Kantharyar Centre
×

Hospital Manager Sasho Stojcev ေဆး႐ုံမွ တာ၀န္ရွိသူေတြဟာ Jasminka Velkovska လုိ႔ အမည္ရတဲ့ အမ်ိဳးသမီးကုိ ခြဲစိတ္ကုသမႈ လုပ္ေပးခဲ့ပါတယ္။ အဲဒီမွာ အူမႀကီးနဲ႔ ေယာနိလမ္းေၾကာင္းကို မွားယြင္းခ်ိတ္ဆက္ကာ အဆုံးသတ္ေပးမိလုိ႔ အခုအခါမွာေတာ့ Jasminka ဟာ ေလလည္တဲ့အခါတုိင္း သူမရဲ႕ မ်ိဳးပြားအဂၤါကေန အသံထြက္ေနရွာပါတယ္။
Jasminka ဟာ အူမႀကီးကင္ဆာေရာဂါခံစားခဲ့ရၿပီး Hospital Manager Sasho Stojcev ေဆး႐ုံုကို တက္ေရာက္ခြဲစိတ္ ကုသမႈ ခံယူခဲ့ပါတယ္။ ဒီအတြက္ သူမမွာ အေၾကြးေတြပတ္လည္၀ုိင္းေနခဲ့ၿပီး ခြဲစိတ္မႈကလည္း ကေမာက္ကမ ျဖစ္ခဲ့ရတာမုိ႔ သူမအေနနဲ႔ ေလွ်ာ္ေၾကးေတာင္းခဲ့ေပမယ့္ ေဆး႐ုံတာ၀န္ရွိသူေတြက ျငင္းဆန္ခဲ့ပါတယ္။

ေဒသ႐ုပ္သံေတြနဲ႔ အင္တာဗ်ဴးမွာ မေပ်ာ္မရႊင္တဲ့ပုံစံ ျဖစ္ေနတဲ့ Jasminka က ” ေဒါက္တာေတြက ေမးတယ္ … ေလလည္ ရသလား … ဆုိေတာ့ … ကၽြန္မက ေလကေတာ့ လည္ရပါတယ္ … ဒါေပမယ့္ ေယာနိကေန ထြက္ေနခဲ့တယ္လုိ႔ ျပန္ေျဖလုိက္ပါတယ္ .. အဲဒီေတာ့ ဆရာ၀န္ေတြက … မၾကာခင္ ျပန္အဆင္ေျပမွာပါ … ဒါဟာ ခဏတာပါဘဲလုိ႔ ေျပာခဲ့
တယ္ … အခုေတာ့ တာ၀န္မယူဘူး ” လုိ႔ ဖြင့္ဟခဲ့ပါတယ္။

Hospital Manager Sasho Stojcev ေဆး႐ုံဟာ မက္ဆီဒုိးနီးယးႏုိင္ငံ ၿမိဳ႕ေတာ္ Skopje မွာ တည္ရွိတာျဖစ္ၿပီး၊ နာမည္
ႀကီး ေဆး႐ုံႀကီးတစ္ခု ျဖစ္ပါတယ္။ Jasminka ဟာ သူမအေနန႔ဲ႔ ဆုံး႐ႈံးခဲ့ရတဲ့ ေငြေၾကးနဲ႔ တင္ရွိေနတဲ့ အေၾကြးေတြ ကာမိ
ေစဖုိ႔အတြက္ ျပည္တြင္းတီဗြီတစ္ခုရဲ႕ အကူအညီနဲ႔ ေဆး႐ုံဆီကေန ေလွ်ာ္ေၾကးရဖုိ႔ ႀကိဳးစားေနပါတယ္။

ေဆး႐ုံမန္ေနဂ်ာ Sasho Stojcev က ” ေလွ်ာ္ေၾကးကို ေဆး႐ုံက တရား႐ုံးဆုံးျဖတ္ခ်က္ မပါဘဲ ေပးမွာမဟုတ္ပါဘူး … ဒါက ထိခို္က္ပ်က္စိီးမႈ အာမခံကုမၼဏီရဲ႕ အလုပ္ပါ … “လုိ႔ ျငင္းဆုိခဲ့ပါတယ္။ Jasminka ဟာ မေအာင္ျမင္ခဲ့တဲ့ ခြဲစိတ္မႈအတြက္ အျခားေဆး႐ုံတစ္ခုမွာ ေျပာင္းလဲခြဲစိတ္ဖုိ႔ စီစဥ္ေနပါတယ္။

တရား႐ုံးက ေဆး႐ုံအေနနဲ႔ နစ္နာသူ Jasminka ကုိ ေပါင္ 25700 ေပးဖုိ႔ ညႇိႏႈိင္းေပးခဲ့ပါတယ္။ သုိ႔ေသာ္ ေဆး႐ုံက ေပါင္ 10000 ကို မေပးဘဲ ခ်န္လွပ္ထားဆဲမုိ႔ အခုအခါမွာေတာ့ Jasminka ဟာ အမႈဖြင့္ဖုိ႔ စီစဥ္ေနၿပီလုိ႔ သိရပါတယ္။

source : mirror.co.uk


ဖိုးသူေတာ္ (www.phothutaw.com)
Credit:လငး္ေဇာ္ကို (Shwemom)

#Unicode Version
Hospital Manager Sasho Stojcev ဆေးရုံမှ တာဝန်ရှိသူတွေဟာ Jasminka Velkovska လို့ အမည်ရတဲ့ အမျိုးသမီးကို ခွဲစိတ်ကုသမှု လုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ အူမကြီးနဲ့ ယောနိလမ်းကြောင်းကို မှားယွင်းချိတ်ဆက်ကာ အဆုံးသတ်ပေးမိလို့ အခုအခါမှာတော့ Jasminka ဟာ လေလည်တဲ့အခါတိုင်း သူမရဲ့ မျိုးပွားအင်္ဂါကနေ အသံထွက်နေရှာပါတယ်။
Jasminka ဟာ အူမကြီးကင်ဆာရောဂါခံစားခဲ့ရပြီး Hospital Manager Sasho Stojcev ဆေးရုံကို တက်ရောက်ခွဲစိတ် ကုသမှု ခံယူခဲ့ပါတယ်။ ဒီအတွက် သူမမှာ အကြွေးတွေပတ်လည်ဝိုင်းနေခဲ့ပြီး ခွဲစိတ်မှုကလည်း ကမောက်ကမ ဖြစ်ခဲ့ရတာမို့ သူမအနေနဲ့ လျှော်ကြေးတောင်းခဲ့ပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ငြင်းဆန်ခဲ့ပါတယ်။

ဒေသရုပ်သံတွေနဲ့ အင်တာဗျူးမှာ မပျော်မရွှင်တဲ့ပုံစံ ဖြစ်နေတဲ့ Jasminka က ” ဒေါက်တာတွေက မေးတယ် … လေလည် ရသလား … ဆိုတော့ … ကျွန်မက လေကတော့ လည်ရပါတယ် … ဒါပေမယ့် ယောနိကနေ ထွက်နေခဲ့တယ်လို့ ပြန်ဖြေလိုက်ပါတယ် .. အဲဒီတော့ ဆရာဝန်တွေက … မကြာခင် ပြန်အဆင်ပြေမှာပါ … ဒါဟာ ခဏတာပါဘဲလို့ ပြောခဲ့
တယ် … အခုတော့ တာဝန်မယူဘူး ” လို့ ဖွင့်ဟခဲ့ပါတယ်။

Hospital Manager Sasho Stojcev ဆေးရုံဟာ မက်ဆီဒိုးနီးယးနိုင်ငံ မြို့တော် Skopje မှာ တည်ရှိတာဖြစ်ပြီး၊ နာမည်
ကြီး ဆေးရုံကြီးတစ်ခု ဖြစ်ပါတယ်။ Jasminka ဟာ သူမအနေနဲ့ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးနဲ့ တင်ရှိနေတဲ့ အကြွေးတွေ ကာမိ
စေဖို့အတွက် ပြည်တွင်းတီဗွီတစ်ခုရဲ့ အကူအညီနဲ့ ဆေးရုံဆီကနေ လျှော်ကြေးရဖို့ ကြိုးစားနေပါတယ်။

ဆေးရုံမန်နေဂျာ Sasho Stojcev က ” လျှော်ကြေးကို ဆေးရုံက တရားရုံးဆုံးဖြတ်ချက် မပါဘဲ ပေးမှာမဟုတ်ပါဘူး … ဒါက ထိခိုက်ပျက်စီးမှု အာမခံကုမ္မဏီရဲ့ အလုပ်ပါ … “လို့ ငြင်းဆိုခဲ့ပါတယ်။ Jasminka ဟာ မအောင်မြင်ခဲ့တဲ့ ခွဲစိတ်မှုအတွက် အခြားဆေးရုံတစ်ခုမှာ ပြောင်းလဲခွဲစိတ်ဖို့ စီစဉ်နေပါတယ်။

တရားရုံးက ဆေးရုံအနေနဲ့ နစ်နာသူ Jasminka ကို ပေါင် 25700 ပေးဖို့ ညှိနှိုင်းပေးခဲ့ပါတယ်။ သို့သော် ဆေးရုံက ပေါင် 10000 ကို မပေးဘဲ ချန်လှပ်ထားဆဲမို့ အခုအခါမှာတော့ Jasminka ဟာ အမှုဖွင့်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။


source : mirror.co.uk


ဖိုးသူတော် (www.phothutaw.com)
Credit:လင်းဇော်ကို (Shwemom)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top