုပ်ပေးနေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top