Kantharyar Centre
×
၁ - အန္တရာယ်
၂ - အချိန်ပေး
၎ - အကြောင်းအရင်း
၅ - လက်ခံ
၆ - ဒါတွေ မလုပ်နဲ့
Credit : Duwun
#Unicode Version
၁ - အန္တရာယ်
အန္တရာယ်ရှိနေတယ်လို့ သင်ခံစားရရင်တော့ အဆိုပါ ဒေါသထွက်နေတဲ့လူရှိတဲ့ နေရာကနေ ခွာရမှာ ဖြစ်ပါတယ်။ ဒီလိုခွာတဲ့အခါမှာ လူအများမြင်တဲ့နေရာမျိုးကို ရှောင်သင့်ပါတယ်။ အလုပ်ထဲမှာဆိုရင် အထက်လူကြီးကို ပြောတာမျိုးလုပ်ပြီး အကူအညီ တောင်းလို့ရပါတယ်။
၂ - အချိန်ပေး
အခြေအနေက အန္တရယ်ရှိလောက်တဲ့ အနေအထားမဟုတ်ဘူးဆိုရင် တစ်ဖက်လူဒေါသပြေအောင် အချိန်ပေးရမှာဖြစ်ပါတယ်။  ကျွန်တော် ခဏအပြင်သွားဦးမယ်၊ နေ့လည်စာစားဦးမယ် စသဖြင့် အကြောင်းပြချက်ပေးပြီး ၁၅ မိနစ်လောက် တစ်ဖက်လူကို အချိန်ပေးလိုက်ပါ။ သင်ခံစားချက်ကိုလည်း ထိန်းပြီးသားဖြစ်ပါတယ်။ ခင်ဗျားဒေါသပြေအောင် ခဏသွားနားလိုက်ဦးဆိုတာမျိုးတော့ တစ်ဖက်လူကို မပြောပါနဲ့။
၃ - ခံစားချက်ကို စောင့်ကြည့်
အသက်ကို ဖြည်းဖြည်းရှုပါ။ ကိုယ့့်ဘက်ကဒေါသနဲ့ တုံ့ပြန်ရင် အခြေအနေက အဆိုးဆုံးကို ရောက်သွားပါလိမ့်မယ်။
၄ - အကြောင်းအရင်း
မလုံခြုံမှု၊ ရွေးချယ်စရာမရှိမှု၊ မလေးစားတဲ့အပြုအမူကို ရင်ဆိုင်ရမှုနဲ့ စတဲ့အခြေအနေတွေကြောင့် ဒေါသက မြင့်တက်လာတာဖြစ်ပါတယ်။ တစ်ဖက်လူဟာ အခြေအနေတစ်ခုကို ပုံမှန်တုံ့ပြန်နိုင်ဖို့ သင်ယူထားရတာမျိုး မရှိတဲ့အခါ ဒေါသနဲ့ တုံ့ပြန်ကြပါတယ်။
၅ - လက်ခံ
ဒေါသအတွက် သင့်မှာ တာဝန်မရှိဘူးဆိုတဲ့အချက်ကို သင်သိထားတဲ့အခါ သင့်ဘက်ကလည်း စိတ်ဆိုးခြင်းရှိမှာ မဟုတ်ပါဘူး။ မျှတတာပဲဖြစ်ဖြစ်၊ မမျှတတာပဲဖြစ်ဖြစ် သူ့ဘက်က ဒေါသထွက်နေတယ်ဆိုတာကိုလက်ခံပါ။
၆ - ဒါတွေ မလုပ်နဲ့
အော်ခြင်း၊ နာမည်ခေါ်ပြောခြင်း၊ ရန်လိုတဲ့ မေးခွန်းမေးခြင်းနဲ့ အလွန်အကျွံပြောတာတွေ မလုပ်ပါနဲ့။သူ့ဘက်က ထွက်ပေါက်မရှိအောင် ပိတ်ပြီး ပြောတာမျိုး မလုပ်ပါနဲ့။ဒီအတိုင်းပဲ ထိုင်နားထောင်ပေးလိုက်တာကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အဖြေရှိရင်တော့ သူပြောတာကို နားထောင်ပြီးမှ တင်ပြသင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top